ခရစ်ယာန် ဓမ္မသီချင်း | ဘုရားသခင်သည် ခေတ်ကာလ တိုင်း၌ အမှုသစ်ကိုပြုသည်

ကယ်တင်လွတ်မြောက်ခြင်းအမှု, ခရစ်ယာန် ဓမ္မသီချင်း, ဘုရားသခင်, ယေရှု, ယေဟောဝါ

ခရစ်ယာန် ဓမ္မသီချင်း | ဘုရားသခင်သည် ခေတ်ကာလ တိုင်း၌ အမှုသစ်ကိုပြုသည်


ဘုရားသခင်သည် သူ၏ ရှိရင်းစွဲနှင့်
တိကျသော စိတ်နေသဘောထားကိုပါ
ခေတ်ကာလအလိုက် လူတို့အား ဖွင့်ပြ
ခေတ်တစ်ခေတ်အတွင်း ပြုသောအမှုသည်
ဘုရား၏ ပင်ကိုယ် စိတ်နေသဘောထားကို
အကုန်အစင် ဖေါ်ပြနိုင်မည်မဟုတ်ပေ။
ဘုရား၏ အမှုတော်လုပ်ငန်းသည် အသစ်ဖြစ်ပြီး
ဘယ်အခါမှ မဟောင်းနွမ်းပါ။
သို့သော် သူ၌ရှိသောအရာနှင့်
သူ့သဘောသဘာဝသည်ဘယ်တော့မှ မပြောင်းလဲ
ဘုရားသခင်သည် သင် ထင်သလို မရိုးရှင်းပါ ဘူး
သူ၏ အမှုတော်သည် တစ်ခေတ်ပြီးတစ်ခေတ် ဆက်သွားနေသည်။
နာမတော်ကို ယေဟောဝါမှ ယေရှုအဖြစ်သို့ ပြောင်းခဲ့။
ခေတ်ကာလ တစ်လျှောက်လုံး သူ၏ အမှုတော်
ပြောင်းလဲခဲ့သည်ကို ကြည့်ပါ။

Read More »

Myanmar Worship 2020 (လူသားအတွက်ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့်လုပ်ဆောင်ခြင်းဖြစ်၏)

ဘုရားသခင်လုပ်ဆောင်သမျှတိုင်းသည်လက်တွေ့ကျပြီးသူလုပ်ဆောင်သည့်
မည်သည့်အရာမျှအနှစ်မမဲ့ပါ။
မိမိကိုယ်ကိုယ်သာမန်လူတစ်ဦးအဖြစ်နှိမ့်ချရင်း၊
လူသားတို့ကြားဘုရားသခင်ကြွလာသည်။
အမှုအနည်းကိုလုပ်ဆောင်ပြီးစကားအနည်းငယ်ပြောပြီးနောက်သူမစွန့်ခွာပါ၊
ထို့ထက်၊ လောက၏ဆင်းရဲဒုက္ခကိုတွေ့ကြုံဖို့လူသားများကြားသူအမှန်တကယ်ကြွလာသည်။
လူသားမျိုးနွယ်အတွက်ခရီးပန်းတိုင်တစ်ခုအတွက်ဖလှယ်ရာတွင်သူကိုယ်တိုင်၏
ဆင်းရဲဒုက္ခအတွေ့အကြုံနှင့်ဆိုင်သည့်အဖိုးအခကိုသူပေးလေသည်။
ဤသည်မှာလက်တွေ့ကျသောအမှုဖြစ်သည်မဟုတ်သလော။
မိဘများသည်၎င်းတို့သားသမီးများဖို့အလို့ငှာလေးနက်သောအဖိုးအခတစ်ခုကိုပေးနိုင်ကြပြီး၊
ဤအရာက၎င်းတို့၏စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းကိုကိုယ်စားပြုသည်။
ဟုတ်ပေ၏၊ ဤအရာလုပ်ဆောင်ခြင်းဖြင့်၊ လူ့ဇာတိခံဘုရားသည်
လူသားမျိုးနွယ်အဖို့စိတ်ရင်းအမှန်ဆုံးနှင့်သစ္စာအရှိဆုံးဖြစ်လေသည်။
ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊
သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။Read More »