Best Burmese Movie 2019 (ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်ဟာ ကျွန်ုပ်၏အရိပ်အာဝါသဖြစ်တယ်)

နိုင်ငံတော်ကာလမှာ ဘုရားသခင်၏အမူတော် ဘယ်လိုဆက်လက်လုပ်ဆောင်သနည်း သူ့လိုချင်တဲ့အကျိုးသက်ရောက်မူ အဘယ်နည်း?

“နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။”(နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်) မှ

တစ်ခါတုန်းက ညဉ့်နက်ချိန်ခါမှာ တရုတ်ကွန်မြူနစ်အစိုးရဟာ ဒေသတစ်ခုမှာရှိတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝင် ခရစ်ယာန်များစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စကြောင့် ပြည်တွင်းမငြိမ်သက်မှုကြီး ဖြစ်ပွားခဲ့တယ်။ အဲဒါကြောင့် ကိုယ်ပိုင်မူ၃ ခုသုံး အသင်းတော်ဝင်များကြား ညှိနှိုင်းဆွေးနွေးမှုများရှိလာတယ်။ လူအချို့က တရုတ်ကွန်မြူနစ်အစိုးရရဲ့ ရက်စက်တဲ့ နှိမ်နှင်းခြင်းနဲ့ နှိပ်စက်မှုတွေကို အရှေ့အရပ်က လျှပ်ပြက်ခြင်းက ခံစားခဲ့ရတယ်လို့ ယုံကြည်နေကြပါတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်ခြင်းဟာ အန္တရာယ်များပြီး ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်ကို ယုံကြည်ခြင်းက ဘေးအကင်းဆုံးဖြစ်တယ်။ အခက်အခဲမရှိ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ကြတယ်။ တခြားလူတွေက အရှေ့အရပ်မှလျှပ်ပြက်ခြင်းဟာ အမှန်ကန်ဆုံးလမ်းစဉ်လို့ ယုံကြည်ကြပေမယ့် ရင်ဆိုင်ရမယ့် ဖမ်းဆီးနှိပ်စက်ခြင်းက ပြင်းထန်လွန်းတယ်။

ယုံကြည်မယ်ဆိုရင်လည်း သိုသိုသိပ်သိပ်နဲ့ ယုံကြည်ရင် ကောင်းမယ်လို့ သူတို့တွေးခဲ့ကြတယ်၊ တရုတ်ကွန်မြူနစ်ပါတီ ပြိုလဲတာနဲ့ တပြိုင်နက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို သူတို့ ပွင့်ပွင့်လင်းလင်း ယုံကြည်လို့ရပြီ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို လူအများလေ့လာခဲ့ရာ အရှေ့အရပ်မှလျှပ်ပြက်ခြင်းအသင်းတော်ဝင်တွေဟာ နှုတ်ကပတ်တော်ကို ပျံ့နှံ့စေပြီး သေခြင်းရှင်ခြင်းဂရုမထားပဲ သခင့်ကိုသက်သေခံကြတဲ့အပြင် ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို ခံရသူများဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်မှာ ပုန်းခိုနေသူတွေဟာ သူရဲဘောကြောင်သူတွေဖြစ်ပြီး ဘဝတစ်လျှောက် ရည်မှန်းချက်မရှိဖြတ်သန်းရင်း ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သူတွေလို့ ယူဆကြတယ်။ ပြင်းပြင်းထန်ထန်ဆွေးနွေးပြီးတဲ့နောက် ဘယ်လိုလူက ဘုရားသခင်ရဲ့ ချီးမွမ်းမှုကို ခံရမလား၊ ကြောက်ရွံ့တတ်သူက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခွင့်ရနိုင်မလား ဆိုတာတွေကို လူတိုင်းသိကြမလား။

ကောင်းကင်နိုင်ငံတော်, ခရစ်ယာန်, ခရစ်ယာန် ဘာသာ, ယုံကြည်ခြင်း, အသင်းတော်

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Subtitle | ကောင်းကင်နိုင်ငံတော်သားများ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s