ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ခရစ်ယာန်, နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, အသင်းတော်

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်သည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်၏။ ဣသရေလလူမျိုးတို့၏ ဂျူးဘာသာတရားသည် ပညတ်တော်ကာလ၌ ယေဟောဝါဘုရားသခင်၏ အမှုမှ မွေးဖွားလာကြောင်းကို ဘာသာတရားသမိုင်းကို နားလည်သူများ သိကြ၏။ ခရစ်ယာန်ဘာသာ၊ ဘရင်ဂျီဘာသာနှင့် အရှေ့ပိုင်း ရှေးရိုးခရစ်ယာန် သက်ဝင်ယုံကြည်မှုတို့ အားလုံးသည် လူ့ဇာတိခံယူသော သခင်ယေရှုမှ ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ပြီးနောက် ပေါ်ထွက်လာသည့် အသင်းတော်များ ဖြစ်ကြ၏။ နောက်ဆုံးသောကာလ၌ စီရင်ခြင်းအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် ဇာတိပကတိအဖြစ်ခံယူစဉ်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကျေးဇူးတော်ကာလမှ ခရစ်ယာန်များသည် သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများကို ဖတ်ကြကာ နိုင်ငံတော်ကာလမှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန်များသည် ယခုအခါ နောက်ဆုံးသော ကာလတွင် ဘုရားသခင်ကိုယ်တိုင် ပြောခဲ့သော နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကိုဖတ်ကြ၏။ ခရစ်ယာန်ဘာသာသည် ကျေးဇူးတော်ကာလ သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို လိုက်နာ၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည့် တဖန် ပြန်ကြွလာသော သခင်ယေရှု၏ နောက်ဆုံးသောကာလ စီရင်ခြင်းအမှုကို လက်ခံ၏။ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ ခရစ်ယာန်ဘာသာသည် ပညတ်တော်ကာလနှင့် ကျေးဇူးတော်ကာလ ဘုရားသခင်၏အမှုကို လိုက်နာ၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အိမ်မှစ၍ ဘုရားသခင် ဆောင်ရွက်သော စီရင်ခြင်းအမှုကို လိုက်နာ၏။ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်သည် ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာတရားတို့အကြား ကွာခြားချက်နှင့် အလားတူ၏ – ကျေးဇူးတော်ကာလတွင် သခင်ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တော် ကာလ၏အမှုကို အခြေခံကာ လူသားတို့အား ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့၏။ သို့ရာတွင် ဂျူးဘာသာတရား၏ ယဇ်ပုရောဟိတ်များ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့က သခင်ယေရှုသည် လူ့ဇာတိကို ခံယူသော ယေဟောဝါဖြစ်ကြောင်း၊ ၎င်းတို့ စောင့်ဆိုင်း နေခဲ့သော မေရှိယဖြစ်ကြောင်းကို မသိခဲ့ကြပါ။ ၎င်းတို့သည် ယေဟောဝါဘုရား ထုတ်ဖော်ပြောခဲ့သော ဓမ္မဟောင်းကျမ်းမှ ဥပဒေများနှင့် ပညတ်များကို ခေါင်းမာစွာ စွဲကိုင်ထားခဲ့ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သော ကရုဏာရှင် သခင်ယေရှုကိုလည်း လက်ဝါးကပ်တိုင်တွင် သတ်ခဲ့ကာ ဘုရားသခင်ကို စိတ်ထိခိုက်စေခဲ့၏။ ထို့နောက် ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားများကို စွဲကိုင်ခဲ့သော ဂျူးဘာသာတရား တစ်ရပ်လုံးကို စွန့်ပစ်လိုက်ကာ သူ၏ကယ်တင်ခြင်းကို တစ်ပါး အမျိုးသားတို့ဘက် လှည့်၍ပေးခဲ့၏။ ထိုတစ်ပါးအမျိုးသားတို့သည် သခင်ယေရှုကို လက်ခံကာ နောက်သို့လိုက်ပြီးနောက် ခရစ်ယာန်ဘာသာဟုလည်းခေါ်သည့် ဓမ္မသစ်ကျမ်း အသင်းတော်များကို ဖွဲ့စည်းခဲ့ကြသည်။ ထိုအတောအတွင်း ဓမ္မဟောင်းကျမ်း၏ ပညတ်တော် ကာလ ယေဟောဝါဘုရား၏ အမှုကိုသာ စွဲကိုင်လျှက် သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို ငြင်းပယ်ခဲ့သော ယုဒလူတို့သည် ဂျူးဘာသာတရားကို ဖွဲ့စည်းခဲ့ကြ၏။ ဤသည်မှနေ၍ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်ကြသည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်ကြောင်း၊ ကောင်းကင်နှင့် မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် သခင်ဘုရားဖြစ်ကြောင်းကို တွေ့နိုင်သည်။ လူတို့ကိုင်စွဲထားသော ဘုရားသခင်၏နာမနှင့် အမှုတို့သာ ကွဲပြားခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် နိုင်ငံတော်ကာလတွင် ဘုရားသခင်၏ နာမအသစ်ကို စွဲကိုင်၍ နောက်ဆုံးသောကာလ ဘုရားသခင်ဆောင်ရွက်သော အမှုတို့ကို လက်ခံ၏။ ခရစ်ယာန် ဘာသာကမူ ကျေးဇူးတော်ကာလ ဘုရားသခင်၏နာမကို စွဲကိုင်၍ ယခင်ကာလများက ဘုရားသခင်၏ အမှုဟောင်းကို လက်ခံ၏။ ဤသည်မှာ ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်တို့အကြား အရေးကြီးဆုံး ကွာခြားချက်ဖြစ်၏။ သို့ရာတွင် ၎င်းတို့နှစ်မျိုးစလုံး ယုံကြည်သော ဘုရားသခင်မှာ အတူတူပင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်၏။ ဤသည်မှာ မည်သူမျှ ထင်ယောင်မှားစေရန် မပြုနိုင်သော၊ ငြင်းဆိုနိုင်ခြင်းမရှိသော အချက်ပင်ဖြစ်၏။Read More »