ဘုရားသခင်၏ စကားတော် | ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုခဲ့သမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

နောက်ဆုံးသောကာလ, အသက်

သင်တို့ကြား၌ ငါလုပ်ခဲ့သော အလုပ်ကို သင်တို့ရှိသမျှသည် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံကြရပြီ၊ ငါပြောခဲ့သော စကားများကို သင်တို့ကိုယ်တိုင် ကြားခဲ့ကြပြီ၊ သင်တို့အပေါ်ထားသော ငါ၏သဘောထားကို သင်တို့သိကြ၏။ ထို့ကြောင့် ငါသင်တို့အထဲ၌ အဘယ်ကြောင့် ဤအလုပ် လုပ်ဆောင်နေသည်ကို သင်တို့ သိသင့်ကြသည်။ သင်တို့အား အမှန်တရားကို ငါပြောမည် သင်တို့သည် နောက်ဆုံးသောကာလ၌ ငါ၏ သိမ်းပိုက်ခြင်းအလုပ်အတွက် တန်ဆာပလာများ ဖြစ်သည်မှတစ်ပါး မည်သည့်အရာမျှ မဟုတ်ပါ။ သင်တို့သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ် ငါ၏ အလုပ်တိုးချဲ့ခြင်းအတွက် တန်ဆာပလာများ ဖြစ်ကြသည်။ ငါ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအလယ်တွင်ငါ၏နာမအဖို့ ပိုမိုချဲ့ထွင်နိုင်ရန်အလို့ငှာ ငါသည် သင်တို့၏ မတရားသောအမှု၊ သင်တို့၏ ညစ်ညူးမှု၊ သင်တို့၏ ခုခံပြစ်မှားမှုနှင့် ပုန်ကန်မှုတို့မှတစ်ဆင့် စကားပြောသည်၊ ယင်းမှာ ဣသရေလလူမျိုးအပြင်ဘက် တိုင်းနိုင်ငံအားလုံးအလယ်တွင် ပျံ့နှံ့ဖို့ဖြစ်၏။ ထိုသို့ ဖြစ်ရသည်အကြောင်းမှာ ငါ၏လုပ်ဆောင်ချက်များနှင့် ငါ၏အသံတို့သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ တစ်လျှောက် ဖြန့်ဖြူးနိုင်မည်၊ သို့အားဖြင့် အဲဂုတ္တုနှင့် ဣသရေလမြေများပြင်ပတွင် ငါ၏ သန့်ရှင်းသော မြေများဖြစ်လာကြပြီး ဣသရေလမဟုတ်သော လူမျိုးအပေါင်းတို့သည် ငါ့အားဖြင့် သိမ်းပိုက်ခံရကာ ငါ့ကို ပျပ်ဝပ်ကိုးကွယ် နိုင်ကြလိမ့်မည်ဖြစ်သည်။ ငါ၏အလုပ်ကို တိုးချဲ့ခြင်းဟူသည်မှာ အမှန်တွင်တော့ ငါ၏ သိမ်းပိုက်ခြင်းအလုပ်ကို တိုးချဲ့ခြင်းဖြစ်ပြီး ငါ၏ သန့်ရှင်းသောမြေကို တိုးချဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ကမ္ဘာပေါ်တွင် ငါ၏ခြေကုပ်ကို တိုးချဲ့ခြင်းဖြစ်သည်။ သင်တို့မှာ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကြား ငါသိမ်းပိုက်သော သတ္တဝါများသာ ဖြစ်ကြသည်ကို သင်တို့ ရှင်းရှင်းလင်းလင်း သိသင့်သည်။Read More »