သန့်ရှင်းသောဝိညာဉ်တော်သည် အခြေခံသဘောတရားအရ အလုပ်လုပ်သည်

ဆုတောင်း, ယုံကြည်ခြင်း, ဝိညာဉ်တော်, သက်သေခံချက်, အသက်

ကင်ရှပ်တင်၊ ရှန်ဒေါင်စီရင်စု

အချိန်အတော်ကြာသည်အထိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကျွန်မဖတ်သည့်အချိန်တိုင်း၊ ကျွန်မသည် အလင်းကို မခံစားရပေ။ ကျွန်မမှာ ထိုအကြောင်းအရာအတွက် အလေးအနက်ပြန်လှန်သုံးသပ် ခဲ့ခြင်းမရှိ ့သော်လည်း ဘုရားသခင်အား ဆက်လက်၍သာ ဆုတောင်းနေခဲ့ပြီး၊ သူ့အား ကျွန်မကို ဉာဏ်အလင်းပေးဖို့ရန် တောင်းလျှောက်နေခဲ့သည်။ သို့သော်လည်း ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မဖတ်ရှုသော အချိန်တွင်၊ ကျွန်မထံ၌ ဉာဏ်အလင်း ရရှိခြင်း မရှိသေးပေ။ ထို့ကြောင့် ကျွန်မသည် “ဘုရားသခင်အတွက် လူသားတစ်ဦးစီတိုင်းအား ဉာဏ်အလင်းပေးသော အချိန်ရှိသည်၊ ထို့ကြောင့် ၎င်းကို အလောတကြီး ကြိုးစားလုပ်ဆောင်ရာတွင် အသုံးမဝင်” ဟုတွေးတော မိခဲ့သည်။ ထို့နောက်၊ အဆောတလျင်မပြုပဲ ဖြည်းဖြည်းချင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး၊ စိတ်ရှည်စွာဖြင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့စောင့်ဆိုင်းနေခဲ့ရာမှ တစ်ရက်တွင် ဘုရားသခင်၏ ဤ နှုတ်ကပတ်တော်များအား ကျွန်မဖတ်ရှုရာ- “ဘုရားသခင်ရှေ့တော်၌ သင့်စိတ်နှလုံးငြိမ်သက်ခြင်းရှိမှသာလျှင်၊ သမ္မာတရားရရှိရန်နှင့် သင့်စိတ်သဘောထားပြောင်းလဲမှုများရရှိရန် သင်၏ရှာဖွေကြိုးပမ်းမှုသည် အသီးအပွင့်ရှိလာလိမ့်မည်။ အကြောင်းမှာ သင်သည် ဘုရားသခင်ရှေ့တွင် ဝန်လေးလျက် ရောက်ရှိလာပြီး၊ သင်သည်များစွာချို့တဲ့နေကြောင်း၊ သင်သိနားလည်သင့်သောသမ္မာတရားများ မြောက်မြားစွာနှင့် သင့်ကြုံတွေ့သင့်သော လက်တွေ့အရှိတရား မြောက်များစွာရှိကြောင်း၊ ဘုရားသခင်၏အလိုတော်အား အရေးစိုက်မှု ဟူသမျှ သင်ပေးအပ်သင့်ကြောင်းကို သင်အမြဲခံစားရသောကြောင့်ဖြစ်သည်၊ ဤအရာများသည် သင့်စိတ်ထဲတွင် အမြဲရှိနေလျက်၊ ယင်းတို့သည် သင်အသက်မရှူနိုင်လောက်အောင် သင့်ကို အလွန်ပြင်းထန်စွာ ဖိအားပေးနေသကဲ့သို့ဖြစ်သောကြောင့်၊ (အပျက်သဘောဆောင်သည့်အခြေအနေ၌ မဟုတ်သော်လည်း) သင်သည် စိတ်နှလုံးလေးလံမှုကို ခံစားရခြင်းဖြစ်သည်။ ဤသို့သောလူတွေသာလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်ဉာဏ်အလင်းပေးခြင်းကို လက်ခံရရှိရန်နှင့် ဘုရားသခင့်၀ိညာဉ်တော်၏ ထိတွေ့လှုပ်ရှားခြင်းခံရရန် အရည်အချင်းပြည့်မီကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့၏ဝန်လေးမှုကြောင့် လည်းကောင်း၊ သူတို့သည် စိတ်လေးလံသောသူများ ဖြစ်ကြသောကြောင့်လည်းကောင်းဖြစ်သည်၊ ထို့ပြင် သူတို့ပေးဆပ်ခဲ့သည့်အဖိုးအခနှင့် ဘုရားသခင်ရှေ့တွင် သူတို့ခံခဲ့ကြရသည့် ညှဉ်းဆဲခြင်းကြောင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းတို့ကို သူတို့ရရှိကြသည်ဟု ဆိုနိုင်ပါသည်၊ အကြောင်းမှာ ဘုရားသခင်က မည်သူ့ကိုမျှ အထူးတလည်ဆက်ဆံပြုမူခြင်းမရှိသောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူတွေကိုဆက်ဆံပြုမူရာတွင် အစဉ်အမြဲမျှတ၏၊ ဘုရားသခင်သည် လူတွေကို ထောက်ပံ့ခြင်း၌ အာဏာရှင်ဆန်ဆန် မပြုသလို သူတို့ကို ခြွင်းချက်မရှိလည်း မပေးချေ။ ဤသည်မှာ သူ၏ဖြောင့်မတ်သော စိတ်နေသဘောထား အသွင်တစ်ခုဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့်မှန်ကန်သောဆက်နွှယ်မှုတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီးသည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးတောစဉ်းစားရာ၌၊ ကျွန်မ နားလည်သဘောပေါက်လာ ခဲ့သည်မှာ- ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်။ သူသည် ဘယ်သောအခါမျှ သူ၏ လူသားအား ထောက်ပံ့ခြင်း၌ တစ်ဖက်သတ် ပြုလုပ်ခြင်း မရှိသည့်အပြင် လူသားအား အကြွင်းမဲ့ မပေးပါ။ ဘုရားသခင်၏ အမှုတော် နောက်ကွယ်တွင် အခြေခံသဘောတရားတစ်ခု ရှိသည်။ လူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အချိန်တွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်းတို့ကို လက်ခံရရှိရန်အတွက် ၎င်းတို့၏ နှလုံးသားများကို ဆိတ်ငြိမ်စွာထားရှိရမည်ဖြစ်ပြီးလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တမ်းတ၍ရှာဖွေသော နှလုံးသားတစ်ခုကိုလည်း ပိုင်ဆိုင်ထားရှိပါမည်။ လူများသည် ၎င်းတို့၏ ဝန်ကိုထမ်းရာတွင် သမ္မာတရားကို ပိုမိုနက်ရှိုင်းစွာ သိရှိကျင့်သုံးနိုင်ရန်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းရန်လည်းကောင်း၊ ၎င်းတို့၏ တာဝန်များကို ဖြည့်စွမ်းရန်လည်းကောင်း စသည်တို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖတ်ရှုရမည် ဖြစ်ပါသည်။ လူတစ်ယောက်သည် ဘုရားသခင်နှင့် အလုပ်လုပ်ဆောင်ရန်အတွက် ဤသို့လက်တွေ့ကျစွာ အဖိုးအခကို ပေးခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဉီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်မှုမရှိသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ဉီးတည်ချက်မဲ့စွာ၊ အသက်မဲ့စွာဖြင့် ဖတ်ရှုခြင်း၊ ပေါ့ဆစွာယူဆခြင်း စသည်တို့ဖြစ်ပါက ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်မည် မဟုတ်ချေ။ ပြန်ပြောင်းရှုမျှော်လိုက်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းအား ကျွန်မ ကောက်ကိုင်လိုက်သောအချိန်တိုင်း၊ ကျွန်မသည် လှန်လှော ကြည့်ကာ ဤစာပိုဒ်အား ဖတ်ရှုပြီး ဖြစ်သည်၊ ထိုစာပိုဒ်အား ဖတ်ရှုပြီး ဖြစ်သည် နှင့်၊ စာပိုဒ် အားလုံးကို ကျွန်မအနေဖြင့် အကြမ်းဖျဉ်း သဘောပေါက် သည်ဟု တွေးထင်နေသည်။ ထို့နောက်တွင် ကျမ်းစာပိုဒ်အဟောင်းတစ်ပိုဒ် အား တွေ့ရှိကာ၊ ထိုကျမ်းပိုဒ်အား သာမန်ကာလျှံကာ ဖတ်ပြီး့နောက်တွင် ကျွန်မ၏ဖတ်ရှုခြင်းအလုပ်သည် ပြီးဆုံး၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဤကဲ့သို့ အလေးအနက်မထား သော ပုံစံဖြင့် ဝတ်ကျေတမ်းကျေ ဖတ်ရှု ခဲ့သည်။ ထိုအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသော အခါ၌ ကျွန်မထံတွင် တောင့်တသော နှလုံးသား ရေးရေးမျှ ပင်မရှိသည်ကို ကျွန်မတွေ့ရှိခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အရေးကြီးသည်ဟု အမှန်တကယ် ယုံကြည်ခြင်းမရှိပဲ ဖတ်ရှုသွားခြင်းသာ ဖြစ်ပြီးလျှင် ထိုထိုသော စည်းမျဉ်းများ နှင့် အစဉ်အလာများ ကို ထိန်းသိမ်း ကာ၊ အချို့သော အရှိအတိုင်း ယုံကြည်ခံယူချက်များ ကို နားလည် နေရုံမျှဖြင့် ကျေနပ်အားရ နေခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော် များအား တစိမ့်စိမ့်ချင့်ချိန် တွေးဆခြင်း သမ္မာတရားကို နားလည်ရန် ရှာဖွေခြင်း တို့ တွင် အလေးအနက်မထားရုံသာမက၊ မိမိကိုယ်ကိုပြန်လှန်သုံးသပ်ခြင်း နှင့် မိမိပြဿနာများကို ဖြေရှင်းခြင်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် တသားတည်းဖြစ်အောင် ဆောင်ရွက်ခြင်းကိုလည်း အလေးအနက်မထားခဲ့ပေ။ ကျွန်မသည် မိမိ၏ ကိုယ်ပိုင်အသက်တာ အတွက် ဝန်ထုပ်ဝန်ပိုး ကို ပုခုံးထမ်းခြင်း မရှိဘဲ၊ စိတ်နေသဘောထား ပြောင်းလဲခြင်း သို့မဟုတ် သမ္မာတရား၏ လက်တွေ့ဘဝသို့ ဝင်ရောက်မှုနှင့် ပတ်သတ်၍ ကျွန်မသည် နည်းနည်းမျှ အလေးမထားခဲ့ပေ။ ဤကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော် အား မထီမဲ့မြင်လုပ်သော ဘဘောထား ဖြင့်၊ ကျွန်မသည် အဘယ်ကဲ့သို့ သူ၏ ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းကို ရရှိ နိုင်မည်နည်း။ ကျွန်မသည် မိမိ၏ ကိုယ်ပိုင် အခြေအနေအား လက်တွေ့အားဖြင့် ပြန်လည် သုံးသပ်နေခြင်း မရှိ သို့မဟုတ် ကျွန်မ၏ ပြဿနာများ ကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းမရှိခဲ့ပေ။ ထိုသို့ ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် ရှာဖွေခြင်း ရှိရမည့်အစား၊ ကျွန်မသည် မိမိ၏ ကိုယ်ပိုင် အယူအဆများ နှင့် စိတ်ကူးစိတ်သန်းများ ပေါ်တွင် မှီခိုနေပြီး၊ “လူသားတစ်ဦးချင်းစီ အတွက် ဘုရားသခင်ထံတွင် ဉာဏ်အလင်းရရှိခြင်းအဖို့ အချိန်ရှိသည်” ဟုယုံကြည် နေသည်။ ကျွန်မ ဘုရားသခင်၏ဉာဏ်အလင်းရခြင်းအတွက် မတုန်မလှုပ် ဆက်လက်စောင့်ဆိုင်းခဲ့သည်။ ကျွန်မသည် အလွန်ပင် မသိနားမလည်ခဲ့ သောသူဖြစ်ခဲ့သည်။ လူသားတစ်ဦးချင်းစီအား ဉာဏ်အလင်းပေးရန် ဘုရားသခင်အဖို့ အချိန်ရှိဆိုသည့်အချက်သည် ဤမျှအထိမှန်ကန်နေသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လူသားအပေါ် လုပ်ဆောင်မှုနောက်ကွယ်တွင် အခြေခံသဘောတရားတစ်ခု ရှိသည်ဆိုသည်ကို ထိုအချိန်မှသာ ကျွန်မ်အနေဖြင့် သတိပြုမိ လာခဲ့သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအား သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း ရရှိစေရန်သာ မတုန်မလှုပ် စောင့်ဆိုင်းနေပြီး အခြား အဘယ်အရာမျှ မလုပ်ဆောင်လျှင် ဉာဏ်အလင်းရရှိစေလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်အ တွက် ဘုရားသခင်ပေးသော အသီးအပွင့်သည် သူတို့အဘယ်မျှ ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တွင် အဆုံးအဖြတ်ပေးသည်။ ဘုရားသခင်ပြောခဲ့သလိုပင်- “သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုတော်များကို ဆောင်ရွက်သည်- လူတို့၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကိုရှာဖွေခြင်းနှင့် ဘုရားသခင်နှင့် နီးရာသို့လာခြင်းတို့အားဖြင့် ရလဒ်များ ရရှိနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်း၍ ဉာဏ်အလင်းရစေနိုင်သည်။ ဤအကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ်လုပ်ဆောင်ခြင်း သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ နှစ်ဖက်လုံးက မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်သတ်မှတ်သည့် စံချိန်စံနှုန်းများကို ပိုမိုရရှိရန် ကြိုစားအားထုတ်ကြလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်က ပိုကြီးမြတ်လေလေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်မြတ်၌ ထပ်ပေါင်းထားသော လူတို့၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည်သာ၊ လက်တွေ့ကျသော အတွေ့အကြုံများနှင့် ဘုရားသခင်နှုတ်ကပတ်တော်များအား ထိရောက်စွာသိကျွမ်းမှုကို ရရှိနိုင်မည် ဖြစ်သည်။ တဖြည်းဖြည်းနှင့်၊ ဤနည်းလမ်းနှင့် အတွေ့အကြုံအားဖြင့်၊ နောက်ဆုံးတွင် စုံလင်သည့်လူ ဖြစ်လာသည်။ ဘုရားသခင်သည် သဘာဝထက် လွန်ကဲသည့်အရာများကို မပြုလုပ်ပေ၊ လူတို့၏စိတ်ကူးများထဲတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ အရာအားလုံးကို ဘုရားသခင်ပြုလုပ်သည်—ရလဒ်အနေဖြင့် လူတို့က မလှုပ်မယှက်ဘဲ စောင့်မျှော်ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ခြင်း သို့မဟုတ် ဆုတောင်းခြင်းမရှိကြဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ထိတွေ့မှုကို စောင့်နေရုံမျှသာ စောင့်နေကြသည်။ သို့သော် မှန်ကန်သောနားလည်မှုရှိသည့် သူများက- ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကျွန်ုပ်ပူးပေါင်းဆောင်ရွက်သလောက်အထိသာ ကန့်သတ်ထားပြီး ဘုရားသခင် အမှုတော်၏ သက်ရောက်မှုသည် ကျွန်ုပ်မည်သို့ပူးပေါင်းဆောင်ရွက်သည် ဆိုသည့်အပေါ် တည်မှီသည်။ ဘုရားသခင်က ပြောဆိုသည့်အခါ ဘုရား၏နှုတ်ကပတ်တော်ကို ကျွန်ုပ်သည်တတ်နိုင်သမျှ ရှာဖွေရန် နှင့် ကြိုးပမ်းရန် ဆောင်ရွက်ရမည်၊ ဤသည်ကား ကျွန်ုပ်ရရှိအောင်မြင်သင့်သည့်အရာဖြစ်သည်ဟု ယုံကြည်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်”)

သူ၏ အချိန်ကိုက် ဉာဏ်အလင်းပေးခြင်းအတွက် ဘုရားသခင်အား ကျေးဇူးတင်သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အလင်းမရှိခြင်း အကြောင်းအရင်းကိုရှာဖွေ တွေ့ရှိခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနောက်ကွယ်ရှိ အခြေခံသဘောတရား အား နားလည်ခဲ့ခြင်း မရှိသောကြောင့် ကျွန်မ၏ အတွေ့အကြုံ ၌ ပြဿနာများ ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုတွင်ကျွန်မသည် မိမိ၏ အခြေအနေကို ပြောင်းလဲဖို့ရန်နှင့်၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက် ခြင်းကို ဖန်တီးယူဖို့ရန် ဆန္ဒရှိနေသည်။ သမ္မာတရားအား လက်တွေ့ကျင့်သုံးဖို့ရန်၊ မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး၊ ကျွန်မ၏ ဖောက်ပြန်သော စာတန်၏ စိတ်နေသဘောထားကို ဖယ်ရှားပစ်ရန်နှင့် သန့်စင်ဖို့ရန် ကျွန်မသည်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုမည် ဖြစ်သည်။ ဤသည်မှာ ကျွန်မသည် သမ္မာတရားထဲသို့ ပိုမို နက်ရှိုင်းစွာ နားလည်ကျင့်သုံးနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး ကျွန်မ၏ အသက်တာတွင် ဖြည်းဖြည်းချင်း ကြီးထွားရင့်ကျက် လာနိုင်မည်ဖြစ်သည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ မှ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s