ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်

ကယ်တင်ခြင်း, ခရစ်ယာန်, အသက်, ဆုတောင်း,

ရီမင်း ဟူးဘေးပြည်နယ်

သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည်

ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည် အမြဲတမ်း ခေါင်းကိုက်ခြင်းနှင့် ဆီးချိုရောဂါ ဝေဒနာတို့ကို ခံစားခဲ့ရပါသည်။ ၂၀၀၅ ခုနှစ်တွင် သခင့်ကို စတင် ယုံကြည်ခဲ့ပြီးနောက်၊ နှစ်ပေါင်းများစွာ ဖိစီးခဲ့သည့် နာမကျန်းဖြစ်ခြင်းသည် သက်သာခဲ့သည်၊ ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိမြင်လာပြီး၊ သခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။ နောက်နှစ်နှစ်အကြာတွင် ဆွေမျိုးတစ်ယောက်က နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို ကျွန်မကို ဟောပြောခဲ့ပြီး သခင်ယေရှုက လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီး ဖြစ်ကြောင်း သူက ပြောခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ယခုအခါတွင် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်ဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် ပိုမိုသစ်လွင်သော၊ ပိုမြင့်မားသော အမှုတော်အဆင့်တစ်ခုကို ပြုနေကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူများကို တရားစီရင်ရန် နှင့် ပြစ်တင်ဆုံးမရန်၊ ကျွန်မတို့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ရန် သမ္မာတရားကို အသုံးပြုနေခဲ့ပြီး၊ ဘုရားသခင်က အဆုံးသတ်တွင် ကယ်တင်ခြင်း ရရှိသူများကို သူ၏ နိုင်ငံတော်ထဲသို့ ဦးဆောင်သွားမည် ဖြစ်ကြောင်းတို့ကို သူက ပြောခဲ့သည်။ ကျွန်မက ထိုသတင်းကို ကြားရသည်မှာ စိတ်လှုပ်ရှားခဲ့ပြီး၊ မိမိဘာသာ “ ငါ့တစ်သက်မှာ သခင့်ကို အမှန်တကယ် ကြိုဆိုရလိမ့်မယ်လို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။ အနာဂတ်မှာသာ ငါက သူ့နိုင်ငံတော်ထဲကိုဘုရားသခင်ရဲ႕ ဦးဆောင်တာခံရနိုင်တယ်ဆိုရင်၊ အဲဒါက တကယ်ကို အံ့သြစရာကောင်းမှာပဲ” ဟု တွေးမိခဲ့သည်။ ဤအချက်ကိုတွေးရင်းဖြင့် ကျွန်မနှလုံးသားသည် မဖော်ပြနိုင်သည့် ဝမ်းမြောက်ခြင်းဖြင့် ပြည့်နှက်လာခဲ့ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့အတွက် ကျွန်မ ကျေးဇူးတင်ခဲ့ပါသည်။ ကာလတစ်ခုကြာ ရှာဖွေကာ စုံစမ်းစစ်ဆေးပြီးနောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ် ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ ကျွန်မ သေချာလာခဲ့သည်၊ ထို့နောက်မကြာမီပင် ကျွန်မက အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ပြီး၊ အသင်းတော်အတွင်း၌ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ လုပ်နိုင်သမျှ အားလုံး လုပ်ဆောင်ခဲ့သည်။Read More »