Full Myanmar Movie – ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

လူအများတို့ ထင်ကြသည်မှာ “ပိုက်ဆံသည်အမြင့်မားဆုံး”“ပိုက်ဆံသည် အရာအားလုံးကို မတတ်စွမ်းနိုင်သော်လည်း ပိုက်ဆံမရှိလျှင် မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်ပါ”ပိုက်ဆံရှိမှ ပျော်ရွှင်မည်။ဒါဆိုရင် ပိုက်ဆံရှိတဲ့သူတွေ တကယ်ပဲ ပျော်ရွှင်မှုရှိသလား။«ဘုရားသခင်ကိုယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်»ရုပ်ရှင်ထဲရှိ ဇာတ်ကောင်သည် ဘဝရှင်သန်ဖို့ရန်အတွက် ငွေများချေးကာ နိုင်ငံခြားထွက်ပြီး ကြိုးပမ်းခဲ့သည်။သို့သော် သူရှာသောပိုက်ဆံများတဖြည်းဖြည်း များလာသောအချိန်တွင် အနာရောဂါတစ်ခုဖြစ်ခြင်းကြောင့် တစ်သက်လုံး ခြေလက်အင်္ဂါသေခြင်း ဖြစ်တော့မလို့ပဲ၊ဤသို့ ရောဂါဝေဒနာများကို ခံစားရပြီးနောက်တွင် သူမသည် ပျော်ရွှင်မှုကို မည်သို့ရှာဖွေတွေ့ရှိခဲ့သနည်း။ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်ဟုလည်း သူမသည် မည်သို့သဘောပေါက်ခဲ့သနည်း။

ကောင်းမွန်သော ဘဝတစ်ခုကို အသက်ရှင်ဖို့ ငွေအလုံအလောက်ရှာဖို့အတွက် ဒင်းရူလင် နှင့် သူမ၏ အမျိုးသားသည် လုပ်ငန်းတစ်ခုကို ဖွင့်ပြီး လည်ပတ်ဖို့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားကြသည်။ သို့သော်၊ စီစီပီအစိုးရ၏ အမြတ်ထုတ်ခြင်းနှင့် မတရားဖိနှိပ်ခြင်း တို့ကြောင့် သူတို့ အကြွေးကြီးကြီးမားမား ကျန်ခဲ့ပြီး နိုင်ငံခြားသို့သွားကာ အလုပ်လုပ်ဖို့မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။ ငွေပိုရှာနိုင်ရန်အတွက် ဒင်းရူလင်က အလုပ်နှစ်ခု လုပ်သည်။ သူမ၏ လေးလံသော အလုပ်ဝန် နှင့် သူမ အနီးတစ်ဝိုက်မှ လူတို့၏ ဥေပက္ခာပြုခြင်းက ငွေအတွက် အသက်ရှင်ခြင်းမှဖြစ်သည့် နာကျင်ခြင်းနှင့် ကူရာမဲ့ခြင်းတို့ကို နားလည်စေလေသည်။ သူမ၏ နာကျင်မှုနှင့် စိတ်ရှုပ်ထွေးမှုအလယ်တွင်၊ သူမသည် အထက်တန်းကျောင်းနေဖက် လင်းဇီရှင်း နှင့် ဆုံသည်။ သူတို့၏ ဆွေးနွေးမှုများတွင်၊ လင်းဇီရှင်းသည် သူမ၏ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ကိစ္စများစွာ နားလည်လာခဲ့သည်ကို ဒင်းရူလင် မြင်ရသည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့်အတူ ဝိညာဉ်ရေး ငြိမ်သက်ခြင်း နှင့် ပျော်ရွှင်မှုတို့ကို သူမခံစားရပြီး၊ စိုးရိမ်သောကကင်းပြီး အေးဆေးသောအခြေအနေတွင် အသက်ရှင်ရသည်၊ ယင်းက ဒင်းရူလင်ကိုလည်း ဘုရားသခင်ကို ယုံကြည်ဖို့ ဆန္ဒရှိစေခဲ့သည်။ မကြာခင်၊ ငွေပို၍ပင် ရှာဖွေရန်၊ ဒင်းရူလင်နှင့် သူမအမျိုးသားတို့သည် စားသောက်ဆိုင်ကို လွဲပြောင်းယူလိုက်ကြသည်၊ သို့သော် ကြာရှည် ပင်ပန်းနွမ်းလျမှုက ဒင်းရူလင်ကို အသည်းအသန် နာမကျန်းဖြစ်လာစေသည်၊ ယင်းက သူမကို သွပ်ချာပါဒရောဂါဖြစ်နိုင်သည့် အန္တရာယ်ဖြစ်စေခဲ့သည်။ သူမ၏ နာမကျန်းမှုကို ခံစားရခြင်းက ဒင်းရူလင်ကို ဘဝအပေါ် စတင် ဆင်ခြင်သုံးသပ်စေသည်။ မည်သည့်အရာအတွက် လူတို့ အသက်ရှင်သင့်သနည်း။ ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုအတွက် သင်၏ ဘဝကို စတေးခြင်းက တိုက်တန်ပါသလား။ ငွေက အနှစ်မဲ့ခြင်းနှင့် ဒုက္ခကို လွတ်မြောက်ဖို့ လူများကို ကူညီနိုင်ပါသလား။ ယင်းက လူတို့ကို သေခြင်းမှ ကယ်တင်နိုင်ပါသလား။ ဘုရားနှုတ်ကပတ်တော်အပေါ် သူမ ညီမများ၏ မိတ်သဟာယမှတဆင့်၊ ဒင်းရူလင်သည် ဘဝနှင့်ပတ်သက်သည့် ဤမေးခွန်းများအတွက် အဖြေများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်၊ ဘဝတွင် ရှာဖွေရန် အရေးကြီးဆုံးသော အရာကို သူမ သင်ယူရပြီး၊ နောက်ဆုံးတွင် ဝိညာဉ်ရေးရာ လွတ်မြောက်မှုကို သူမ ရှာတွေ့လေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုမှတဆင့်၊ နောက်ဆုံးတွင် ဘဝ၌ ပျော်ရွှင်မှုကို ဒင်းရူလင် ရှာဖွေတွေ့ရှိလေသည်…..

ကယ်သင်ခြင်း, ယုံကြည်ခြင်း, သက်သေခံချက်, အသက်, ဧဝံဂေလိတရား

ခရစ်ယာန်ရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Subtitle | ကောင်းကင်နိုင်ငံတော်သားများ

Myanmar movie | (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s