ဧဝံဂေလိ ဂီတ | အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

သမ္မာတရား, အသက်, ဧဝံဂေလိ ဂီတ

Myanmar Gospel song 2019 | အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ


လူတို့လိုအပ်နေသော သမ္မာတရားကို
ဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။
ထိုသမ္မာတရားသည် လူသားတို့အား
အကျိုးကျေးဇူး အများဆုံးဖြစ်စေသည်။
၎င်းသည် သင့်ခန္ဓာကိုယ် လိုအပ်သော အာဟာရ
လူတို့ ဆင်မြန်းသင့်သည့် သမ္မာတရား
ယင်းက ပုံမှန်လူ့သဘောသဘာဝ ပြန်ရဖို့ ကူညီပေးသည်။
သင်၏ အသက်တာ ကြီးထွားလာသည်နှင့်အမျှ
ဝိညာဉ်လောက အကြောင်းပို၍ နားလည်မည်။
စာတန် အပေါ် အောင်နိုင်ရန်တန်ခိုး ပို၍ ရရှိလာမည်။
ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လိုက်လျှောက် လေလေ၊
သင့် အသက်တာမြန်မြန် တိုးပွားလေလေ။
ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့ လိုက်လျှောက် လေလေ၊
သမ္မာတရား ပို၍ ထင်ရှားလာလေလေ။
လူအများစုသည် ဘုရား၏ ကျမ်းစကားကို
တိုတ်ရိုက်နားလည်ရုံနှင့် ကျေနပ်ရောင့်ရဲကြသည်။
လက်တွေ့လိုက်လျှောက်ခြင်းမပါဘဲ၊
ဖာရိရှဲ တို့ကဲ့သို့ပင် သြဝါဒအပေါ် အာရုံစိုက်ကြသည်။
”ဘုရား၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်”
ဆိုသည့်စကားသည်
သူတို့အတွက် အဘယ်ကဲ့သို့မှန်ကန်နိုင်မည်နည်း။
ဘုရား၏ နှုတ်ကပတ်တော်ကို လက်တွေ့လိုက်လျှောက်ခြင်းဖြင့်သာ
လူတို့၏ အသက်တာ တိုးပွားနိုင်သည်။
နှုတ်ကပတ်တော် ဖတ်ရုံနှင့် အသက်တာမကြီးထွားနိုင်ပါ။
ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လိုက်လျှောက် လေလေ၊
သင့် အသက်တာမြန်မြန် တိုးပွားလေလေ။
ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့ လိုက်လျှောက် လေလေ၊
သမ္မာတရား ပို၍ ထင်ရှားလာလေလေ။

Read More »