၃။ ကယ်တင်ခြင်းရှရှိဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့ တွေ့ကြုံသင့်သနည်း။

၃။ ကယ်တင်ခြင်းရှရှိဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့ တွေ့ကြုံသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်အား ယုံကြည်ရာ၌ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို အချုပ်ဆိုရလျှင်၊ ထိုအရာမှာ သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်း လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းဖြစ်သည်၊ ယင်းသည် မိမိကိုယ်ကို အမှန်တကယ်သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းအတိုင်း သွားမှသာလျှင် လူတစ်ဦးသည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုလုပ်ပေးမှုခံရခြင်း လမ်းကြောင်းအတိုင်း သွားနေလိမ့်မည်ဖြစ်သည်။ လူတစ်ဦးသည် ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်းနှင့် ယင်းအား လက်တွေ့လုပ်ဆောင်နည်းကို အထူးသဖြင့် ရှင်းလင်းစွာ နားလည်ရမည်။ ပထမဦးစွာ လူတစ်ဦးသည် သူ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် သူ၏မိသားစုနှင့် လူ့ဇာတိအရာအားလုံးကိုပင် လျစ်လျူရှုထားရမည်။ သူသည် စိတ်နှလုံးအကြွင်းမဲ့ သစ္စာစောင့်သိရမည်၊ တစ်နည်းဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သူ့ကိုယ်သူ လုံးလုံးလျားလျား နစ်မြှုပ်ထားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအပေါ် အာရုံစိုက်ပြီး သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်းတို့အပေါ် အာရုံစိုက်ကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ရန်အလို့ငှာ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် အလွန်အရေးပါဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကိုမြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့်ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဥ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဥ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသောစမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသားအကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင်တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန်ကြိုးစားခဲပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက်မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များစသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည်လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။Read More »