၂။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရသနည်း။

နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, သက်သေခံချက်,

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။Read More »