၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ကယ်တင်ခြင်း, ကောင်းကင်ဘုံ, နောက်ဆုံးသောကာလ, ဧဝံဂေလိတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏အမြင်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦးတစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။Read More »