၂။ လူ့ဇာတိခံယူသောဘုရားသခင်၏ အရေးပါပုံ

ခရစ်တော်, နောက်ဆုံးသောကာလ, ဘုရားသခင်, သမ္မာတရား, ဧဝံဂေလိတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤဇာတိခန္ဓာသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်၊ အကြောင်းမှာ သူသည် လူသားဖြစ်သည့်အပြင် ဘုရားသခင်လည်း သာ၍ဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင် သူ့အနေဖြင့် ဇာတိခန္ဓာရှိသော မည်သည့်သာမန်လူသားကမျှ မပြုလုပ်နိုင်သည့် အမှုကိုလုပ်ဆောင်နိုင်ပြီး ကမ္ဘာကြီးပေါ်တွင် သူနှင့်အတူနေထိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူသားကို ကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။ သူသည် လူသားနှင့် ပုံစံတူသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်သည် တန်ဖိုးရှိသည့် မည်သည့်လူသားထက်မဆို လူသားမျိုးနွယ်အတွက် ပို၍အရေးကြီးသည်၊ အကြောင်းမှာ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်ကို ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်စွမ်းရှိကာ၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ဤဇာတိခန္ဓာသည် ရိုးရိုးသာမန်ဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် သူ၏ထောက်ပံ့ကူညီမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအတွက် သူ၏အရေးပါမှုတို့သည် သူ့ကို လွန်ကဲစွာ တန်ဖိုးရှိစေပြီး၊ ဤဇာတိခန္ဓာ၏ စစ်မှန်သောတန်ဖိုးနှင့် အရေးပါမှုကို မည်သည့်လူသားကမျှ တိုင်းတာ၍ မရနိုင်ပေ။ ဤဇာတိခန္ဓာသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း သူ့အနေဖြင့် လူသားကို သိမ်းပိုက်ရန်၊ စာတန်ကို ချေမှုန်းရန်၊ သူ့အုပ်စိုးမှုအောက်တွင် စာတန်ကို အပြည့်အဝနာခံလာအောင်ပြုရန် သူ၏အမှုကို အသုံးပြုနိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သောကြောင့် သူသည် စာတန်ကို နှိမ်နင်းနိုင်ကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်းဖြစ်သည်။ သူသည် စာတန်ကို တိုက်ရိုက်မဖျက်ဆီးပေ၊ သို့သော် စာတန်က ဖျက်ဆီးခဲ့သော လူသားတို့ကို သိမ်းပိုက်ရန်အတွက် အမှုဆောင်ရန် လူ့ဇာတိခဲ့ယူခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် သူသည် ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကိုခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူတို့ကို ပို၍ကယ်တင်နိုင်ပေသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ စာတန်ကို နှိမ်နင်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က စာတန်ကို တိုက်ရိုက်ဖျက်ဆီးသည်ထက် ပို၍ကြီးမားသော သက်သေကိုခံနိုင်ကာ ပို၍ဆွဲဆောင်မှုရှိသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖန်ဆင်းရှင်ကို သိခြင်းအရာ၌ လူသားတို့ကို ပို၍ကောင်းစွာ ကူညီနိုင်ပြီး၊ ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကို ခံနိုင်လေသည်။Read More »