ကောင်းကင်နိုင်ငံတော်ဆီသို့ ချီဆောင်ခံရရန် ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ မည်သို့ဆောင်ရွက်သင့်သနည်း။
များစွာသော ညီအစ်ကိုမောင်နှမတို့ ထင်ကြသည်မှာ ကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရှိပြီး၊ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကိုရရှိပြီ။ အပြစ်များကို ကျူးလွန်နေတတ်သေးသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွတ်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်ပြန်ကြွလာချိန်တွင် ကျွန်ုပ်တို့၏သဏ္ဍာန်ကို ခဏတာအတွင်းတွင် သန့်စင်ပေးပြီး ကောင်းကင်နိုင်ငံတော်သို့ချီဆောင်ခြင်းကို ရရှိမှာဖြစ်ပါတယ်။ သို့သော် အချို့သော ညီအစ်ကိုမောင်နှမတို့က မေးကြသည်မှာ — သခင်ယေရှုကပြောသည် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် – ရး၂၁) ကိုယ်တော်၏သွန်သင်ချက်ကို လိုက်နာပြီး ဘုရားသခင်၏အလိုကိုဆောင်သောသူ ဖြစ်မှသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ယင်းက သခင်ယေရှုသတ်မှတ်ထားသော ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော စံညွှန်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ သို့သော်လည်း အမြဲတစေလိမ်လည်ကာ အပြစ်များကိုကျူးလွန်ပြီး ကိုယ်တော်၏သွန်သင်ချက်များကို ပြစ်မှားနေဆဲပင်ဖြစ်သည်။ မည်သည့်အခါမျှ ဘုရားသခင်၏အလိုတော်ကို ဆောင်နေခြင်းလည်းမဟုတ်ပေ။ ဤသို့သောသူသည် တကယ်ပဲ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းကိုရရှိနိုင်ပါသလား။ သို့ဖြစ်ကာ ဘယ်ယူဆချက်က ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသလဲ။ မည်သို့မှသာလျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်းခြင်းကိုရရှိမည်နည်း။ (ပြောင်းလဲခြင်းအခါသာမယ ) ကိုကြည့်ရှုပါ။ ကောင်းကင်နိုင်ငံတော်သို့ချီဆောင်ခြင်း ရရှိနိုင်မည့် နည်းလမ်းကို ကျွန်ုပ်တို့အား ဖော်ထုတ်ပေးမှာဖြစ်ပါတယ်။
ဆုမင်ယုသည် တရုတ်ပြည်မှာရှိ ခရစ်ယာန်အိမ်တွင်းအသင်းတော်တစ်ခု၏ တရားဟောဆရာမတစ်ဦးဖြစ်သည်။ သူမအနေနှင့် သခင့်ကို ယုံကြည်ရုံမျှဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်၏၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရခဲ့ပြီဟု အမြဲထင်ခဲ့သည်။ ကျွန်ုပ်တို့ ထပ်ကာထပ်ကာအပြစ်ပြုမိနေဆဲဖြစ်သော်လည်း သခင့်အားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရပြီးဖြစ်ကာ ကျွန်ုပ်တို့၏ပုံရိပ်များ သန့်ရှင်းခြင်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲပြီး သခင်ရောက်ရှိလာသည့်အခါတွင် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်း ခံရမည်ဖြစ်သည်။ သို့သော်၊ လုပ်ဖော်ကိုင်ဖက်အချို့က သံသယမျိုးစေ့တစ်စေ့ကို စိုက်ခဲ့ကြ၏။ ကျွန်ုပ်တို့အနေဖြင့် အဆက်မပြတ် မုသားဆိုပြီး အပြစ်ပြုမိနေဆဲရှိမှတော့ အမှန်ပင် ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရနိုင်ပါ့မလား။ ဆုမင်ယု စိတ်နှလုံးထဲတွင် ရှုပ်ထွေးနေသည်။ အဆုံးတွင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်၏ တရားဟောဆရာများနှင့်အတူ အချေအတင်ဆွေးနွေးပြီး မိတ်သဟာယပြုခြင်းမှတဆင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရာ တစ်ခုတည်းသောလမ်းကြောင်းကို နောက်ဆုံးတွင် ဆုမင်ယု တွေ့ရှိသွားခဲ့သည်…