ထာဝရအသက်လမ်းခရီးဆိုသည်မှာ အဘယ်နည်း

ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်, ဆုတောင်း, ပရောဖက်ပြုချက်, ဧဝံဂေလိ

သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်း ရှိပါသလား။

သခင်ယေရှုက “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟု မိန့်တော်မူခဲ့ပါသည်။ သခင့်၌ ညီအစ်ကို မောင်နှမများစွာက သခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သခင့်ထံတွင် ထာဝရအသက်လမ်း ရှိကာ ကျွန်ုပ်တို့ကို ဟိုးအရင်ကတည်းက ပေးခဲ့သည်ဟု ယုံကြည်ကြလေသည်။ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များတွင် ကျွန်ုပ်တို့၏ အပြစ်များကို ဆက်လက်ဝန်ချခဲ့ကြပြီး ကိုယ်တော်၏ သွန်သင်ချက်များနှင့်အညီ နောင်တရခဲ့ကြသည်။ သခင့်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ဒုက္ခဝေဒနာခံစားပြီး အဖိုးအခပေးခဲ့ကြသည်။ ကိုယ်တော်၏ အသင်းတော်များကို ကျွန်ုပ်တို့ ထိန်းကျောင်းခဲ့ကြသည်။ သူ့နောက်လိုက်ရန် ကားတိုင်များကို ထမ်းရွက်ခဲ့ကြသည်။ အခြားသူများကို ကျွန်ုပ်တို့ သည်းခံပြီး စိတ်ရှည်ခဲ့ကြကာ ကပ်ဘေးများ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါ ကိုယ်တော်၏ အမည်နာမကို မငြင်းပယ်ခဲ့ကြပါ။ သခင့် လမ်းကို ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်ကြသည်။ ထို့ကြောင့် ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ ရှိထားနှင့်ကြပြီဖြစ်ပြီး သခင်ကြွလာသည့်အခါ ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိမည့်နေရာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို ချီမသွားပါလိမ့်မည်။ သို့သော် ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလား။ သမ္မာတရားနှင့် ကိုက်ညီပါသလား။Read More »