မည်သည့်အခါမျှ မပျောက်ကွယ်နိုင်သည့် အသက်စွမ်းအား

အသက်, ခရစ်ယာန်, ဆုတောင်း, ယုံကြည်ခြင်း, အသင်းတော်

ဒွန်မေး၊ ဟေနန်ပြည်နယ်

ကျွန်မသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်ခဲ့သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ အလင်းရောင်ကို တမ်းတသည့် လူများစွာကဲ့သို့၊ ကျွန်မ၏ အသက်တာ ပို၍အဓိပ္ပာယ်ရှိနိုင်စေရန် လူသားတည်ရှိမှု၏ စစ်မှန်သော အဓိပ္ပာယ်ကို ရှာဖွေရန် နည်းလမ်းများစွာကို ကျွန်မ ကြိုးစားခဲ့ပါသည်။ အဆုံးတွင် ကျွန်မ၏ အားထုတ်ကြိုးပမ်းမှုများအားလုံး အချည်းနှီးဖြစ်ခဲ့ရလေသည်။ သို့သော် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့ ကံကောင်းထောက်မပြီးနောက်၊ ကျွန်မ၏ အသက်တာတွင် အံ့ချီးဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းက ကျွန်မ၏ အသက်တာကို ပို၍အဓိပ္ပာယ်ရှိစေခဲ့ပြီး၊ ဘုရားသခင်သည်သာ လူများ၏ ဝိညာဉ်များနှင့် အသက်များ၏ စစ်မှန်သော ပံ့ပိုးသူ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ လူသား အသက်တာ၏ စစ်မှန်သော အဓိပ္ပာယ်ပါဝင်ကြောင်း တို့ကို ကျွန်မ နားလည်သဘောပေါက်လာခဲ့သည်။ ကျွန်မသည် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည့်အတွက် ဝမ်းမြောက်ခဲ့သည်။ သို့သော်လည်း တစ်ရက်၌ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ တရားမဝင် ဖမ်းဆီးခြင်းကိုခံရပြီး၊ လူမဆန်စွာ နှိပ်စက် ခံခဲ့ရသည်။ ထို့နောက် ကျွန်မသည် မိမိ၏အသက်တာခရီးလမ်းထဲတွင် ထာဝရ စွဲထင်ကျန်နေမည့် ဘဝအတွေ့အကြုံ တစ်ခုကို ကြုံခဲ့ရပါသည်။Read More »