ခရစ်ယာန် ဓမ္မသီချင်း | နှုတ်ကပတ်တော်၌ မွေ့လျော်သူများ မင်္ဂလာရှိကြ၏

ကျေးဇူးတော်, ခရစ်ယာန် ဓမ္မသီချင်း, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

ခရစ်ယာန် ဓမ္မသီချင်း | နှုတ်ကပတ်တော်၌ မွေ့လျော်သူများ မင်္ဂလာရှိကြ၏

I
ဘုရားရဲ့ကြည့်ရှုမှု လက်ခံရရှိလိုသူများသည်
ဘုရားအကြောင်း လေ့လာမှတ်သားသူများဖြစ်
ထိုသူတို့ သည် နှုတ်ကပတ်တော်ကို လက်ခံလိုကြ
ဘုရားရဲ့အမွေနှင့်ကောင်းချီးများ ပိုင်ဆိုင်ကြလိမ့်မည်
ထိုသူတို့ မင်္ဂလာရှိဆုံးသူများဖြစ်ကြ
သူ့အတွက် နေရာမပေးသူများ ဘုရားသခင်ကျိန်ဆို
ထိုသူတို့ကို ဘုရားသခင် ပြစ်တင်ဆုံးမ ပစ်ပယ်
ဘုရားရဲ့အမှုတော်အလုံးစုံ လူတို့ ခုံမင်လျှင်
ဘုရားရဲ့ဉာဏ်အလင်းပေးခြင်းကို မြတ်နိုးလျှင်
မျက်မှောက်တော်ကို နှစ်သက်စွဲလမ်း၊
ဘုရားရဲ့ကွယ်ကာမှုကို တန်ဖိုးထားလျှင်
ခပ်သိမ်းသောနှုတ်ကပတ်တော်ကို သင့်လက်တွေ့အရှိတရားနှင့်
ဘဝအထောက်အပံ့အဖြစ် ရင်ဝယ်ပိုက်လျှင်
သင်သည် ဘုရား၏စိတ်တော်နှင့်ထပ်တူဖြစ်လိမ့်မည်
သင့်အပေါ် ဘုရားပြုသောအမှုအားလုံး နှစ်သက်မြတ်နိုးလျှင်
သူ သင့်ကို ကောင်းချီးပေး၍ သင်၏ဥစ္စာ တိုးပွားလိမ့်မည်

Read More »

ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

ကောင်းကင်ဘုံ, ဆုတောင်း, သမ္မာတရား

ဟွမ်ဘောင် လျောင်နင်းပြည်နယ်၊ ဒါလီယန်မြို့

ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် သက်ဝင် ယုံကြည်သည်မှစ၍ ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင်နားနှင့် ကြားခွင့်ရပြီး ကိုယ်တော်၏ သာသနာပြုခြင်းကို ကိုယ်တိုင်ခံယူ ရရှိခဲ့သည့် ညီအစ်ကို မောင်နှစ်မများကို အစဉ် လေးစားအားကျမိသည်။ ကျွန်ုပ်၏ စိတ်နှလုံးသားထဲတွင် ကျွန်ုပ်သည် နောင်တစ်ချိန် တစ်နေ့နေ့တွင် ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင် နာကြားခွင့်ရခဲ့ပါက အဘယ်မျှလောက် ကောင်းလိုက်မည်နည်း၊ အကယ်၍သာ ကိုယ်တော်ရှင်ကို ကိုယ်တိုင် ဖူးမျှော်ခွင့်ရခဲ့ပါက အတိုင်းထက်အလွန် ဖြစ်မည်ဟု တွေးခဲ့မိပါသည်။ သို့ရာတွင် ယခုတစ်လော ကိုယ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များကို ကြားနာခြင်းမှတစ်ဆင့် ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ဟု စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။Read More »

Myanmar movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child

ရုပ်ရှင်ထဲမှဇာတ်ဆောင် ဝငျဟှေး သည် မိခင်အများစုနှင့်တူသည်။သားသမီးသည်ကျောင်းကောင်းကောင်းတက်၍တက္ကသိုလ်ဖြေဆိုအောင်မြင်မှသာ ဘဝကိုပြောင်းလဲနိုင်သောတစ်ခုတည်းသောလမ်းဖြစ်ပြီး ပညာသာလျှင်သားသမီးများအတွက်လှပတဲ့အနာဂတ်ကိုပေးနိုင်မည်ဖြစ်သည်ဟုထင်ခဲ့သည်။သမီးမှာကောင်းမွန်တဲ့ရှေ့ရေးပိုင်ဆိုင်နိုင်ရန် ဝငျဟှေး သည်အလုပ်များနုတ်ထွက်၍တောင် သမီးနှင့်တူတူတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အဖော်ပြုပေးသည်။သို့သော် သူမ၏ဖိအားများလှသောသွန်သင်မှုသည် သမီးအားစိတ်ပျက်စေပြီ လမ်းဆုံးကိုလျှောက်စေခဲ့ပြီး အသက်ဆုံးရှုံးရန်အနည်းငယ်သာလိုခဲ့သည်။ဤအကြောင်းကိစ္စပြီးသည့်နောက် ဝငျဟှေး သည်အလွန်နောင်တရခဲ့သည်။မိမိလုပ်ဆောင်သည့်အရာသည်သမီးအတွက်ကောင်းဖို့ရန်သာရည်ရွယ်ခဲ့သော်လည်း သမီးအတွက်နာကြင်ခြင်းဝမ်းနည်းခြင်းတွေသာဖြစ်စေခဲ့သည်။သူမသည် အဘယ်ကြောင့်ဤကဲ့သို့ဖြစ်သည်ကိုနားမလည်ခဲ့ပါ။ထိုသို့ဆိုလျှင် မည်သို့လုပ်ဆောင်မှသာ သားသမီးများလိုအပ်သောချစ်ခြင်းဖြစ်လာမည်နည်း။ခရစ်ယာန်ရုပ်ရှင်ဗီဒီယို ဝငျဟှေး သည် သားသမီးများကို မည်သို့သွန်သင်ဆုံးမရမည်ကို နားလည်စေမည်ဖြစ်သည်။

Read More »

၁။ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ကယ်တင်ခြင်း, ခရစ်တော်, ဆုတောင်း, သခင်ယေရှု, သမ္မာတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခံ လူသားအကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိခန္ဓာ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ အကြွင်းမဲ့ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ သာမန်လူသား လိုအပ်ချက်များနှင့် (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်း) သာမန်လူသားအားနည်းချက်များနှင့် သာမန်လူသား စိတ်ခံစားမှုများနှင့် နေထိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ အကြွင်းမဲ့ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ငန်းဆောင်တာများ အားလုံးကို ပါဝင်လုပ်ဆောင်ရင်း အသက်ရှင်နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာပင်ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်လက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ခန္ဓာ အပြင်ပန်းသဏ္ဌာန်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ထိုအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏ သာမန်အလုပ်အတွက် အပြည့်အဝ အစေခံရင်း အသက်ရှင်သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ သာမန်လူ့သဘာဝသည် ထိုအချိန်သို့ရောက်သောအခါ အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ Read More »

ဘုရားသခင်၏ စကားတော် | နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

ဘုရားသခင်၏ စကားတော် | နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။

၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော်သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသင့်သည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ယဇ်ပုရောဟိတ်နှင့်သာဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် မွေ့လျော်ခံစားနိုင်သော ပစ္စည်းဥစ္စာများ အပါအဝင်) လူသား၏ပူဇော်သက္ကာအားလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်ပြီး လူသားကို ပေးအပ်ခြင်းမဟုတ်။ ထို့ကြောင့် ဤအရာတို့ကို လူသားသည်မခံစားရ၊ လူသားသည် ခံစားမည်ဆိုပါက ထိုသူသည် ပူဇော်သက္ကာများကို ခိုးယူခြင်းဖြစ်မည်။ ထိုသို့ပြုသောသူမှန်သမျှသည် ယုဒဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယုဒသည် သစ္စာဖောက်တစ်ဦးဖြစ်ရုံမက ငွေအိတ်အတွင်းထည့်သည့် အရာများကိုလည်း ယူခဲ့သောကြောင့်ဖြစ်၏။Read More »

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ခွဲခြားသိမြင်ရန် နည်းလမ်းကို ကျွန်မ တွေ့ရှိသည်

ဆုတောင်း, နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, ခရစ်ယာန်, ဧဝံဂေလိတရား

ရှန်းဝမ်၊ မလေးရှား

အယ်ဒီတာ့ မှတ်စု– ယခု ကျွန်ုပ်တို့သည် သခင်၏ ပြန်ကြွလာခြင်းနှင့်ဆိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြသည်။ ယုံကြည်သူအချို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသည့်အရာကို ယုံကြည်ကြသောကြောင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခြင်းခံရမည်ကို ကြောက်ရွံ့ကြပြီး တစ်စုံတစ်ဦးက သခင်ပြန်ကြွလာပြီဟု သက်သေခံနေသည်ကို ကြားသည့်အချိန်တွင်ပင် လမ်းခရီးကို ရှာဖွေဖို့ရန် မဝံ့မရဲဖြစ်နေသေးသည်အထိ သတိထားနေကြပြီး မတုန်မလှုပ် ဖြစ်လာကြလေသည်။ သို့ဆိုလျှင် တစ်ဦးတစ်ယောက်သည် သခင်၏ ပြန်ကြွလာခြင်းကို မည်သို့ ကြိုဆိုပြီး တစ်ချိန်တည်းမှာပင် ခရစ်တော်၏ အယောင်ဆောင်သောသူတို့ကို သတိထားနိုင်မည်နည်း။ ညီအစ်မ ရှန်းဝမ်က အဖြေကို တွေ့ရှိထားပါသည်။ ထို့ကြောင့် သူမ၏ အတွေ့အကြုံကို အတူတကွ တစ်ချက်လေ့လာလိုက်ကြပါစို့။Read More »

ခရစ်ယာန်သီချင်း | ဘုရားသခင်သည် သူ၏ စိတ်သဘောထားအလုံးစုံကို လူသားတို့ကို ဖွင့်ပြခဲ့ပြီ

ခရစ်ယာန်သီချင်း | ဘုရားသခင်သည် သူ၏ စိတ်သဘောထားအလုံးစုံကို လူသားတို့ကို ဖွင့်ပြခဲ့ပြီ

Myanmar Christian Song | ဘုရားသခင်သည် သူ၏ စိတ်သဘောထားအလုံးစုံကို လူသားတို့ကို ဖွင့်ပြခဲ့ပြီ


ကမ္ဘာကိုဖန်ဆင်း ကတည်းက ဘုရားသခင်၏
ဝိညာဉ်သည် ကြီးမားသောအမှု အမြဲ သူ ပြုလုပ်ခဲ့သည်။
သူသည် ကွဲပြား သော တိုင်းနိုင်ငံများ နှင့်
အို…ခေတ်အဆက်ဆက် ကွဲပြားသောအမှု ပြုသည်
သူ၏ ကွဲပြား သော စိတ်သဘောထားကို
ခေတ်တစ်ခုစီရှိ လူများသည် မြင်တွေ့ကြရပြီး
လူများမြင်ဖို့ သူ့ပင်ကိုသဘာဝကို ဖော်ထုတ် ခဲ့သည်
သူ၏ ကွဲပြား သော စိတ်သဘောထားကို
ခေတ်တစ်ခုစီရှိ လူများမြင်တွေ့ရန် သူ၏
ကွဲပြားသောအမှုတော်များမှ တစ်ဆင့် ပြသခဲ့သည်။
အို…သူသည် ဘုရားဖြစ်ပြီး ကရုဏာတော်၊ ချစ်ခြင်း၊
ကြင်နာခြင်းနှင့် ပြည့်
အို…သူသည် လူ့အပြစ်အတွက် ပေးဆပ်သူနှင့်
အို…လမ်းပြသောသူ
သို့သော် သူသည် လူအပေါ် စစ်ကြောစီရင်ခြင်း၊ ကျိန်သင့်စေခြင်းနှင့်
ဆုံးမခြင်းအမှု ကို ပြုသည်။

Read More »

အမှုတော်၌ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှု

ကယ်တင်ခြင်း, ခရစ်ယာန်, ဆုတောင်း, သက်သေခံချက်, အသင်းတော်

မီကျယ်၊ ရှန်ဒုံစီရင်စု

အသင်းတော်သည် ရာထူးနေရာအားလုံးတွင်ရှိသည့် အသင်းတော်ခေါင်းဆောင်များကို တွဲဖက်တစ်ယောက်စီ ရှာစေသည့် အလုပ်အစီအစဉ်တစ်ခု ထုတ်ပြန်ခဲ့သည်။ (လုပ်ဖော်ကိုင်ဖက်တစ်ဦးက အသင်းတော်ခေါင်းဆောင်များ နှင့်တွဲဖက် လုပ်ဆောင်ရန်)။ ထိုအချိန်၌ ထိုအမှုအရာသည် ကောင်းမွန်သော အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ကျွန်မတွေးမိသည်။ ကျွန်မသည် အရည်အချင်း နည်းပါးသူတစ်ဦးဖြစ်သည့်အတွက် အသင်းတော်ဆိုင်ရာလုပ်ငန်း အမျိုးမျိုးကို ပြီးစီးဖို့ရန် ကျွန်မကိုကူညီမည့်သူ လုပ်ဖော်ကိုင်ဖက်တစ်ဦး အမှန်တကယ် လိုအပ်နေသည်။Read More »

Myanmar Choir “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” အမြည်းနမူနာ- ခြေဆင်း Tap အက

နိုင်ငံတော်ကို ကြိုဆိုရန် ကြီးကျယ်ခမ်းနားသည့် ဖိနပ်စည်းချက်လိုက်အက။ နောက်ဆုံးတွင် အားလုံးဂုဏ်ပြုကြသည့် ခေတ်သစ်ရောက်ရှိပြီ။ အကြီးအကျယ် ခရစ်ယာန်ဓမ္မတေးသံစုံ တင်ဆက်မှု၊ “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”သည် မကြာမီ လာမည်။Read More »

ဧဝံဂေလိ ဂီတ | အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ

ကရုဏာ, ကျေးဇူးတော်, ဧဝံဂေလိ

Myanmar Gospel Song | အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ


ချစ်ခြင်းမေတ္တာဆိုတာ အစွန်းအထင်းမရှိ ဖြူစင်တဲ့ စိတ်ခံစားမှု မို့
သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ
ချစ်ခြင်းမေတ္တာသည် အတားအဆီးနှင့်
အခြေနေ အကွာအဝေးတို့အပေါ် သတ်မှတ်ချက်မထားဘူး
သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ
သင်၌ မေတ္တာရှိလျှင် လှည့်ဖြားခြင်း၊ ညည်းတွားခြင်း တို့မရှိ
ပစ်ပယ်ခြင်း တစ်စုံတစ်ရာကို ပြန်ရရန် မျှော်ကိုးခြင်းတို့မရှိ
သင်၌ မေတ္တာရှိလျှင် သင်အနစ်နာခံတတ်မည်၊
အခက်အခဲကို လက်ခံတတ် ပြီး ဘုရားနှင့်
တစ်လုံးတစ်ဝတည်းဖြစ်လိမ့်မည်

Read More »