ဘုရားသခင်၏သိမ်းပိုက်ခြင်း အမှု၏ အရေးပါမှု

ကယ်တင်ခြင်း, အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဧဝံဂေလိတရား

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စာတန်၏ နက်ရှိုင်းစွာဖျက်ဆီးခံခဲ့ရသော လူသားမျိူးနွယ်သည် ဘုရားသခင်တစ်ဆူ ရှိသည်ကိုမသိဘဲ ဘုရားသခင်ကို ကိုးကွယ်ခြင်းအား ရပ်စဲခဲ့သည်။ ကနဦးအစ အာဒံနှင့် ဧဝတို့ ဖန်ဆင်းခံရချိန်တွင် ယေဟောဝါ၏ ဘုန်းအသရေနှင့် ယေဟောဝါ၏ သက်သေတို့သည် အမြဲတည်နေခဲ့၏။ သို့သော် ဖျက်ဆီးခြင်းခံရပြီးနောက် အယောက်တိုင်းက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး သူ့ကို ကြောက်ရွံ့ခြင်းအား အတူတကွ ရပ်တန့်ခဲ့ကြသောကြောင့် လူသားသည် ဘုန်းအသရေနှင့် သက်သေကို ဆုံးရှုံးခဲ့လေသည်။ ယနေ့ သိမ်းပိုက်ခြင်းအလုပ်မှာ သက်သေအားလုံးနှင့် ဘုန်းအသရေအားလုံးကို ပြန်လည်ရယူရန်ဖြစ်ပြီး လူသားများအားလုံး ဘုရားသခင်ကို ကိုးကွယ်စေဖို့ဖြစ်သည်။ ထိုသို့အားဖြင့် ဖန်ဆင်းခံများကြားတွင် သက်သေရှိလိမ့်မည်။ ဤသည်မှာ ဤလုပ်ငန်းအဆင့်တွင် လုပ်ဆောင်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ လူသားမျိုးနွယ်ကို အတိအကျ မည်ကဲ့သို့ သိမ်းပိုက်ရမည်နည်း။ လူသားကို အပြည့်အဝ လက်ခံယုံကြည်စေဖို့ နှုတ်ကပတ်တော်များ၏ ဤလုပ်ဆောင်ချက်ကို အသုံးပြုခြင်းဖြင့် ထိုအရာ လုပ်ဆောင်ရမည်ဖြစ်သည်၊ သူ့အား လုံးဝနှိမ်နင်းရန်အလို့ငှာ ထုတ်ဖော်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် မငဲ့ညာဘဲ ကျိန်ဆဲခြင်းတို့ကို အသုံးပြုခြင်းအားဖြင့်သော်လည်းကောင်း၊ လူ၏ပုန်ကန်မှုကို ဖွင့်ပြခြင်းနှင့် သူ၏ ခုခံမှုကို တရားစီရင်ခြင်းအားဖြင့် ဖြစ်ရမည်၊ သို့မှသာ သူသည် လူသားမျိုးနွယ်၏ မဖြောင့်မတ်ခြင်းနှင့် အညစ်အကြေးကို သိရှိနိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားအား မီးမောင်းထိုးပြရန် ယင်းကို အသုံးပြုရမည်ဖြစ်သည်။ အဓိကအားဖြင့် လူကိုသိမ်းပိုက်ပြီး သူ့ကို အပြည့်အဝ လက်ခံယုံကြည်စေသည့် ဤနှုတ်ကပတ်တော်များအား အသုံးပြုခြင်းပင်ဖြစ်လိမ့်မည်။ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို အဆုံးစွန်သိမ်းပိုက်ရန် လမ်းစဉ်ဖြစ်ပြီး သိမ်းပိုက်ခြင်းကို လက်ခံသောသူအားလုံးက နှုတ်ကပတ်တော်များ၏ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို လက်ခံရမည်ဖြစ်သည်။ စကားပြောခြင်း၏ လက်ရှိလုပ်ငန်းစဉ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ လူတို့သည် အမှန်တကယ် မည်သို့ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဤနှုတ်ကပတ်တော်များကို ထိရောက်စွာစားသောက်ခြင်းနှင့် ၎င်းတို့ကို နားလည်သဘောပေါက်ခြင်းတို့အားဖြင့် ဖြစ်သည်။ လူတို့သည် သူတို့ကိုယ်သူတို့ သိမ်းပိုက်ရန်မဖြစ်နိုင်ပါ။ သင်သည် ဤနှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ညစ်ညမ်းမှု၊ သင်တို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကို သိရှိလာကာ ဘုရားသခင့်ရှေ့မှောက်တွင် လဲကျကြရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်ပြီးနောက် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ကာ ထို့ထက်ပို၍ ရူပါရုံရှိလျှင်၊ အကယ်၍ သင့်အနေဖြင့် ဤနှုတ်ကပတ်တော်များကို လုံးလုံးလျားလျားနာခံနိုင်ပြီး သင်၏ မည်သည့် ကိုယ်ပိုင်ရွေးချယ်မှုကိုမျှ မကျင့်သုံးဘဲနေနိုင်လျှင် သင်သည် သိမ်းပိုက်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ပြင် သင့်ကို သိမ်းပိုက်ခဲ့ပြီးသည့်အရာမှာ ဤနှုတ်ကပတ်တော်များပင် ဖြစ်လိမ့်မည်။ လူသားမျိူးနွယ်က သက်သေကို ဘာကြောင့် ဆုံးရှုံးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘုရားသခင်၌ ယုံကြည်ချက်မရှိ သို့မဟုတ် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို နောက်ထပ် လုံးဝမဆုပ်ကိုင်တော့သည့်အတွက်ဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းဆိုသည်မှာ လူသားတို့အား ဤယုံကြည်ချက်ကို ပြန်လည်ထားရှိစေခြင်းဖြစ်သည်။ လူတို့သည် အလွန်များပြားလှသော မျှော်လင့်ချက်များ သိုထားရင်း၊ သူတို့အနာဂတ်အတွက် အဆမတန် လိုချင်ကြရင်း၊ များပြားလှစွာသော အလွန်အကျွံတောင်းဆိုချက်များ ထားရင်းဖြင့်ပင် လောကဘက်သို့ အမြဲတမ်း တိမ်းညွှတ်လေ့ရှိကြသည်။ သူတို့သည် သူတို့၏ ဇာတိပကတိအတွက် အမြဲတွေးတောစီစဉ်နေကြပြီး ဘုရားသခင်အပေါ် ယုံကြည်မှုနည်းလမ်းအ ရှာဖွေရာ၌ မည်သည့်အခါမျှ စိတ်မဝင်စားကြ။ သူတို့စိတ်နှလုံးများသည် စာတန်၏ဖမ်းဆီးခြင်းကို ခံကြရပြီးဖြစ်သည်။ ဘုရားအပေါ် သူတို့၏ကြောက်ရွံ့ခြင်းကို ဆုံးရှုံးခဲ့ကြပြီဖြစ်ပြီး သူတို့စိတ်နှလုံးကို စာတန်အား ပေးအပ်နေကြပြီဖြစ်သည်။ သို့သော် လူကို ဘုရားသခင် ဖန်ဆင်းထားသည်။ သို့အတွက်ကြောင့် လူက သက်သေကို ဆုံးရှုံးခဲ့ပြီဆိုသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို သူဆုံးရှုံးခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင့်အပေါ် လူ့ ကြောက်ရွံ့ခြင်း၏ ဘုန်းအသရေကို ပြန်လည်အရယူဖို့ဖြစ်သည်။Read More »