【Live】ခရစ်ယာန်ကဗီဒီယို (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) ကိုယ်တော်နှင့်အတူ ပွဲသဘင်သို့ ဝင်ရောက်ခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-“ဘုရားသခင်၏အလင်း၏ လမ်းပြပို့ဆောင်မှု အောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ ချည်နှောင် ညှစ်ချည်ထားမှုကို ဧကန် ချိုးဖျက်နိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော မဟာနဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ဘုရားသခင်၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။

လွန်ခဲ့ပြီးသောအချိန်တွင်၊ သူမ၏ စိတ်ကို တရုတ်ကွန်မြုနစ် မကောင်းဆိုးရွား များ၏ ကောလဟလ များ နှင့် အန္တိခရစ်များ၏ ဘာသာရေး အသိုင်းအဝိုင်းများက ပင့်ကူအိမ်တွင် ပိတ်မိနေသကဲ့သို့ ပိတ်မိစေပြီး၊ ထို့ကြောင့်ပင် သူမသည် စစ်မှန်သောလမ်းကို မရှာဖွေ၊ မလေ့လာ ရဲပေ။ ယခုတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရား နှင့် အချက်အလက်များ အားဖြင့် သခင်ယေရှု ၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုဖို့ရန်၊ သူမသည် ကောလဟလများကို ဖေါက်ထွင်းမြင်ခဲ့ပြီး၊ စာတန်၏ ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခဲ့သည်။

 

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ တွင်၊ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုတော်အားလုပ်ဆောင် နေချိန် ၌၊ သူသည် ရိုင်းစိုင်းသော အသေရေဖျက်ခြင်း နှင့် ဂျူးဘာသာရေး အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန် ရှုတ်ချခြင်းကို ခံစားခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ရောမအစိုးရနှင့် အတူ တပ်ပေါင်းဖွဲ့ပြီး၊ သူ့အား ကားတိုင် ၌ သံရိုက်စီရင်ခဲ့သည်။ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုသည် သွေးသားခန္ဓာ ဖြင့်ပြန်လည် ကြွဆင်းလာကာ၊ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန်အတွက် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်၊ ဤတစ်ကြိမ်တွင် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေး လောက၏ သွေးရူးသွေးတန်း ရှုတ်ချပြစ်တင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့အား သူသည် ထပ်မံတွေ့ကြုံ ခံစားရသည်။ ပြန့်နှံ့နေသော ကောလဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပေါ် မှားယွင်းသော အယူအဆများ၊ တရားစီရင်ခြင်းနှင့် အသရေဖျက်မှုများသည် မမြင်နိုင်သော ကျော့ကွင်းကဲ့သို့ မရေမတွက်နိုင်သော ယုံကြည်သူများအား လွမ်းအုပ်ထားပြီး ထိန်းချုပ်ထားလျက်ရှိသည်။ သမိုင်း၏ အဖြစ်ဆိုးမှာ တကျော့ပြန်လည်လာခြင်းဖြစ်ပေသည်…

【Live】ခရစ်ယာန်ကဗီဒီယို (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) ကိုယ်တော်နှင့်အတူ ပွဲသဘင်သို့ ဝင်ရောက်ခြင်း

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Subtitle Movies 2019 | ကောင်းကင်နိုင်ငံတော်သားများ

Myanmar movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s