ဘုရားသခင်၏နိုင်ငံတော် မကြာမီရောက်ရှိလာရန် သင်မျှော်လင့်ပါသလား။သင်သည် မုန်ဝါးမှုထဲတွင်သာ ဆက်လက် စောင့်မျှော်နေပါသလား။နားထောင်ကြည့်ပါ။ဒါက ဘာအသံတွေလဲ။
လူ၏စိတ်နှလုံးကို တုန်လှုပ်စေသော ဝမ်းမြောက်သံသည် အဝေးမှမြည်လာသည်၊၎င်းသည် ယုံကြည်သူတိုင်း ကြာမြင့်စွာမျှော်လင့်ခဲ့သည့် အသံဖြစ်သည်၊ဘုရားသခင်၏နိုင်ငံတော်သည် လူ့လောကသို့ ကြွဆင်းလာပြီ။
ပို၍များသော အံ့သြဖွယ်ကောင်းသော အကြောင်းအရာ
https://my.kingdomsalvation.org/special-topic/kingdom-has-descended-on-the-world/index.html#more
ဓါတ်ပုံ– အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှလာ၏။
https://www.holyspiritspeaks.org/special-topic/kingdom-has-descended-on-the-world/copyright_en.html
အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။ လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။
နာကျင်မှုတွင် အသက်ရှင်ပြီး စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့သူ လူကြားတွင်၊ အဘယ်သူသည် ဘုရားသခင်၏ ကြွရောက်ခြင်းကို မတောင့်တ၊ မတမ်းတဘဲ ရှိသနည်း။ ခေတ်ကာလတစ်လျှောက် ဘုရားသခင်၏ ယုံကြည်သူများနှင့် နောက်လိုက် မည်မျှသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင်၊ ဆင်းရဲဒုက္ခ၊ အခက်အခဲ၊ နှိပ်စက်ညှင်းပန်းမှုနှင့် ဖယ်ကြဉ်ခြင်းကို ခံခဲ့ရပါသနည်း။ ကောင်းကင်နိုင်ငံတော် မကြာခင် ကြွလာတော့မည်ကို မည်သူ မမျှော်လင့်ဘဲနေသနည်း။ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မြည်းစမ်းရင်းဖြင့်၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းက လူကြားတွင် တန်ခိုးအာဏာကိုင်စွဲသည်ကို လူသားမျိုးနွယ်ထဲက မည်သူက ဆန္ဒမရှိဖြစ်ပါသနည်း။
နိုင်ငံတော် ကြွရောက်လာသည့်အခါ၊ တိုင်းနိုင်ငံများနှင့် လူများအားလုံးက အလွန်အမင်း စောင့်ဆိုင်းကြသည့် နေ့ရက် နောက်ဆုံးတွင် ရောက်လာမည်။ ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့ကြားတွင် မည်သည့် မြင်ကွင်းများ ဖြစ်လိမ့်မည်နည်း။ နိုင်ငံတော်ထဲက အသက်တာသည် မည်မျှ လှပလိမ့်မည်နည်း။ “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” နှင့်အတူ နှစ်ထောင်ပေါင်းများစွာ ဆုတောင်းချက်များ အမှန်ဖြစ်လာမည်။
၂၀၁၉ ခုနှစ် ကြီးကျယ်သော ခရစ်ယာန် သံစုံတေးသီချင်း “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” မြေကြီးပေါ် ဘုရားသခင်၏ နိုင်ငံတော် ရောက်ရှိခြင်းကို အောင်ပွဲခံပါ
အတွဲအဖက်- လူတို့သည်ဘုရားကိုသြဘာပေးကြ၏။ လူတို့သည်ဘုရားကိုချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည်စစ်မှန်သောတစ်ဆူတည်းသော ဘုရား၏နာမကိုမြွက်ဆိုကြ၏။ နိုင်ငံတော်သည်ကမ္ဘာပေါ်သို့ဆင်းသက်၏။
၁။ လူတို့သည်ဘုရားကိုသြဘာပေးကြ၏။ လူတို့သည်ဘုရားကိုချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည်စစ်မှန်သောတစ်ဆူတည်းသော ဘုရား၏နာမကိုမြွက်ဆိုကြ၏။ လူခပ်သိမ်းတို့သည်ငါ၏အမှုတို့ကိုမျက်လုံးပင့်၍ကြည့်ကြ၏။ နိုင်ငံတော်သည်ကမ္ဘာပေါ်သို့ဆင်းသက်၏။ ဘုရားခန္ဓာသည်ချမ်းသာကြွယ်ဝ၏။ အဘယ်သူသည်ဤသည်အတွက်အောင်ပွဲမဆင်နွှဲဘဲနေမည်နည်း။ အဘယ်သူသည်ဤအတွက်ပျော်ရွှင်စွာမကဘဲနေမည်နည်း။ အို…ဇိအုန်မြို့။ ဘုရားသခင်အတွက်အောင်ပွဲကျင်းပရန်သင်၏အောင်လံထူကြလော့။ သင်၏အောင်ပွဲခံသီချင်းဆို၍ငါ၏သန့်ရှင်းသောနာမကိုဖြန့်လော့။ ဘုရား၏သန့်ရှင်းသောနာမကိုဖြန့်လော့။
၂။ အရာခပ်သိမ်းတို့။ ဘုရားအတွက်ယဇ်ပူဇော်သည့်အနေဖြင့်သင်တို့ကိုယ်သင်တို့သန့်စင်ကြလော့။ ကောင်းကင်ရှိကြယ်တို့…မိမိနေရာသို့ပြန်ကြ၍ မိုမျက်နှာကြက်၌ဘုရား၏အားကြီးသောတန်ခိုးကိုပြကြလော့။ ဘုရားအပေါ်သွန်းလောင်းသောမြေကြီးပေါ်ရှိသူတို့၏အသံများကို သီချင်းဖြင့်အနန္တမေတ္တာနှင့်လေးမြတ်မှုတို့ကို ဘုရားနားထောင်၏။ ဤနေ့ရက်၌အရာခပ်သိမ်းပြန်လည်နုပျိုစဉ်တွင် လူ့လောကထဲသို့ ဘုရားဆင်းကြွလာ၏။ ဤအချိန်တွင်ပန်းများပွင့်၍ ငှက်များသီချင်းဆိုကာအရာခပ်သိမ်းဝမ်းမြောက်လျက်ရှိကြ၏။ နိုင်ငံတော်၏ဂုဏ်ပြုသံအားဖြင့်စာတန်၏နိုင်ငံတော်ပြိုလဲကာ နိုင်ငံတော်သီချင်း၏သံပြိုင်ရိုက်ခတ်မှုကြောင့်ပျက်စီး၏။ အပြင်မည်သည့်အခါမျှနောက်တဖန်နာလန်မထူတော့ပါ။
၃။ ကမ္ဘာပေါ်မှမည်သူသည်ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ဘုရားဆင်းသက်စဉ်တွင် ဘုရားသည်မီးလောင်ခြင်းယူဆောင်ခဲ့၏။ ဒေါသယူဆောင်ခဲ့၏။ ကပ်ဘေးခပ်သိမ်းယူဆောင်ခဲ့၏။ လောကီနိုင်ငံတို့သည်ယခုငါ၏နိုင်ငံတော်ဖြစ်၏။ မိုးကောင်းကင်တွင်တိမ်များလူးလှိမ့်လျက်လှိုင်းလုံးပမာထကြွကြ၏။ မိုးကောင်းကင်အောက်ရှိရေကန်များနှင့်မြစ်များတွင်ရေများမြင့်တက်၍ လေးနက်သည့်စိတ်ခံစားမှုဖြစ်စေသည့်သီချင်းတစ်ပုဒ်ထုတ်၏။ နားနေသည့်တိရစ္ဆာန်များ၎င်းတို့၏သားရဲတွင်းများမှပေါ်ထွက်လာကာ အိပ်စက်နေသူခပ်သိမ်းတို့ ဘုရားကြောင့်နိုးကြ၏။ နောက်ဆုံးတွင်လူခပ်သိမ်းစောင့်ခဲ့သည့်နေ့ရက်ရောက်လာခဲ့ပေပြီ။ သူတို့သည် ဘုရားအားအသာယာဆုံးသီချင်းများပူဇော်ကြ၏။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ဆောင်ရွက်မှုများ
Myanmar Subtitle movie | ကောင်းကင်နိုင်ငံတော်သားများ
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း