ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို စီစဉ်ပြီး မိုးမျက်နှာကြက်ကို ပြုလုပ်ကာ အခြေခံ အကျဆုံးလူသား၏ ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာတစ်နေရာ ပေါ်ထွက်လာသည်

သမ္မာကျမ်းစာ၏ ဒုတိယကျမ်းပိုဒ်ကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၆-၇) ဘုရားသခင်သည် “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ” ဟုမိန့်ပြီးနောက်တွင် မည်သို့ပြောင်းလဲမှု ပေါ်ပေါက်ခဲ့သနည်း။ ကျမ်းပိုဒ်တွင် ဤကဲ့သို့ဆိုသည်၊ “မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်။” ဘုရားသခင်သည် ဤသည်ကို မိန့်ကြားကာ ပြုလုပ်အပြီးတွင် အဘယ်ရလဒ်ရလာသနည်း။ ဤအဖြေသည် ကျမ်းပိုဒ်၏ နောက်ဆုံးအပိုင်းတွင်ရှိသည်။ “ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။”

ဤဝါကျတိုနှစ်ခုသည် ဘုရားသခင်က လူသားအသက်ရှင် ရပ်တည်နိုင်သည့် နေရာတစ်ခုကို ဖန်ဆင်းခဲ့ပြီး ရေကို အုပ်စိုးသည့် ကြီးမားသည့် လုပ်ဆောင်မှုဖြစ်သော အံ့သြစရာမြင်ကွင်းကိုဖော်ပြပြီး ကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားသည်။

ဖန်ဆင်းသူ, ဘုရားသခင်, ဘုရား၏အနန္တတန်ခိုး, သမ္မာကျမ်းစာ, အသက်

Read More »