လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုရှိသနည်း။

ကယ်တင်ခြင်း, ကယ်တင်ရှင်, နောက်ဆုံးသောကာလ, ဝိညာဉ်တော်, သခင်ယေရှု

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊… သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း။” (ထွက်မြောက်ရာကျမ်း ၃၃:၁၈၊၂၀)

“ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၂၈၊၂၉)

ဘုရားသခင်၏ ဂန္တဝင် နှုတ်ကပတ်တော်များ

“ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏ရှုထောင့်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦးတစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။”

“လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဘုရားသခင်၏ ဂန္တဝင် နှုတ်ကပတ်တော်များ

ကယ်တင်ခြင်း, ကယ်တင်ရှင်, နောက်ဆုံးသောကာလ, ခရစ်ယာန်, သခင်ယေရှု

“ကယ်တင်ခြင်းခံရမည့် သူများအားလုံးအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် ဇာတိခန္ဓာထက် သာ၍ သေးငယ်သည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာတို့ အားလုံးအပေါ်၌ လွှမ်းခြုံနိုင်သော်လည်း ဇာတိခန္ဓာ၏ အမှုသည် သူနှင့် ထိတွေ့မှုရှိသော သူအားလုံးအတွက် ပို၍ထိရောက်စွာ ပတ်သက်အကျုံးဝင်လေသည်။ ထို့အပြင် ထိတွေ့နိုင်သော ပုံသဏ္ဌာန်ရှိသည့် ဘုရားသခင်၏ ဇာတိခန္ဓာကို လူသားအနေဖြင့် ပို၍နားလည်ကာ ပို၍ယုံကြည်နိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို ပို၍နက်ရှိုင်းစေနိုင်ကာ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်အမှန်များနှင့်ပတ်သက်၍ ပို၍လေးနက်သော ထင်မြင်ချက်များကို လူသားတို့ထံတွင် ချန်ထားခဲ့နိုင်ပါသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ဖုံးကွယ်နေပြီး၊ သေမျိုးဖြစ်သည့် လူသားတို့အတွက် နားလည်ရန်ခက်ခဲလှကာ၊ တွေ့မြင်နိုင်ရန် ပို၍ပင်ခက်ခဲသဖြင့် သူတို့သည် အနှစ်သာရမဲ့သော ထင်မြင်ချက်များအပေါ်တွင် မှီခိုခြင်းသာ ပြုနိုင်သည်။ သို့ရာတွင် ဇာတိခန္ဓာ၏ အမှုသည် သာမန်ဖြစ်ပြီး၊ အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာရှိသည်၊ ထို့ပြင် လူသား၏ ခန္ဓာမျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အချက်အလက်တစ်ခုဖြစ်သည်၊ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ကာ များပြားလှသော သူ၏စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်တော့ပေ။ ဤသည်မှာ ဇာတိခန္ဓာရှိသည့် ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုးဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့မမြင်နိုင်သော အရာများကိုသာ လုပ်နိုင်ပြီး လူတို့တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာ- ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဝိညာဉ်တော်၏ လှုပ်ရှားခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းတို့ကိုသာ ပြုနိုင်သည်၊ သို့ရာတွင် စိတ်နှလုံးရှိသော လူသားတို့အတွက် ဤအရာတို့မှာ ရှင်းလင်းသော အဓိပ္ပာယ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးအပ်ပြီး နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက်တစ်ခုကို မပေးအပ်နိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုမှာမူ အလွန်ပင်ကွာခြားသည်။ ထိုအမှု၌ နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းညွှန်မှုရှိပြီး၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ပန်းတိုင်တို့ရှိသည်။ သို့ဖြစ်၍ လူတို့သည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် သူတို့အတွေးအထင်များကို အသုံးပြုစရာ မလိုတော့ပေ။ ဤသည်မှာ ဇာတိခန္ဓာနှင့်ဆိုင်သည့်အမှု၏ ကြည်လင်ပြတ်သားမှုဖြစ်ပြီး ထိုအမှုနှင့် ဝိညာဉ်တော်၏ အမှုတို့ ကြီးမားစွာကွာခြားမှုဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွက်သာ သင့်လျော်ပြီး၊ ဇာတိခန္ဓာ၏အမှုကို အစားမထိုးနိုင်ပေ။ ဇာတိခန္ဓာ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို ပို၍တိကျပြီး လိုအပ်သော ပန်းတိုင်များ၊ ပို၍စစ်မှန်တန်ဖိုးရှိသော အသိပညာများပေးသည်။”

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

ဇာတ်လမ်းတို (၁) သခင် ပြန်လာတဲ့အခါ၊ လူတွေဆီ ဘယ်လိုပေါ်ထွန်းမှာလဲ

သခင်ယေရှု ထမြောက်တော်မူပြီး၊ ကောင်းကင်ဆီ တက်သွားခဲ့တဲ့နောက်၊ ရာစုနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်ုပ်တို့ယုံကြည်သူတွေက ကယ်တင်ရှင်ယေရှုရဲ့ပြန်အလာကို စိတ်အားထက်သန်စွာ တမ်းတခဲ့ကြပါတယ်။ သခင် ပြန်လာတဲ့အခါ၊ ကျွန်ုပ်တို့ဆီကို ပေါ်ထွန်းလာမှာက ထမြောက်ခဲ့တဲ့ယေရှုရဲ့ဝိညာဉ်ခန္ဓာသာ ဖြစ်လိမ့်မယ်လို့ လူအများစုက ယုံကြည်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ဘာကြောင့် လူသားအဖြစ်နဲ့ လူ့ဇာတိခံပြီး ပေါ်ထွန်းနေတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ လူသည် ဇာတိ ပကတိ ဖန်ဆင်းခံဖြစ်ပြီး လူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး သဘာဝ အားဖြင့် ခြားနားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ ဇာတိပကတိနှင့် သဟဇာတဖြစ်မှု မရှိပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့် ဆက်ဆံရေးကိုမှ တည်ဆောက်၍ မရနိုင်ပေ …” “လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏ နှုတ်ကပတ် တော်များကို အားလုံး၏ နားများ ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်ခြင်းဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြ မည်။ ယင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ရရှိသော ရလဒ်ဖြစ်…” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အသိပညာမျာ:

ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s