တတိယနေ့တွင် ဘုရား၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ပေါ်ပေါက်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို သက်ရှိတို့နှင့် ပြည့်စေခဲ့သည်

နောက်ထပ် ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ။” “ မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ” ဟု ဘုရားသခင်က ရိုးရိုးပဲ ပြောလိုက်သည့်အခါ မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။ အလင်းနှင့် မိုးမျက်နှာကြက်မှလွဲ၍ ဤနေရာတွင် အဘယ်အရာရှိနေခဲ့သနည်း။ ကျမ်းစာထဲတွင် ဤသို့ရေးထားသည်၊ “ ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။” တစ်နည်းအားဖြင့် ယခုတွင် ဤနေရာ၌ မြေကြီးနှင့် ပင်လယ်တို့ရှိလာခဲ့ပြီး မြေကြီးနှင့်ပင်လယ်တို့သည် ခွဲခြားခြင်းခံခဲ့ရသည်။ ဤအသစ်သောအရာများ၏ ပေါ်ထွန်းမှုသည် ဘုရားသခင်၏နှုတ်တော်က ပညတ်ချက်များကို လိုက်နာခဲ့သည်။ “ အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ဘုရားသခင်သည် ဤအရာများကိုလုပ်နေစဉ်တွင် အလုပ်ရှုပ်နေခြင်းမျိုးကို သမ္မာကျမ်းစာက ဖော်ပြသလော။ ကိုယ်ကာယအင်အားနှင့် အလုပ်လုပ်နေသည်ဟု ဖော်ပြသလော။ ဤသို့ဆိုလျှင် ဤအရာများအားလုံးကို ဘုရားသခင်က မည်သို့ပြုလုပ်ခဲ့သနည်း။ ဤအရာဝတ္ထုအသစ်များကို ဘုရားသခင်က မည်သို့ဖြစ်ပေါ်စေခဲ့သနည်း။ ရှင်းပြနေစရာမလိုပေ။ ဤအရာများအားလုံးကို ရရှိရန်၊ ဤအရာအားလုံးကို ဖန်ဆင်းရန် ဘုရားသခင်သည် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။

အထက်ပါ ကျမ်းပိုဒ်သုံးပိုဒ်တွင် ဖြစ်ရပ်ကြီးသုံးရပ်ပေါ်ပေါက်မှုကို ငါတို့သင်ယူခဲ့ရသည်။ ဤဖြစ်ရပ်ကြီး သုံးရပ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကတစ်ဆင့် ပေါ်ပေါက်လာပြီး ဖြစ်တည်လာခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဘုရားသခင်၏ မျက်မှောက်ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် “ ဘုရားသခင်သည် မိန့်ကြားပြီး ထိုအရာသည် ပြီးပြည့်စုံလိမ့်မည်။ သူအမိန့်ပေးပြီး ခိုင်မာစွာရပ်တည်လိမ့်မည်” ဟူသည့်စကားများသည် အနှစ်သာရမပါသည့် စကားများ မဟုတ်ပေ။ ဘုရားသခင်၏ ဤအနှစ်သာရသည် သူ၏အတွေးများပေါ်လာသည်နှင့် ချက်ချင်းပင် အတည်ပြုခြင်းခံရပြီး ဘုရားသခင်က မိန့်ကြားရန် သူ၏နှုတ်ကို ဖွင့်ဟလိုက်သည့်အခါတွင် သူ၏ အနှစ်သာရသည် အပြည့်အဝ ပုံရိပ်ထင်လာသည်။

ဖန်ဆင်းသူ, ဘုရားသခင်, သမ္မာကျမ်းစာ, အသက်, အသက်စမ်းရေ

Read More »