【Live】ဧဝံဂေလိရုပ်ရှင် | ဘုရားသခင်၌ ယုံကြည်ခြင်းသည် အတိအကျ မည်သည့်အရာနည်း။

ယုံကြည်ခြင်းက ဘာဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ၊ အဲဒါက အရမ်းကို ရိုးရှင်းလွန်းတဲ့ ကိစ္စတစ်ခုလို့ခံစားမိတဲ့လူတွေ အများကြီး ရှိကောင်းရှိမှာပါ ယုံကြည်ခြင်းဆိုတာ ဘုရားသခင်တစ်ပါး ရှိတာကို ယုံကြည်တာဖြစ်ပြီး၊ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းထားတယ်ဆိုတာကို အသိအမှတ်ပြုတာပါ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုတာ အဲဒါပဲ မဟုတ်လား တစ်ချို့ ဒီလို ယုံကြည်တဲ့သူတွေလည်း ရှိပါတယ်။သခင်ယေရှုကို ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံပြီးပြီ၊ သခင့်နာမနဲ့ ကျွန်တော်တို့ ဆုတောင်းချက်တွေ ဆက်ကပ်ကြတယ် ကျမ်းစာဖတ်တယ် အတူစည်းဝေးကြတယ် ဧဝံဂေလိဖြန့်ဝေကြတယ် အဲဒါက ဘယ်လိုဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်း မဖြစ်နိုင်မှာလဲလို့ပေါ့ ဒါပေမယ့် ဒီအမြင်တွေက ကျွန်တော်တို့ကို ဘုရားသခင် တောင်းဆိုတဲ့အရာနဲ့ကိုက်ညီရဲ့လားဆိုတာကို ကျွန်တော်တို့ စဉ်းစားဖူးကြပါသလား။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းဆိုတာ အတိအကျ ဘာများလဲ ဘယ်လို ယုံကြည်ခြင်းမျိုးက ဘုရားသခင်ရဲ့ လက်ခံမှုကို ရနိုင်လဲ ကျေးဇူးပြု၍ ဤအစီအစဉ်၌ ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်ပါ။ သင့်ကို ယုံကြည်ခြင်း၏နက်နဲသောအရာများစွာ ထုတ်ဖော်ပြောပါလိမ့်မည်။

 

Read More »

၄) နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်၏ အရေးပါမှုကို ယင်းတရားစီရင်ခြင်းအမှုတော်မှ ရရှိသည့် ရလဒ်များထဲတွင် တွေ့မြင်နိုင်ပါသည်။

ဆုတောင်း, ထာဝရအသက်, နောက်ဆုံးသောကာလ, ယုံကြည်ခြင်း, သန့်ရှင်း

(၁) နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် လူသားကို သန့်စင်ဖို့၊ ကယ်တင်ပြီး စုံလင်စေဖို့နှင့် အောင်မြင်သော သူများ အုပ်စုတစ်စုကို ဖန်တီးဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။ အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။” (ဗျာ ၃:၁၀-၁၂)Read More »