ဘုရားသခင်ကို အစေခံသော အချိန်တွင် လှည့်ကွက်အသစ်များ မရှာပါနှင့်

ခရစ်ယာန်, နာခံခြင်း, ယုံကြည်ခြင်း, အသက်, ဧဝံဂေလိ

ဟေးရီ၊ လျောင်နင်း စီရင်စု

မကြာသေးမီတွင် ကျွန်မ၏ညီအစ်ကို၊ မောင်နှမများမှ ကျွန်မအားအသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ကျွန်မအလွန်ပင် ကျေးဇူးတင်ခဲ့ပြီး၊ ဘုရားသခင်၏ ကျေးဇူးကို ပြန်ဆပ်ရန် ကျွန်မ တာဝန်ကျေစွာထမ်းဆောင်ရမည် ဟု တွေးခဲ့သည်။ ကျွန်မသည် အသင်းတော်၏ ဧဝံဂေလိကဏ္ဍသည် ရလဒ်ကောင်းများ မထွက်သည်ကို မြင်တွေ့ခဲ့သည်။ ထို့ကြောင့် ကျွန်မနှင့်တကွ ကျွန်မ၏ ညီအစ်ကို၊ မောင်နှမများကပြသာနာကို ဖြေရှင်းရန် ခေါင်းချင်းဆိုင်ခဲ့ကြသည်။ ကြိုးစားလုပ်ဆောင်သည့် ကာလတစ်ခုကြာပြီးနောက်၊အသင်းတော်၏ ဧဝံဂေလိကဏ္ဍသည် အသက်မဲ့မြဲဖြစ်ပြီး ဧဝံဂေလိကဏ္ဍတွင် ပါဝင်နေသော ကျွန်မ၏ ညီအစ်ကို၊ မောင်နှမများသည်လည်း စမ်းသပ်မှုများထဲ၌ ရှင်သန်နေကြရသည်။ ဤသို့ အခြေအနေတွင် ကျွန်မဒီထက်ပို၍ ကျွန်မ ခံစားချက်ကို မမျိုသိပ်နိုင်တော့ပါ။ ဧဝံဂေလိ အလုပ် ပြန်လည်နိုးကြားလာအောင် ကျွန်မ မည်သို့လုပ်ဆောင်ရမည်နည်း။ ကျွန်မ ဦးနှောက် သုံးပြီးနောက် နောက်ဆုံးတွင် ကောင်းမွန်သည့် ဖြေရှင်းချက်တစ်ခုကို ကျွန်မ စဉ်းစားမိခဲ့သည်။ ဧဝံဂေလိအဖွဲ့အတွက် လစဉ် ဆုပေးပွဲကို ကျင်းပပေးပြီး တစ်ဦးချင်း ထူးချွန်သူများနှင့် စံပြတရားဟောဆရာများကို ရွေးချယ်ကာ ဘုရားသခင်အတွက် ဝိညာဉ်များစွာ ပြောင်းလဲစေသူကို ဆုပေး၍ ဝိညာဉ်အနည်းငယ်သာ ပြောင်းလဲစေသူကို သတိပေးဆုံးမမည် ဟူ၍ဖြစ်သည်။ ဤအရာသည် သူတို့ကို စိတ်အားထက်သန်စေရုံမျှမက အပျက်သဘောဆောင်ပြီး အားနည်းသော ညီအစ်ကို၊ မောင်နှမများကိုလည်း တွန်းအားပေးပေလိမ့်မည်။ ကျွန်မ ဤအရာကို စဉ်းစားသောအခါ၊ ကျွန်မ၏ လိမ္မာပါးနပ်သည့် လှုပ်ရှားမှုအတွက် အလွန်စိတ်လှုပ်ရှားခဲ့သည်။ “ဒီတစ်ခါတော့ ငါလူတိုင်းကို တကယ် အံ့သြသွားစေရမယ်” ဟု တွေးခဲ့သည်။Read More »

Advertisements