သခင်ယေရှုကပြောခဲ့သည် သူအလျှင်အမြန်ပြန်ကြွလာမည်။ ဘယ်လိုနည်းလမ်းဖြင့်ပြန်ကြွလာမှာလဲ?

သခင်ယေရှုကပြောခဲ့သည် သူအလျှင်အမြန်ပြန်ကြွလာမည်။ ဘယ်လိုနည်းလမ်းဖြင့်ပြန်ကြွလာမှာလဲ?

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ကြွတက်ပြီးနောက် ကိုယ်တော်ကို အမှန်တစ်ကယ်ယုံကြည်သောခရစ်ယာန်များသည် ကိုယ်တော်တစ်ဖန်ကြွလာမည်ကို မျှောင်လင့်စောင့်ဆိုင်းလျက်ရှိကြသည်။ အထူးသဖြင့် နောက်ဆုံးကာလ၌ ရောက်ရှိနေသောကျွန်ုပ်တို့သည် ကိုယ်တော်တစ်ဖန်ကြွဆင်းလာပြီး ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံသို့ချီဆောင်သွားမည်ကို မျှော်လင့်နေကြသည်။ ဒီလိုမျှော်လင့်ခြင်းစိတ်လေးဖြင့်စောင့်ဆိုင်းရင်း ကိုယ်တော်မည်သို့မည်ပုံကြွဆင်းလာမည်ပြီးထင်ရှားပြမည်ကို အာလုံးသိပါသလား။ အချို့ညီအစ်ကိုမောင်နှမများက ကျမ်းချက် ( ရှင်လုကာခရစ်ဝင် ၂၁:၂၇) ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီးလျက် ကြွ လာသည်ကို မြင်ရကြလိမ့်မည်။ ထောက်ထား၍ ကိုယ်တော်ပြန်ကြွလာလျှင်  ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်နှင့် မိုးဃ်တိမ်ကိုစီးလျက် ကြွဆင်းလာမည်ဟုထင်မြင်ကြသည်။ တကယ်တမ်းကျမ်းစာထဲတွင် ကိုယ်တော်မိုးဃ်တိမ်ဖြင့်ထင်ရှားစွာကြွာလာမည်ကို ပရောဖက်ထားရုံတင်မက သူခိုးကဲ့သို့ တိုးတိတ်စွာကြွာလာမည်ဟူ၍လည်း ပရောဖက်ထားပါသည်။ “ဥပမာအားဖြင့် သူခိုးကဲ့သို့ ငါလာ၏။ ” ( ဗျာဒိတ်ကျမ်း ၁၆:ဗျာဒိတ်ကျမ်း။ ၁၆)ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။ (ဗျာဒိတ်ကျမ်း၃:၂၀) (ရှင်မဿဲခရစ်ဝင်၂၅:၆ ) သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ “ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ရထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။ ၈မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ ”သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ဤကျမ်းပုဒ်များတွင် ရှင်းလင်းစွာပြောကြားထားသည်။ ကိုယ်တော်ပြန်ကြွလာချိန်တွင် လူတိုင်းတွေ့နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သတိမထားမိသောအချိန်တွင်ကြွဆင်းလာပြီး လူတစ်ဦးတစ်ယောက်မှ ဟစ်အော်ပြောကြားလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရသော် ကိုယ်တော်တစ်ဖန်ကြွလာမည့်သတင်းကို တစ်စုံတစ်ယောက်ကသက်သေခံပြောကြားမှသာ ကျွန်ုပ်တို့သိရလိမ့်မည်။ ထို့ကြောင့် ထိုသက်သေခံချက်ကိုကြားပြီး ရှာဖွေလေ့လာမှသာလျှင် ကိုယ်တော်တစ်ဖန်ကြွဆင်းလာခြင်းကို ကြိုဆိုမိမည်ဖြစ်သည်။ အကယ်၍ ကိုယ်တော်ပြန်ကြွလာသောသတင်းကိုကြားလျက်နှင့် မရှာဖွေမလေ့လာပါက ကိုယ်တော်ကိုတံခါးအပြင်ဘက်၌ငြင်းပယ်မိပြီး ကိုယ်တော်ကို ကြိုဆိုနိုင်မည်မဟုတ်ပါ။ ကိုယ်တော်တစ်ဖန်ကြွလာခြင်းနှင့်ပတ်သက်သောအဓိကအချက်များကို ဝေငှလိုက်ပါသည်။ ကျွန်ုပ်တို့အတူတကွ ကိုယ်တော်အမှန်တကယ်ကြွဆင်းလာမည့်နည်းလမ်းကို ရှာဖွေကြပါစို့။Read More »

Advertisements