ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ သဘာဝမှာ အဘယ်နည်း

ကယ်တင်ခြင်း, ချီးမွမ်းခြင်း, ဆုတောင်းခြင်း, ယုံကြည်ခြင်း, သမ္မာတရား

ရှီကြူ၊ ဟေလုံကျန်း ပြည်နယ်

ဘုရားနှုတ်ကပတ်တော်များက- “အကယ်၍ သင်သည် ငါ့အားအစဉ်အမြဲသစ္စာရှိ၍ ငါ့အပေါ်မေတ္တာထားသော်လည်း သည်းထန်စွာဖျားနာခြင်း၊ ဘဝတွင်ဆင်းရဲခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများ၏ ပစ်ပယ်မှုကို ခံရခြင်းနှင့် ဘဝအကြောင်းမလှခြင်း စသည့်ဒဏ် အမျိုးမျိုးကို ခံစားခဲ့ရသော် ငါ့အားသစွာရှိခြင်းနှင့် ချစ် ခြင်း ဆက်လက်၍ မြဲမည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ- သစ္စာဖောက်ခြင်း (၂)”) ဟု ပြောပါသည်။ လူသားအပေါ် ဘုရားသခင် ရှိသည့် ဤတောင်းဆိုချက်ကို ကျွန်မ ဖတ်ရှုသည့်အခါတိုင်းတွင်၊ ပြောမပြတ်တတ်အောင် ဝမ်းနည်းမှုကို ကျွန်မ ခံစားရပြီး၊ “အို ဘုရားရှင်။ ကိုယ်တော့်ကို သစ္စာရှိပြီး ချစ်တဲ့သူတွေကို ဘယ်လိုဖြစ်ပြီး အဲဒီလို ကံဆိုးခြင်းကို ကြုံခွင့်ပေးနိုင်ရတာလဲ။ အရင်က သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရတဲ့ လူက ‘လူသားအပေါ် ဘုရားသခင်ရဲ့ နောက်ဆုံးတောင်းဆိုချက်က ချစ်ခြင်းနဲ့ ရိုးသားခြင်းဖြစ်တယ်’ လို့ ပြောပြီး မိတ်သဟာယပြုပေးခဲ့တယ်။ ဒါကို ကျွန်မတို့ ဘယ်လို နားလည်ရပါ့မလဲ” ဟု တွေးမိပါသည်။ ဤစကားလုံးများက ကျွန်မကို အမြဲ အကြံအိုက်စေခဲ့သည်။

လတ်တလောတွင်၊ ကျွန်မတာဝန်ကို ကျွန်မနှင့်အတူ ဆောင်ရွက်သည့် ညီအစ်မက သိုင်းရွိုက်ဂလင်း လွန်ကဲခြင်း ဖြစ်ပေါ်ခဲ့သည်။ တဖြည်းဖြည်းနှင့်၊ သူ၏ အခြေအနေက တစ်နေ့ကို အစာခြောက်ကြိမ် စားရသည်အထိ ရောက်လာခဲ့သည်။ နာမကျန်းခြင်း၏ ဖိစီးမှုကြောင့်၊ သူမ၏ ခွန်အား တဖြည်းဖြည်း ယုတ်လျော့လာခဲ့ပြီး၊ နေ့တိုင်း စိတ်ဓာတ်ကျခြင်း၊ အားနည်းခြင်းနှင့် ပင်ပန်းနွမ်းလျမှုတွင် သူ အသက်ရှင်ရလေသည်။ သူမ၏ တာဝန်များကို ထမ်းဆောင်ဖို့ သမ၏ ဆန္ဒကို ခန္ဓာကိုယ်က တကယ် မလိုက်လျောနိုင်ခဲ့ဘဲ၊ သူ၏ နာမကျန်းဖြစ်ခြင်းက ပိုပိုပြီး တိုးလာခဲ့သည်။ အဘယ်ကြောင့် ဤအရာဖြစ်နေသည်ကို ကျွန်မ နားမလည်နိုင်ခဲ့ပါ။ ဤညီအစ်မသည် သူမ၏ တာဝန်များကို ဖြည့်ဆည်းရာတွင် မိမိကိုယ်ကို ဆက်ကပ်ဖို့ သူ၏ မိသားစုနှင့် အကျိုးအမြတ်ကောင်းဖြင့် လစာမြင့်မားသည့် အလုပ်ကို စွန့်လွှတ်ခဲ့ကာ၊ အလွန် သစ္စာရှိခဲ့သည်။ သူမ စွန့်လွတ်ခဲ့သည့် အရာအားလုံးအတွက်၊ အပြန်အလှန်အားဖြင့် ဤနာမကျန်းဖြစ်ခြင်း၏ ညှင်းဆဲခြင်းဖြင့် ဖိစီးခံရဖို့မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။ ကျွန်မ၏ ခံစားချက်ကို အပြင်ပန်းအားဖြင့် ကျွန်တော် ထုတ်ဖော်မပြခဲ့သော်လည်း၊ ကျွန်မ၏ စိတ်နှလုံးက ဗြောင်းဆန်နေခဲ့သည်။ ဤကိစ္စရပ်ကို တစ်ဦး တစ်ယောက်က တင်ပြသည့်အခါတိုင်း ကျွန်မ စိတ်တည်ငြိမ်မှု ပျောက်ဆုံးရလေသည်။

ထို့နောက် သိပ်မကြာမီအချိန်တွင်၊ ထိုညီအစ်မနှင့် ကျွန်မ လမ်းခွဲခဲ့ကြ်သော်လည်း၊ သူမနှင့်ပတ်သက်၍ ကျွန်မ လုံးဝ မေ့မရခဲ့ပါ။ တစ်နေ့တွင်၊ ကျွန်မ၏ ခေါင်းဆောင်ကို ညီအစ်မ ဘယ်လိုနေကြောင်း ကျွန်မ မေးခဲ့သည်။ ခေါင်းဆောင်က၊ “ပထမမှာ သူက အရမ်းကို အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ ရှိခဲ့ပြီး ဘုရားသခင်ရဲ့ အမှုတော်ကို နားမလည်နိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ သူ့ရဲ့အခြေအနေကို သတိရှိရှိနဲ့ သူ အလိုက်သင့်ပြုမူနေထိုင်ခဲ့ပြီး၊ သူ့ နာမကျန်းဖြစ်ခြင်းရဲ့ ညှင်းဆဲမှုထဲက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ကတဆင့်၊ သူက ကိုယ့်ကိုယ်ကိုယ် စသိလာခဲ့သလို သူ့မှာ စစ်မှန်တဲ့ ယုံကြည်မှု မရှိခဲ့ဘူးဆိုတာကို နားလည်ခဲ့တယ်။ သူ့ရဲ့ ယုံကြည်မှုထဲမှာ ဘုရားသခင်နဲ့ အပေးအယူလုပ်တဲ့ အမြင်တစ်ခု ရှိနေခဲ့တုန်းပဲ၊ ဘုရားသခင်အပေါ် သူ့ရဲ့ ယုံကြည်မှုကနေတဆင့် ကောင်းကြီးမင်္ဂလာတွေကို ရရှိဖို့ ဆန္ဒတစ်ခု ရှိနေခဲ့တုန်းပဲ။ သူ့ထဲက တခြား ပုန်ကန်ခြားနားမှု အရိပ်လက္ခဏာများစွာကိုလည်း သူ ရှာဖွေဖော်ထုတ် ခဲ့တယ်။ သူ့ကိုယ်သူနဲ့ ပတ်သက်တဲ့ ဒီအရာတွေကို သူနားလည်လိုက်တာနဲ့တပြိုင်နက်၊ သူ့ရဲ့ ကျန်းမာရေးက သိသာထင်ရှားစွာ တိုးတက်ခဲ့တယ်။ တစ်နေ့တခြား သူ သက်သာလာခဲ့တယ်။ တစ်နေ့ကို သုံးကြိမ် သူ ပြန်စားရပြီး၊ သူ့ရဲ့ အခြေအနေက အများကြီး ပိုကောင်းလာတယ်။ ညီအစ်ကို မောင်နှမတွေကို ကူညီပြီး အားပေးဖို့ သမ္မာတရားအကြောင်း မကြာခဏ မိတ်သဟာယတောင် ပေးနိုင်ခဲ့တယ်” ဟု ပြောလေသည်။ ဤသတင်းကောင်းကို ကျွန်မ ကြားသည့်အခါ၊ သူမ အတွက် ကျွန်မ ပျော်ရွှင်မိခဲ့ပါသည်။ သို့သော် တစ်ချိန်တည်းမှာလည်း၊ ကျွန်မသည် ပို၍ပင် တုန်လှုပ်ခဲ့ပါသည်။ နာမကျန်းဖြစ်ခြင်း၏ ညှင်းဆဲမှုက ညီအစ်မ၏ စိတ်စွမ်းအားကို ချုံးကျသွားစေပြီး၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြီးမားသည့် ဒုက္ခဝေဒနာ သူ့ကို ဖြစ်စေလိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်။ နာမကျန်းမှု၏ ဖိစီးနှိပ်စက်ခြင်းဖြင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းမပေါ်တွင် အမှောင်ထဲသို့ သူ ပိုပိုပြီး စမ်းတဝါးဝါး ဖြစ်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်ဟု ကျွန်မ ယုံကြည်ခဲ့သည်။ သူမအနေဖြင့် ရှေ့ဆက်သွားနိုင်လိမ့်မည် မဟုတ်ဟုပင် ကျွန်မ သံသယဖြစ်သည်။ ယနေ့တွင်၊ သူ၏ အခြေအနေ၏ လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသည့်အခါ၊ ကျွန်မ အံ့အားသင့်လျက် နောက်ကောက်ကျ ကျန်ရစ်ခဲ့သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို သူမ မဆုံးရှုံးခဲ့ရုံသာမက၊ သူမ၏ နာမကျန်းဖြစ်ခြင်း၏ စစ်ဆေးမှုမှတဆင့်၊ ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် သူမ နားလည်လာခဲ့ပြီး သူမ၏ ဖောက်ပြန်ပျက်စီးခြင်းကို သတိပြုမိခဲ့သည်။ သူမ၏ အတွေ့အကြုံမှ သူ သင်ယူခဲ့ပြီး သူ့ဘဝအဖို့ တိုးတက်မှုများ လုပ်ဆောင်ခဲ့သည်။ ဤနာမကျန်းဖြစ်ခြင်းသည် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် လူသားနှင့်ဆိုင်သော စစ်မှန်သည့် ကယ်တင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ခဲ့သည် မဟုတ်ပါလား။

နောက်ပိုင်းတွင်၊ တရားဒေသနာတစ်ခုမှ အောက်ပါ စာပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပါသည်။ “ပဉ္စမ၊ ဘုရားသခင်က ပြောပါတယ်၊ ‘အကယ်၍ သင်သည် ငါ့အားအစဉ်အမြဲသစ္စာရှိ၍ ငါ့အပေါ်မေတ္တာထားသော်လည်း သည်းထန်စွာဖျားနာခြင်း၊ ဘဝတွင်ဆင်းရဲခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများ၏ ပစ်ပယ်မှုကို ခံရခြင်းနှင့် ဘဝအကြောင်းမလှခြင်း စသည့်ဒဏ် အမျိုးမျိုးကို ခံစားခဲ့ရသော် ငါ့အားသစွာရှိခြင်းနှင့် ချစ် ခြင်း ဆက်လက်၍ မြဲမည်လော။’ ဒီသတ်မှတ်ချက်က လူသားမျိုးနွယ်အတွက် သေးငယ်တဲ့ စမ်းသပ်မှုတစ်ခု မဟုတ်ပါဘူး။…တစ်ဦးတစ်ယောက်ရဲ့ ဘုရားသခင်အတွက် သစ္စာရှိခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေက ဘယ်အခြေခံအုတ်မြစ်အပေါ်မှာ တည်ဆောက်ထားတာလဲ။ ဘုရားသခင်ကို အမှန်တကယ် သစ္စာရှိကြောင်း ဘယ်လိုသက်သေပြနိုင်မလဲ။ ဘုရားသခင် အတွက် ချစ်ခြင်းမေတ္တာ အမှန်တကယ် ပိုင်ဆိုင်တယ်ဆိုတာကို ဘယ်လို ပြသနိုင်ပါသလဲ။ ဒါတွေက စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေကတဆင့် သက်သေပြဖို့ လိုအပ်ပါတယ်။…ဒီလို စမ်းသပ်မှုမျိုးကို သင် ကြုံရတဲ့အခါ၊ ဘုရားသခင်ရဲ့ ပထမဆုံး ရည်ရွယ်ချက်က သင့်ရဲ့ သစ္စာရှိခြင်းနဲ့ ချစ်ခြင်းမေတ္တာက တကယ်ပဲ မှန်၊ မမှန်ဆိုတာကို သင်မြင်အောင် ဖော်ထုတ်ဖို့ ဖြစ်တယ်။ သူ့ရဲ့ဒုတိယ ရည်ရွယ်ချက်က၊ သင့်ရဲ့ သစ္စာရှိခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေထဲမှာ မသန့်စင်မှုတွေ ရှိနေလို့ သင့်ကို သန့်စင်ဖို့ဖြစ်တယ်။ စမ်းသပ်မှုမျိုးစုံကို သင်ကြုံရတဲ့အခါ ထုတ်ဖော်ပြခံရတဲ့ ဒီမသန့်စင်ခြင်းတွေကို သင် သတိပြုမိတယ်ဆိုရင်၊ အဲဒါတွေကနေ သင် သန့်ရှင်းသွားမှာ ဖြစ်တယ်။ ဘုရားသခင်အတွက် စစ်မှန်တဲ့ သစ္စာရှိခြင်းနဲ့ ချစ်ခြင်းမေတ္တာကို လူတွေ ပိုင်ဆိုင်ရင်၊ သူတို့အပေါ် ဘယ်အရာ ကျရောက်ပါစေ၊ ဘယ်လို စမ်းသပ်မှုမျိုးကို သူတို့ ကြုံရပါစေ၊ သူတို့ လဲကျမှာမဟုတ်ဘူး၊ အဲဒီအစား ဘုရားသခင်အပေါ် ယိမ်းယိုင်းခြင်းမရှိဘဲ ဆက်လက် သစ္စာရှိပြီး ချစ်နေမှာဖြစ်တယ်။ သူတို့ရဲ့ သစ္စာရှိခြင်းနဲ့ ချစ်ခြင်းတွေမှာ မသန့်စင်ခြင်းတွေ ပါရှိပြီး အပြန်အလှန်အားဖြင့် တစ်စုံတစ်ရာ ရချင်တဲ့ စိတ်ဆန္ဒတစ်ခု ရှိကြတဲ့သူတွေအတွက်၊ သူတို့အပေါ် စမ်းသပ်မှုတစ်ခု ရောက်လာတဲ့အခါ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး၊ ပြီးတော့ သူတို့ ပြိုလဲဖို့ အလားအလာများလိမ့်မယ်။ အဲဒီလိုလူတွေဟာ အလွယ်တကူ ထုတ်ဖော်ခံရမှာပါ၊ ဟုတ်တယ်မဟုတ်လား” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း ထဲက “ဘုရားသခင်၏ နောက်ဆုံး သတ်မှတ်ချက်ကို ဖြည့်ဆည်းခြင်းအားဖြင့်သာ ကယ်တင်ခံရနိုင်သည်”) ဤမိတ်သဟာယ စာပိုဒ်ကို ဖတ်ရှုပြီးသည့်နောက်မှသာ၊ ဘုရားသခင်၏ အမှုတော်ကို ကျွန်မ၏ ဇာတိပကတိလွှမ်းသည့် အတွေးအရ ကျွန်မ အကဲဖြတ်ခဲ့သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ရက်ရောသော ကျေးဇူးတော် ဆုကျေးဇူးများ၊ ဇာတိပကတိ ဝမ်းမြောက်မှုနှင့် ငြိမ်သက်ခြင်း အာမခံချက်တို့ ပါရှိသည်ဟု ကျွန်မ မှားယွင်းစွာ ယုံကြည်ခဲ့သည်။ ဒုက္ခဝေဒနာခံစားရခြင်းက ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့် ချစ်ခြင်းမေတ္တာတို့၏ သွင်ပြင်တစ်ခု ဖြစ်သည်ကို ကျွန်မ လုံးဝ မတွေးမိခဲ့ပါ။ ကျွန်မ ညီအစ်မ၏ အတွေ့အကြုံကို သိရသည့်နောက်မှသာ၊ ဒုက္ခဝေဒနာခံစားရခြင်းနှင့်ဆိုင်သော စစ်ဆေးမှုသည် ဘုရားသခင့် ချစ်ခြင်းမေတ္တာ၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ရုပ်ပိုင်းဆိုင်ရာ အနည်းငယ်ဖျားနာမှု၊ ငွေကြေးဆိုင်ရာ အခက်အခဲ၊ သို့မဟုတ် အသက်တာတွင် အခြား ကံဆိုးခြင်းတစ်ခုခုမှ တဆင့်ဖြစ်စေ၊ အမှုအရာများကို လူတို့အတွက် တမင်တကာ ခက်ခဲစေဖို့မဟုတ်ဘဲ၊ သူ၏ ချစ်ခြင်းမေတ္တာဖြင့် ဘုရားသခင်သည် လူတို့အပေါ် ဒုက္ခဝေဒနာ ခံစားခြင်းနှင့်ဆိုင်သည့် အခြေအနေတစ်ချို့ကို ဖန်တီးပါသည်။ လူသား၏ ဆိုးယုတ်သော စိတ်သဘောထားနှင့် ချို့ယွင်းချက်များကို ထောက်ပြရန်၊ သူ့ကို ဘုရားသခင် စမ်းသပ်ပြီး စစ်ဆေးသည်။ ဤစစ်မှန်သော ဘဝအခြေအနေများမှတဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လူသား အသက်ရှင်နိုင်ဖို့အလို့ငှာ သန့်စင်၊ ပြောင်းလဲစေပြီး လူထဲသို့ သမ္မာတရားများကို ထားရှိလေသည်။ ဤနည်းဖြင့်သာ လူသား၏ ဘဝသည် တဖြည်းဖြည်း တိုးတက်လာနိုင်ပေသည်။ လူသား၏ အသွေးအသားက စစ်ဆေးမှုဖြစ်စဉ်တွင် ကံဆိုးခြင်း သို့မဟုတ် ဆိုးသောအရာများအဖြစ် တွေးဆမိနိုင်သည့် မယုံကြည်နိုင် လောက်သော ဆင်းရဲဒုက္ခကို ကြုံရမည်ဖြစ်သော်လည်း၊ လူသားက မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ ဤအရာက လူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ရှိသည့် မသန့်စင်မှုများ၊ မှားယွင်းသော ရည်ရွယ်ချက်များနှင့် အမြင်များ၊ လွန်ကဲသော စိတ်ဆန္ဒများနှင့် ရှာဖွေလိုက်စားခြင်း၏ မမှန်ကန်သော ရည်မှန်းချက်များစွာကို ထုတ်ဖော်ပြလေသည်။ လူသည် သမ္မာတရားနှင့် သူ၏ ဖောက်ပြန်ပျက်စီးခြင်း ဂုဏ်ဒြပ်တို့အပေါ် သိနားလည်မှုအချို့ ရှိသောအခါ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို သူမြင်ပြီး၊ ဘုရားသခင်၏ ချစ်မြတ်နိုးဖွယ်ကောင်းခြင်းနှင့် နှစ်သက်ဖွယ်ကောင်းခြင်းတို့ကို နားလည်ကာ၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အလွန်အလေးအနက်ထားသော ရည်ရွယ်ချက်ကို သဘောပေါက်လေသည်။ သူထံတွင် ဘုရားသခင်အပေါ် ကြောက်ရွံ့မှုနှင့် နာခံမှုတို့ ဖြစ်ပေါ်သည်၊ ကိုယ်တော်နှင့် ပို၍ပို၍ ပုံမှန်ဆက်နွယ်မှုတစ်ခုရှိပြီး သူ့စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းမေတ္တာတစ်ခုကို ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာဖို့ ကြိုးစားသည်။ ထိုသို့သော အကျိုးကျေးဇူးများကို အေးဆေးသည့် အသက်တာမှတဆင့် မရနိုင်ပါ။ လူသည် သူ့ စမ်းသပ်မှုများ၏ ညှင်းဆဲမှုမှ ရရှိသော သင်ခန်းစာများကို မှတ်သားပြီး၊ သူလျှောက်ခဲ့သည် လမ်းပေါ် ပြန်သုံးသပ်သည့်အခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်မှုတို့က သူ၏ အဆုံးမရှိသော ချစ်ခြင်းမေတ္တာနှင့် ပြည့်သည်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ရသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ကြင်နာတတ်ပြီး ကရုဏာတရားသာ ကြီးမားသည်မဟုတ်ပါ။ ယင်းက ရုပ်ဝတ္ထု အကျိုးကျေးဇူးများကို အပ်နှင်းခြင်းအကြောင်းသာမဟုတ်ဘဲ၊ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကိုလည်း မချိမဆံ့ခံစားစေ ခြင်းလည်း ဖြစ်ပေသည်။

ကျွန်မသည် မိမိကိုယ်ကို ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ပြီး ဆုတောင်းခြင်းတစ်ခုကို ဆက်ကပ်ခဲ့ပါသည်- အို ဘုရားရှင်၊ အမှုအရာတွေအပေါ် ကျွန်မရဲ့ အဓိပ္ပါယ်မဲ့ပြီး ဆုံးဖြတ်ချက်လွဲမှားနေတဲ့ အမြင်တွေကို ကုစားဖို့နဲ့ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာက လူသား အယူအဆတွေနဲ့ မကိုက်ညီရင်တောင်၊ ကျွန်မတို့ကို ပြောင်းလဲစေပြီး ကယ်တင်ဖို့ အမြဲဖြစ်တယ်ဆိုတာကို ကျွန်မကို မြင်ခွင့်ပေးဖို့ ကျွန်မ ပတ်ဝန်းကျင်ရဲ့ ရှုထောင့်အားလုံးကနေတဆင့် အမှုပြုခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟာ ကိုယ်တော်ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေ၊ ကိုယ်တော်ရဲ့ ပြောပြလို့မရနိုင်တဲ့ ဉာဏ်ပညာနဲ့ အမြဲ ပြည့်လျှမ်းလျက်ရှိပါတယ်။ အို ဘုရားရှင်၊ လူသားမျိုးနွယ်နဲ့ ကိုယ်တော် မျှဝေတဲ့ ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုတဲ့အနေနဲ့၊ ချီးမွမ်းခြင်းနဲ့ ကျေးဇူးတင်ရှိခြင်းတို့ကို ကိုယ်တော့်ထံ ကျွန်မ ဆက်ကပ်ပါတယ်။ ဒီလို ချစ်ခြင်းမေတ္တာမျိုးကို တစ်နေ့ကျရင် ကျွန်မလည်း ရရှိလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို တွေ့ကြုံခံစားပြီး သက်သေခံနိုင်ဖို့ ဘယ်လိုဒုက္ခဝေဒနာ ပမာဏကိုမဆို လက်ခံဖို့ ကျွန်မ အဓိဋ္ဌာန်ပြုပါတယ်။

ဆောင်ရွက်မှုများ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ကယ်တင်ခြင်း

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s