ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ သဘာဝမှာ အဘယ်နည်း

ကယ်တင်ခြင်း, ချီးမွမ်းခြင်း, ဆုတောင်းခြင်း, ယုံကြည်ခြင်း, သမ္မာတရား

ရှီကြူ၊ ဟေလုံကျန်း ပြည်နယ်

ဘုရားနှုတ်ကပတ်တော်များက- “အကယ်၍ သင်သည် ငါ့အားအစဉ်အမြဲသစ္စာရှိ၍ ငါ့အပေါ်မေတ္တာထားသော်လည်း သည်းထန်စွာဖျားနာခြင်း၊ ဘဝတွင်ဆင်းရဲခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများ၏ ပစ်ပယ်မှုကို ခံရခြင်းနှင့် ဘဝအကြောင်းမလှခြင်း စသည့်ဒဏ် အမျိုးမျိုးကို ခံစားခဲ့ရသော် ငါ့အားသစွာရှိခြင်းနှင့် ချစ် ခြင်း ဆက်လက်၍ မြဲမည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ- သစ္စာဖောက်ခြင်း (၂)”) ဟု ပြောပါသည်။ လူသားအပေါ် ဘုရားသခင် ရှိသည့် ဤတောင်းဆိုချက်ကို ကျွန်မ ဖတ်ရှုသည့်အခါတိုင်းတွင်၊ ပြောမပြတ်တတ်အောင် ဝမ်းနည်းမှုကို ကျွန်မ ခံစားရပြီး၊ “အို ဘုရားရှင်။ ကိုယ်တော့်ကို သစ္စာရှိပြီး ချစ်တဲ့သူတွေကို ဘယ်လိုဖြစ်ပြီး အဲဒီလို ကံဆိုးခြင်းကို ကြုံခွင့်ပေးနိုင်ရတာလဲ။ အရင်က သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရတဲ့ လူက ‘လူသားအပေါ် ဘုရားသခင်ရဲ့ နောက်ဆုံးတောင်းဆိုချက်က ချစ်ခြင်းနဲ့ ရိုးသားခြင်းဖြစ်တယ်’ လို့ ပြောပြီး မိတ်သဟာယပြုပေးခဲ့တယ်။ ဒါကို ကျွန်မတို့ ဘယ်လို နားလည်ရပါ့မလဲ” ဟု တွေးမိပါသည်။ ဤစကားလုံးများက ကျွန်မကို အမြဲ အကြံအိုက်စေခဲ့သည်။Read More »

Advertisements