【Live】Myanmar Christian Movie | သခင်ယေရှုက ဘုရားသားတော်ဖြစ်ပါသလား သို့မဟုတ် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါသလား။

သမ္မာကျမ်းဆိုင်ရာ မှတ်တမ်းအရ၊ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ ချစ်သားဖြစ်တယ်လို့ သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံပါတယ် ပြီးတော့ သခင်ယေရှုကလည်း ကောင်းကင်ဘုံက ဘုရားသခင်ကို “ဖခမည်းတော်”လို့ ခေါ်ခဲ့တယ် ဒီလိုနဲ့ လူများစွာက သခင်ယေရှုခရစ်တော်ဟာ ဘုရားရဲ့သားတော်ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြသလိုကောင်းကင်ဘုံမှာ ခမည်းတော်ဘုရားရှိတယ်လို့လည်း ယုံကြည်ကြတယ် ဒါပေမယ့် သခင်ယေရှုက၊ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။……ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည် …။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁) “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) ဒီတော့ သခင်ယေရှုက ဘုရားသားတော်လား ဒါမှမဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လား ဒီအစီအစဉ်က နက်နဲမှုကို မိတ်ဆွေထံ ထုတ်ဖော်ပြပေးမှာပါ။ ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။

သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်၊ သူဟာ ဘုရားသခင်ရဲ့သားတော် ဖြစ်တယ်လို့ သမ္မာကျမ်းမှာ ရှင်းလင်းစွာ မှတ်တမ်းပြုထားပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့ထင်ရှားပြခြင်းဖြစ်တယ်၊ သူဟာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်လို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သက်သေခံပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဒါမှမဟုတ် သူဟာ ဘုရားသခင်ကိုယ်တော်တိုင်လား။ အနန္တတန်ခိုးရှင် ပြောသည် “ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း’… ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ “ခမည်းတော် သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏” ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ခရစ်တော်, ဝိညာဉ်တော်, သက်သေခံချက်များ, သခင်ယေရှု, ဧဝံဂေလိတရား

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle Movies 2019 | ကောင်းကင်နိုင်ငံတော်သားများ

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s