ဘုရားသခင်၏ စကားတော် | ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်

ဘုရားသခင်၏ စကားတော် | ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်

ယနေ့ ထာဝရဘုရားသခင်သည် သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလိုသူ၊ သူ၏အလုပ်ကိုနာခံလိုက်နာ နိုင်သူ၊ ဘုရားသခင်ပြောသောစကားများကို အမှန်ဖြစ်သည်ဟု ယုံကြည်သူနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့ကျင့်ကြံနိုင်သော လူတစ်စုကို ရွေးနှုတ်လိုသည်။ ထိုသူတို့သည် သူတို့၏စိတ်နှလုံးတွင် စစ်မှန်သောနားလည်မှုရှိသူများ ဖြစ်ကြသည်။ ထိုသူတို့သည် စုံလင်နိုင်သည့် သူများဖြစ်ပြီး ထိုသူတို့သာလျှင် ပြည့်ဝ စုံလင်ခြင်းလမ်းကို မလွဲဧကန် လျှောက်လှမ်းရမည့်သူများ ဖြစ်ပါသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာနားမလည်သူ၊ ဘုရားသခင်၏ စကားတော်များကို မစားသောက်သောသူများ၊ သူ၏စကားများကို အလေးမထားသူနှင့် သူတို့၏စိတ်တွင် ဘုရားသခင်ကို လုံးဝမချစ်ခင်သူများကဲ့သို့သောသူများသည် မစုံလင်နိုင်ပေ။ လူ့ဇာတိခံဘုရားသခင်ကို သံသယရှိသူ၊ သူ့ကိုရေရေရာရာမသိသူ၊ သူ၏စကားကို လုံးဝအလေးအနက်မထားသူနှင့် သူ့ကိုအမြဲလှည့်ဖြားနေသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သော စာတန်၏ လူများ ဖြစ်သောကြောင့် ထိုသူများကို စုံလင်စေရန် လုံးဝမဖြစ်နိုင်ပေ။Read More »