【Live】Myanmar Movie | သိုးသငယ်၏ ခြေလှမ်းများနောက် သင်လိုက်ပြီးပြီလား

 

သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းမှာ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဘို့ အဦးသီးသော အသီးဖြစ်ကြ၏” လို့ ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။ (ဗျာဒိတ် ၁၄:၄)ဘာကြောင့်လဲဆိုရင် ဒီလိုလူတွေကပဲ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ပြီး၊ ဘုရားသခင်ရဲ့ ထာဝရ ကောင်းချီးမင်္ဂလာတွေကို မွေ့လျော်ခံစားရမှာ ဖြစ်လို့ပါ။ သခင့်အပေါ် စစ်မှန်စွာ ယုံကြည်တဲ့သူတွေအားလုံးဟာ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်လိုက်ပြီး အဦးသီးသော အသီးတွေဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်။ယခု နောက်ဆုံးသောကာလ ရောက်နှင့်ပြီဖြစ်ပါတယ်။ ပြီးတော့ သခင်က သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ပေါ်ထွန်းတဲ့ တကယ့်အခါသမယပဲဖြစ်ပါတယ်။သိုးသငယ်ရဲ့ ခြေလှမ်းတွေကို သင်တို့ ရှာတွေ့ပြီးပြီလား။ ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက်ကို ဘယ်လိုလိုက်ရမယ်ဆိုတာ သိချင်နေပါသလား။ ဒီအစီအစဉ်က မိတ်ဆွေတို့ကို လမ်းပြပါလိမ့်မည်။ ကျေးဇူးပြုပြီး ဂရုတစိုက် ကြည့်ရှုပေးပါ။Read More »

Myanmar Gospel song 2019 | သန့်ရှင်းခံရသူများသာ အနားယူခြင်းသို့ ဝင်ကြလိမ့်မည်

ကယ်သင်ခြင်း, ကျေးဇူးတော်, ထာဝရအသက်, သန့်ရှင်း

Myanmar Gospel song 2019 | သန့်ရှင်းခံရသူများသာ အနားယူခြင်းသို့ ဝင်ကြလိမ့်မည်


အနာဂတ်လူသားမျိုးနွယ်စုသည် အာဒံနဲ့ဧဝမှ ဆင်းသက်ခဲ့သော်လည်း
စာတန်ရဲ့စိုးမိုးမှုအောက်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်
ကယ်တင်ခြင်း၊ သန့်စင်ခြင်းခံရသော လူမျိုးဖြစ်လိမ့်မည်


စီရင်ခြင်းနှင့်အပြစ်ဒဏ်ပေးခြင်းခံရသောသူများဖြစ်ပြီး
သန့်ရှင်းသူများဖြစ်သည်
သူတို့သည် ရှေးလူမျိုးစုနွယ်ဖြစ်သော
အာဒံနှင့်ဧဝတို့နဲ့ ကွာခြားသည်။
သီးခြားလူမျိုးစုသစ်နီးနီးအတိုင်း အလွန်ကွဲပြား
မာရ်နတ် ဖျက်ဆီးခံရသူများထဲမှ ရွေးကောက်ခံရ၍
ဘုရားသခင်၏နောက်ဆုံး စီရင်ခြင်း၌ အခိုင်အမာရပ်တည်ကာ
ဤနောက်ဆုံးကျန်ရှိသောလူအုပ်စုသည်
နောက်ဆုံးတွင် ဘုရားသခင်နဲ့အတူ
အနားယူခြင်းသို့ ဝင်ရောက်နိုင်သည်

Read More »