ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိရန် နည်းလမ်း

ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောပါသည်၊ “ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်အမျိုးအစား၌ သင်ရှိနေသည်ဖြစ်စေ၊ အကယ်၍ သင်သည် အသက်ကို မီအောင်လိုက်နိုင်ပါက၊ သင့်အတွင်း၌ ဘုရားသခင် လုပ်ဆောင်သောအမှုကို ခံယူရရှိရန်အတွက် ကြိုးပမ်းနိုင်ကာ၊ သမ္မာတရားကို မီအောင်လိုက်နိုင်ပြီးဘုရားသခင်ပြုသော အမှုအရာများကို သင် နားလည်ကာ သမ္မာတရားနှင့်အညီ သင် ကျင့်ကြံပြုမူနိုင်ပါက၊ ဤအရာမှာ သင်၏စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပြီး သင်သည် ဘုရားသခင်အပေါ် မျှော်လင့်ခြင်း မပျောက်ပြယ်သွားကြောင်း ဤအရာက ပြသပါသည်။ စစ်ဆေးခြင်းအားဖြင့် သမ္မာတရားကို သင်ဆက်လက် မီအောင်လိုက်မှသာ ဘုရားသခင်ကို စစ်မှန်စွာ သင်ချစ်မြတ်နိုးနိုင်ကာ သူ့အပေါ် သံသယစိတ်များ တိုးပွားလာမည် မဟုတ်ဘဲ၊ အကယ်၍ မည်သည့်အမှုကို သူပြုသည်ဖြစ်စေ၊ သူ့ကို ကျေနပ်စေရန် သင်သည် သမ္မာတရားကို လက်တွေ့ ဆက်လက်ကျင့်ကြံကာ သင်သည် သူ၏အလိုတော်ကို အလေးအနက်ထား ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်ပါက၊ ဤအရာမှာ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိကြောင်း ဆိုလိုခြင်း ဖြစ်သည်။” (“စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်”) စစ်မှန်သောယုံကြည်ခြင်းဆိုသည်မှာ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ အနှောင့်အယှက်များနှင့် ကျရှုံးမှုများ တွေ့ကြုံရပါစေ၊ ကျွန်ုပ်တို့၏ ဇာတိပကတိ သို့မဟုတ် ဝိညာဉ်ရေးရာဆင်းရဲဒုက္ခများကြီးမားခြင်းကို ပဓာနမထားဘဲ ကျွန်ုပ်တို့ ရင်ဆိုင်ရမည့် မည်ကဲ့သို့သော ပတ်ဝန်းကျင်တွင်မဆို ဘုရားသခင်ကို ကြည်ညိုခြင်းနှင့် နာခံခြင်း စိတ်နှလုံးကို ထိန်းသိမ်းထားနိုင်ရန် ရည်ညွန်းကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ နားလည်သိရှိနိုင်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သိရှိနိုင်ရပါမည်။ ကိုယ်တော်ချမှတ်ထားသည့် ပတ်ဝန်းကျင်အလယ်တွင် ကိုယ်တော့်ကို ဆက်လက် ဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်သူမျိုးကိုမှသာ စစ်မှန်သော ယုံကြည်ခြင်းရှိသည့်လူဟု သတ်မှတ်နိုင်ပါသည်။

ကယ်တင်ရှင်, ဆုတောင်း, ရိုသေ ကိုင်းရှိုင်းခြင်း, အသင်းတော်, ဧဝံဂေလိ
Read More »