ဝိညာဉ်ရေးရာ တိုက်ပွဲတွင် စုံစမ်းသွေးဆောင်ခြင်းကို အောင်နိုင်ရန် နည်းလမ်း ၃ သွယ်

ခရစ်ယာန်, ဆုတောင်းခြင်း, ထာဝရအသက်, ယုံကြည်ခြင်း, သက်သေခံချက်များ

ဂျင်းရှင်း တောင်ကိုးရီးယား

ညီအစ်ကိုမောင်နှမတို့

သခင့်ထံ၌ ငြိမ်သက်ခြင်းရှိကြပါစေ။ ဝိညာဉ်ရေးရာ တိုက်ပွဲများသည် တစ်ခါတရံမှ ဖြစ်ခြင်းမဟုတ်ဘဲ ကျွန်မတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်တော်သို့ လိုက်ခြင်း အချိန်ကာလတစ်လျှောက်လုံး ဖြစ်ပေါ်လိမ့်မည်။ ငွေ၊ အဆင့်အတန်း၊ နာမည်နှင့်ပတ်သက်သည့် စုံစမ်းသွေးဆောင်ခြင်းများ၊ အမျိုးသားနှင့်အမျိုးသမီးကြားရှိ စုံစမ်းသွေးဆောင်ခြင်းများရှိကြပြီး မယုံကြည်သူများ၏ အသရေဖျက်ခြင်း၊ ချစ်ခင် နှစ်သက်ရသောသူများထံမှ အတားအဆီးနှင့် ချုပ်ချယ်မှုတို့အပြင် ဆိုးယုတ်သော အစိုးရ၏ လိုက်လံဖမ်းဆီးပြီး ဖိနှိပ်ခံရခြင်းတို့ရှိကြသည်။ တစ်ခါတစ်ရံတွင် လုံးလုံး မမျှော်လင့်ထားသည့် ဘေးဒုက္ခက ကျွန်မတို့ အပေါ် ကျရောက်လာသည်။ သမ္မာကျမ်းစာထဲတွင် “ သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” (၁ ရှင်ပေတရု ၅:၈) ဟု ပြောထားပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က “ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေချောင်းမြောင်းလျက် ရှိကြပြီး လူသေအလောင်း များကို စားကြရန် မရပ်နိုင်မနားနိုင်ပင် လိုက်လံရှာဖွေနေကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်မျာ) ဟု မိန့်တော်မူထားသည်။ ကျွန်မတို့ နံဘေးတွင် စာတန်မရှိသည့် အခိုက်အတန့် တစ်ခုတစ်လေမျှပင် မရှိပါ၊ ကျွန်မတို့က အဆုံးသတ်တွင် ကျွန်မတို့သည် အဆုံးသတ်တွင် စာတန်အားဖြင့် တစ်ကိုယ်လုံး ဝါးမျိုခြင်းကိုခံရ စေရန်အတွက် ကျွန်မတို့အား မကောင်းမှုအတွင်းသို့နှစ်မြုပ်စေရန်၊ ဘေးအန္တရာယ် အတွင်းသို့ကျရောက်ပြီး ကျွန်မတို့ကိုယ်ကျွန်မတို့ ဘုရားသခင်ထံမှ ဝေးကွာစေဖို့ ပြုလုပ်ရန်၊ ဘုရားသခင်ကို သစ္စာဖောက်ရန်အတွက် ကြိုးစားလျက် စာတန်သည် ကျွန်မတို့အား သွေးဆောင်ရန်၊ စမ်းသပ်ပြီး ဖိနှိပ်ရန် မည်သည့် လူ၊ ဖြစ်ရပ် သို့မဟုတ် အကြောင်းအရာတို့ကို မဆိုအသုံးပြုရန်အတွက် ကြိုးစားတွေးတောလျက်ရှိသည်။ ကျွန်မတို့က သမ္မာတရားမရှိလျှင်၊ ထိုးထွင်းသိမြင်မှုလည်း မရှိပါ၊ ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ပါက၊ ကျွန်မတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ခိုင်မာစွာ မနေနိုင်ပါက၊ ကျွန်မတို့သည် ဇာတိပကတိ၏ အကျိုးခံစားမှုများနှင့် နှစ်သက်မှုများနောက်သို့ လိုက်နိုင်ခြေရှိမည်ဖြစ်သည်၊ စာတန်၏ ကွန်ရက်ထဲ ကျရောက်ပြီး၊ ကျွန်မတို့ သက်သေခံချက်များကို ဆုံးရှုံးလိမ့်မည်။ ခရစ်ယာန်များအနေဖြင့် စာတန်၏ လှည့်စားမှုများကို သတိပြုမိရန် နည်းလမ်းကို သင်ယူခြင်းသည် အရေးကြီးသည်။ ထို့ကြောင့် ကျွန်မတို့က ဝိညာဉ်ရေးရာ တိုက်ပွဲအလယ်တွင် စာတန်၏ လှည့်စားမှုကို ထိုးဖောက်မြင်နိုင်ပြီး၊ ဘုရားသခင်အတွက် သက်သေခံနိုင်ရန် မိမိတို့ကိုယ်ကို မည်သို့ လုပ်ဆောင်မည်နည်း။ ကျွန်မအနေဖြင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းအပေါ် အောင်ပွဲခံနိုင်ရန်အတွက် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းသုံးသွယ် ကို သင်နှင့် မိတ်သဟာယ အချို့ဝေငှလိုပါသည်။Read More »