နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟူသည့် အမည်နာမခံယူသနည်း။

ကယ်တင်ရှင်, ခရစ်တော်, ရွေးနှုတ်ခြင်း, သခင်ယေရှု, အသင်းတော်

အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တဖန်ကြွလာသော သခင်ယေရှုဖြစ်သဖြင့်၊ နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကိုဆောင်ရွက်ရန် သခင်ယေရှုကြွလာသည့်အခါ အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟု ခေါ်သည်ကို များစွာသောလူတို့ နားမလည်ကြပေ။ သူသည် အဘယ်ကြောင့် သခင်ယေရှုဟု ဆက်လက် အခေါ်မခံသနည်း။ တကယ်တမ်းမူ ဘုရားသခင်သည် အမှုတစ်ဆင့်ကို ဆောင်ရွက်တိုင်း အမည်သစ်တစ်ခု ရှိသည်။ ၎င်းအမည်သစ်မှာ ဘုရားသခင်ကိုယ်တိုင် အမှုနှင့် ကိုက်ညီသည်အတိုင်း ခံယူခြင်းဖြစ်၏။ လူတို့မှ ၎င်းတို့နှစ်သက်သည်အတိုင်း သူ့ကို ခေါ်ခြင်းမဟုတ်။ အမှု၏အဆင့်တိုင်းတွင် ဘုရားသခင်ခံယူသော အမည်နာမ၏အခြေခံမှာ ကျမ်းစာတွင်ရှိသည်။ တဖန်ပြန်ကြွလာသော နောက်ဆုံးသောကာလ သခင်ယေရှု၏အမည်ကို ကျမ်းစာတွင် ရှေးမဆွက ကြိုတင်ဟောကြားထားခဲ့၏။ ဟေရှာယပြောသည်မှာ “တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော်ထွက်နာမသစ်ဖြင့် သင့်ကိုခေါ်ကြလိမ့်မည်။” (ဟေရှာယ ၆၂:၂)။ ဗျာဒိတ်ကျမ်းတွင်လည်း ဟောကြားထား သည်မှာ “ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ …. အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့် အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏ နာမသစ်ကို၎င်း၊ ထိုသူတို့အပေါ်၌ ငါသည်အက္ခရာတင်မည်။” (ဗျာဒိတ် ၃:၇၊ ၁၂)။ “ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ် ၁:၈)။ “တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏ . . .ဟု စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။” (ဗျာဒိတ် ၁၉:၆)။ နိုင်ငံတော်ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမသည် ဗျာဒိတ်ကျမ်း၏ ရှေးမဆွက ဟောကြားချက်များကို လုံးဝ ဖြည့်ဆည်းပေးခြင်းဖြစ်၏။ ခေတ်တစ်ခေတ်စီတွင် ဘုရားသခင်ခံယူသော နာမသည် လေးနက်သော အဓိပ္ပါယ်ရှိ၍ ထိုကာလရှိ ဘုရားသခင်၏အမှုနှင့် အနီးကပ် ဆက်စပ်လျှက် ရှိ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤအကြောင်းနှင့် ဆက်စပ်နေသည့် နက်နဲသော အရာတို့ကို ဖော်ပြ၍ အောက်ပါကဲ့သို့ ပြော၏။ “ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင် သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသော ခေတ်များတွင် တူညီသော အလုပ်ကို သူ့မှာ မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို ဆုပ်ကိုင်ထားနိုင်မည်နည်း။ ယေရှု အမည်နာမကို ရွေးနှုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသော ကာလတွင် သူပြန်လည် ကြွလာသောအခါ ထိုအမည်ကိုဘဲ ခေါ်နေဆဲ ဖြစ်မည်လား။ သူသည် ရွေးနှုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လား။ မတူညီသော ခေတ်များတွင် မတူညီသော နာမတော်များဖြင့် ခေါ်ဆိုခြင်း ခံကြရ သော်လည်း အဘယ်သို့လျှင် ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်း ဖြစ်သနည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များ မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ဘူးလား။ သို့ဖြစ်လျှင် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့် အမည်တစ်ခုကမျှ ဘုရားသခင် ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ဘဲ အမည်တစ်ခုချင်းသည် သက်ဆိုင်ရာ ခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီ ရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏ အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင် သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏ စိတ်သဘောထားနှင့် လိုက်လျောညီထွေ ရှိစေမည့် မည်သည့် နာမတော်ကို မဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။”“ဘုရားသခင် အလုပ်၏ ရူပါရုံ (၃)” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။Read More »