【Live】Myanmar Subtitle Christian movie | မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ

 

လင်ပိုအန်းဟာ တရုတ်နိုင်ငံမှာရှိတဲ့ အိမ်တွင်းဘုရားကျောင်းတစ်ခုမှာ သင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်အကြောင်း သိနားလည်ခွင့်ရခြင်း၊ ကိုးကွယ်ခွင့်ရခြင်းအပေါ် သူ့ဘဝတစ်လျှောက်လုံး လောကမှာ တခြားအရာတွေအားလုံးထက် တန်ဖိုးထားခဲ့သူဖြစ်ပြီး၊ သခင်အတွက် ဆင်းရဲဒုက္ခခံရခြင်းကိုလည်း ဂုဏ်ယူခဲ့သူတစ်ယောက်ပါ။ ကံကြမ္မာက ဖန်တီးလာတဲ့တစ်ရက်မှာတော့ သူဟာ တရားဟောပြောဖို့သွားရင်း၊ တုန်လှုပ်စရာသတင်းတချို့ကို ကြားလိုက်ရတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံပြီး ပြန်လည်ကြွရောက်နေပြီတဲ့လေ။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်..အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်တဲ့။ လင်ပိုအန်းဟာ နားမလည်နိုင်ဖြစ်ခဲ့ရတယ်။ သခင် ပြန် ကြွလာမယ်ဆိုရင်၊ ကောင်းကင်ထက်ကနေ ကြွလာရမှာလေ။ ဒါကြောင့် ကိုယ်တော်ဟာ ဘာကြောင့် လူ့ဇာတိခံပြီး၊ အမှုတော်ကို လျှို့ဝှက်ဆောင်ရွက်ရတာလဲ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နောက်ကွယ်မှာ ဘယ်လိုနက်နဲမှုတွေရှိနေလဲ။ သခင် ပြန်လည်ကြွရောက်နေပြီဆိုရင်၊ ကျွနု်ပ်တို့တွေဟာ ဘာကြောင့် ချီဆောင်ခြင်းမခံရသေးတာလဲ။ ဒီလိုနဲ့ လင်ပိုအန်းအပါအဝင် သူ့မိတ်ဆွေတွေနဲ့အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့တရားဟောဆရာတွေဟာ အပြင်းအထန်ဆွေးနွေးမိကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန် ကြွလာခြင်းလား၊ လူ့ဇာတိခံတဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းလားဆိုတာတွေပေါ့။ သူတို့တတွေဟာ နောက်ဆုံးမှာ ဒါတွေကို နားလည်သွားကြမှာလား။

အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်သည်သခင်ယေရှု၏ပြန်ကြွလာခြင်းတဖြစ်လည်း နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင် လုံးလုံးလျားလျား တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်လူသားတစ်ဦးကမှ ဖန်တီးခဲ့ခြင်း လုံးဝ မဟုတ်ပါ။ ယခုကာလများတွင် ဧဝံဂေလိနှင့်ပတ်သက်သည့်ရုပ်ရှင်အမျိုးမျိုး၊ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ဆိုခြင်းအမျိုးမျိုး၊ သီဆိုကခုံခြင်း ဗီဒီယိုများ၊ ဓမ္မတေးသံစုံကျူးအေးခြင်းများ၊ ဂီတများ၊ ဂီတဗွီဒီယိုများနှင့် ဓမ္မတေးသီချင်းဗွီဒီယိုများ၊ အစရှိသည်များသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် အရာများဖြစ်ပြီး အင်တာနက် မှတဆင့် တကမ်ဘာလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဘုရားသခင်၏သိုးများသည် ဘုရားသခင်၏အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖေါ်ပြသည့်စကားများသည် ဘုရားသခင်၏အသံဖြစ်ပြီး အမှန်တရားများဖြစ်သည်ကို ကျွနု်ပ်တို့ရိပ်စားမိပါသည်။ သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နေသမျှ ဘုရားသခင်သည် ပေါ်ထွန်းပြီးကြောင်းကို သင်သိမြင်လိမ့်မည်။

ခရစ်တော်, ယေရှုခရစ်တော်, သခင်ယေရှု, အသင်းတော်, ဧဝံဂေလိတရား

များပြားသောအကြံပြုချက်များ

Myanmar movie 2019 | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s