ဘုရားသခင်၏ စကားတော် | လူသားများကို ဘုရားသခင်အသုံးပြုခြင်းနှင့် ပတ်သက်၍

ခရစ်တော်, ဘုရားသခင်, ဝိညာဉ်တော်, အသက်, အသင်းတော်

သန့်ရှင်းသောဝိညာဉ်တော်၏ အထူးလမ်းပြပို့ဆောင်ခြင်းကို ခံရသောသူများမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ကိုယ်တည်းသီးခြား ရှင်သန်မရပ်တည်နိုင်ပေ။ အကြောင်းရင်းမှာ ထိုသူများသည် ဘုရားသခင်အသုံးပြုသောသူများ၏ သာသနာအဆုံးအမနှင့် သိုးထိန်းလမ်းပြမှုကို လိုအပ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင်သည် သူ၏အမှုတော်အဖို့အလို့ငှာ အသင်းတော်များအား သိုးထိန်းလမ်းပြခြင်းကို ဝန်တာထားကာ ထမ်းရွက်နိုင်မည့်သူများကို ရွေးချယ်ခန့်ထားခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်၏ အမှုတော်ကို သူသဘောကျနှစ်သက်ကာ မျက်နှာသာပေးခြင်း ခံရသောသူများမှတစ်ဆင့် ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ အလုပ်ဖြစ်ဖို့ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူများအထဲရှိ အသုံးပြုခြင်းခံထိုက်သည့် အစိတ်အပိုင်းကို အသုံးပြုရမည် ဖြစ်သည်၊ ထို့ပြင် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းအားဖြင့် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန်အတွက် သင့်လျော်သောသူများဖြစ်လာစေရန် ပြုပြင်ခြင်းခံရသည်။ လူသား၏ နားလည်နိုင်စွမ်းသည် အလွန်ပင်ချို့တဲ့သည့်အကြောင်းကြောင့် သူ့အနေဖြင့် ဘုရားသခင်၏အသုံးပြုခြင်း ခံရသောသူများ၏ သိုးထိန်းလမ်းပြမှုကို လိုအပ်သည်။ မောရှေကို ဘုရားသခင်အသုံးပြုပုံမှာလည်း ဤနည်းနှင့်ပင်ဖြစ်ပါသည်။ ဘုရားသခင်သည် မောရှေအထဲ၌ ထိုအချိန်က အသုံးပြုရန် သင့်လျော်မည့်အရာများကို တွေ့ခဲ့ပြီး ထိုအဆင့်အတွင်းရှိ ဘုရားအမှုတော်ကို ထမ်းဆောင်ရန် ထိုအရာများကို အသုံးပြုခဲ့သည်။ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို အသုံးပြုသည်သာမက အလုပ်ဖြစ်ရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုနိုင်သော လူသား၏အစိတ်အပိုင်းကိုလည်း အကျိုးရှိရှိ သူအသုံးချသည်၊ ထို့ပြင် သန့်ရှင်သောဝိညာဉ်တော်သည်လည်း ထိုသူကို လမ်းပြပို့ဆောင်ပေးပြီး တစ်ဆက်တည်းပင် ကျန်ရှိနေသေးသည့် အသုံးပြု၍မရသော အစိတ်အပိုင်းကို စုံလင်စေသည်။Read More »