အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် – ဘုရားသခင်၌ ယုံကြည်သူတို့သည် သူတို့၏ မိသားစုများကို အမှန်တကယ် ဂရုမစိုက်ဘဲနေကြပါသလား (အပိုင်း ၄/၈)

သခင်ယေရှုက “သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” (ရှင်မာကုခရစ်ဝင်ကျမ်း ၁၆း၁၅) ဟု မိန့်တော်မူခဲ့သည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းသည် ခရစ်ယာန်များ ဆောင်ရွက်ကြသည့် နှစ်လိုဖွယ်ဖြစ်ပြီး ဖြောင့်မတ်သော လုပ်ရပ်တစ်ခု ဖြစ်သည်။သို့သော် တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များကို ရက်ရက်စက်စက် ဖမ်းဆီးပြီး နှိပ်စက်ကြသည်။ ဤအတွက်ကြောင့် သူတို့၏ အိမ်များစွာကို ပြိုကွဲစေပြီး အချို့မှာ အိမ်များကို မပြန်နိုင်ကြတော့သလို များစွာတို့သည် အဖမ်းခံရပြီး ထောင်ချခံခဲ့ရလေသည်။ အချို့မှာ သေသည်အထိပင် နှိပ်စက်ညှင်းပန်းခံခဲ့ရသည်။ သို့သော် သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်မှုကြောင့် သူတို့ အိမ်များ ပြိုကွဲခဲ့ရသည်ဟု စီစီပီက ဆက်လက်၍ အမှန်တရားကို လုံးဝပြောင်းလဲပစ်ခဲ့သည်။ မရေတွက်နိုင်သော ခရစ်ယာန်များ၏ အိမ်များ ဖျက်စီးခံရခြင်းတွင် အဘယ်သူသည် တကယ့်တရားခံ ဖြစ်ပါသနည်း။Read More »

Advertisements

ခရစ်ယာန် ဓမ္မသီချင်း | ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

ကယ်တင်ခြင်း, ဝိညာဉ်တော်, အသက်

ခရစ်ယာန် ဓမ္မသီချင်း | ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ


ဘုရား နှုတ်ကပတ်တော်၏ စစ်ကြောစီရင်၊ ဆုံးမခြင်းကို
သင်လက်ခံလျှင် ဘာသာရေးလမ်းစဉ်များကိုဖယ်ရှားထား၊
နူတ်ကပတ်တော်ကို ဟောင်းနွမ်းသော အယူအဆနှင့် မတိုင်း တာနဲ့
သို့ပြုလျှင် သင်၌ အနာဂတ်ရှိလိမ့်မည်။
ဒါပေမယ့် အဟောင်းများကိုဖက်တွယ်ပြီး တန်ဖိုးထားနေ လျှင်
သင်၌ ကယ်တင်ခြင်းလမ်းမရှိ။ ဘုရားသင့်ကို လျစ်လျူရှ လိမ့်မယ်
ဘုရားအမှုတော်၊ နှုတ်ကပတ်တော်တွင် ရှေးအရာများနှင့်
အတိတ်သမိုင်း၏ လမ်းစဉ်ဟောင်းများကို သူရည်ညွှန်းမထား
သင်သည် စုံလင်သောသူ ဖြစ်လိုလျှင်
အတိတ်အရာများကို စွန့်လွှတ်ရမည်
ဘုရားပြုခဲ့သော အမှု့ အရာများ မှန်သောအရာများလည်း ဘေးချထား
ဝိညာဉ်တော်၏ အလုပ်ဖြစ်ခဲ့သည့်တိုင်အောင်
သင်သည် ဘေးချ ထားရမည်။
အရာရာ အားလုံး အသစ်ဖြစ်ရမည်
ဒါဟာဘုရားတောင်းဆိုသည့်အရာ ဖြစ်သည်

Read More »