ကျမ်းစာကို ပိုမိုထိရောက်စွာ လေ့လာခြင်းအတွက် လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း ၃ ခု

ခရစ်ယာန်, ယုံကြည်ခြင်း, ယေရှု, သမ္မာကျမ်းစာ, သမ္မာတရား

ရှောင်ရှောင်၊ ပြင်သစ်

သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် ခရစ်ယာန်များ နေ့စဉ်လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်ပြီး၊ သမ္မာတရားကို ရရှိခြင်းနှင့် ကျွန်မတို့ ဝိညာဉ်ရေးရာ အသက်တာများ၌ ကြီးထွားတိုးတက်ခြင်းဆီသို့ သွားရာလမ်းကြောင်းအပေါ်တွင် မရှိမဖြစ်သောအရာလည်း ဖြစ်ပါသည်။ သခင်ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဟု ပြောခဲ့သည်။ သိသာထင်ရှားစွာပင်၊ သမ္မာကျမ်းစာထဲရှိ ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုပြီး ကျွန်မတို့ နှလုံးသားများထဲတွင် ၎င်းတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားခြင်းက ခရစ်ယာန်တိုင်း လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ သို့သော်၊ ကျွန်မတို့ အယောက်စီတိုင်းသည် ကျွန်မတို့၏ ကျမ်းစာ ဖတ်ရှုရာတွင် အောက်ပါအတွေ့အကြုံ ရှိကြလေသည်။ တစ်ခါတစ်ရံ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်အလင်းပြခြင်းတို့ကို ကျွန်မတို့ ရရှိနိုင်ကြသည်။ ကျွန်မတို့၏ စိတ်ဝိညာဉ် တို့ထိခံရသည်။ ဘုရားသခင်၏ အလိုတော်နှင့် သတ်မှတ်ချက်များကို ကျွန်မတို့ နားလည်သဘောပေါက်နိုင်ကြပြီး ကျွန်မတို့၏ နေ့စဉ်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ ယုံကြည်ခြင်း ရှိနိုင်ကြလေသည်။ အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် ကျွန်မတို့၏ ဝိညာဉ်ရေးရာအသက်တာတို့ ကြီးထွားလာကြသည်။ သို့သော်၊ နောက်ပိုင်းတွင် တစ်ခါတစ်ရံ၌ ကျွန်မတို့ ကျမ်းစာ ဖတ်ရှုရာတွင် ခြောက်သွေ့မှုနှင့် မွေ့လျော်မှုကင်းမဲ့ခြင်းတို့ကို ကျွန်မတို့ ခံစားကြရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း သို့မဟုတ် အလင်းပြခြင်းတို့ကို မခံစားနိုင်ကြပေ။ ကျွန်မတို့၏ တစ်နေ့ချင်း အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရမည့်ပုံကို သိဖို့မပြောနှင့်၊ ဘုရား၏အလိုတော် နှင့် သတ်မှတ်ချက်များနှင့်ဆိုင်သော အသိပင် ကျွန်မတို့ မရှိကြပါ။ အချိန်တစ်ချို့ကြာပြီးနောက် ဝိညာဉ်ရေးရာ ကြီးထွားမှုကို ကျွန်မတို့ မကြုံကြရတော့ပါ။ တစ်ခါတစ်ရံ ကျမ်းစာဖတ်နေစဉ်တွင် ကျွန်မတို့ အိပ်ပင်အိပ်ငိုက်ချင်ကြပြီး ကျမ်းစာဖတ်ဖို့၊ ဝတ်ပြုအစည်းအဝေးတက်ဖို့နှင့် ဆုတောင်းဖို့တို့ကို ပိုပိုပြီး ဆန္ဒနည်းပါးလာကြသည်။ဤအရာက အလွန် စိတ်ရှုတ်စရာ ဖြစ်နိုင်သည်။ ခါတိုင်းလိုပင် ကျမ်းစာကို ကျွန်မတို့ ဖတ်ကြသည်ပဲ၊ သို့ဆိုလျှင် အဘယ်ကြောင့် လုံးဝမတူကွဲပြားသည့် ရလဒ်နှစ်ခု ရှိရပါသနည်း။ ကျွန်မတို့၏ ကျမ်းစာ ဖတ်ရှုခြင်းတွင် ရလဒ်ကောင်းများကို ရရှိနိုင်ဖို့ရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ကျွန်မတို့ မည်သို့ ရရှိနိုင်သနည်း။ အမှန်တွင် အဓိကအချက်သုံးချက်ကို ကျွန်မတို့ သဘောပေါက်သရွေ့ ဤကိစ္စရပ်ကို ကျွန်မတို့ ဖြေရှင်းနိုင်ပါသည်။ ထို့နောက် ထိုအချက်များအပေါ် ကျွန်မကိုယ်တိုင်၏ ရိုးရှင်းစွာ သိနားလည်မှုကို ဖော်ပြချင်ပါသည်။Read More »

Advertisements