ဘုရားသခင်၏ အသံတော် | လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်

ဘုရားသခင်၏ အသံတော် | လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်

နှစ်ပေါင်း ၆၀၀၀ ကျော်ရှိခဲ့သည့် လုပ်ဆောင်ချက်တစ်ခုလုံးသည် အချိန်နှင့်အမျှ တဖြည်းဖြည်းချင်း ပြောင်းလဲ လာခဲ့သည်။ ဤလုပ်ဆောင်ချက်၏ ပြောင်းလဲမှုများသည် လောကကြီး တစ်ခုလုံး၏ အခြေ အနေများ အပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်ခဲ့သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု လုပ်ငန်းများသည် လူသား မျိုးနွယ် တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းအရ တဖြည်းဖြည်းချင်း အသွင်ပြောင်းခဲ့သည်။ ဤအရာသည် ဖန်ဆင်းခြင်းအစ၌ စီစဉ်ထားပြီးသား မဟုတ်ချေ။ လောကကြီးကို မဖန်ဆင်းခင် သို့မဟုတ် ဖန်ဆင်း ပြီးပြီးချင်း၌ ယေဟောဝါသည် ပညတ်တော်ဖြစ်သည့် ပထမအဆင့် လုပ်ဆောင်ခြင်း၊ ကျေးဇူးတော် ဖြစ်သည့် ဒုတိယအဆင့် လုပ်ဆောင်ခြင်း၊ သိမ်းပိုက် အောင်နိုင်ခြင်းဖြစ်သည့် တတိယအဆင့် လုပ်ဆောင်ခြင်း စသည့် အလုပ်များကို မစီစဉ်ထားရသေးပေ။ သူသည် မောဘမှ ဆင်းသက်လာသည့် လူမျိုးတစ်ချို့ ပါဝင်သော လူအုပ်စုတစ်စုကြားမှာ ဦးစွာအလုပ်လုပ်ပြီးသည့်အခါ ဤအရာမှတစ်ဆင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်အောင်နိုင်မည် ဖြစ်သည်။ သူသည် လောကကြီးကို ဖန်ဆင်းပြီးသည့်နောက် ဤစကားများကို ဆိုခဲ့သည် မဟုတ်။ မောဘ ပြီးနောက်မှာ ဤစကားများကို သူပြောခဲ့သည် မဟုတ်ပေ။ လောတ မတိုင်ခင် ပြောခဲ့ခြင်းမှာ သာ၍မဖြစ်နိုင်ပေ။ သူ့အလုပ်များ အားလုံးသည် အလိုအလျောက် ပြီးမြောက်သွားခြင်း ဖြစ်သည်။ ဤအရာသည် သူ၏ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု လုပ်ငန်း တိုးတက်လာသည့် ပုံစံအတိအကျပင်။ လောကကြီးကို မဖန်ဆင်းခင်က လူသားမျိုးနွယ် တိုးတက်ဖို့အတွက် ဤကဲ့သို့ အစီအစဉ်မျိုးကို အနှစ်ချုပ်ဇယားကဲ့သို့ သူမရေးခဲ့ချေ။ ဘုရားသခင်၏ လုပ်ဆောင်မှုထဲမှာ သူ၏ ဖြစ်ခြင်းကို သူတိုက်ရိုက် ဖော်ပြသည်။ အစီအစဉ်တစ်ခုကို ဖော်ထုတ်ဖို့ သူ့ဦးနှောက်ကိုသူ ဒုက္ခမပေးပေ။ ပရောဖက်များ များစွာမူကား ပရောဖက်ပြုချက်များ များစွာကို ပြောခဲ့ပေ၏။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အမြဲတမ်းပင် တိကျသည့် အစီအစဉ် သတ်မှတ်ထားခြင်းများ ဖြစ်သည်ဟု မပြောနိုင်ပေ။ ပရောဖက်ပြုချက်များသည် ဘုရားသခင်၏ အမှန်တကယ် လုပ်ငန်းများအပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်ခြင်းဖြစ်သည်။ သူ၏ လုပ်ဆောင်ချက် အားလုံးသည် အစစ်မှန်ဆုံး လုပ်ဆောင်ချက်များပင်။ အချိန်၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ မူတည်ပြီး သူ့အလုပ်များကို လုပ်ဆောင်ခြင်းဖြစ်ပြီး အကြောင်းအရာများ ပြောင်းလဲမှု အပေါ်မှာ မူတည်ပြီး သူ၏အစစ်မှန်ဆုံး အလုပ်များကို လုပ်ဆောင်သည်။ သူ့အတွက်ကား အလုပ်များကို လုပ်ဆောင်ခြင်းသည် ရောဂါအတွက် ဆေးညွှန်ပေးသလိုပင်။ သူ့အလုပ်များကို လုပ်နေရင်းနှင့် သူစောင့်ကြည့် လေ့လာသည်။ သူ၏ စောင့်ကြည့် လေ့လာချက်များအရ သူအလုပ်လုပ်သည်။ သူ့အလုပ်၏ အဆင့်တိုင်းမှာ သူ၏ ကြီးမားသည့် ဉာဏ်ပညာနှင့် ကြီးမားသည့် တန်ခိုးအစွမ်းများကို ဖော်ပြနိုင်သည့် အစွမ်းရှိသည်။ သူသည် ခေတ်ကာလ တစ်ခုအတွင်းမှာရှိသည့် လုပ်ဆောင်ချက် အပေါ်မှာမူတည်ပြီး သူ၏ ကြီးမားသည့် အသိဉာဏ်ပညာနှင့် အခွင့်အာဏာကို ဖွင့်ပြပြီး သူ၏စိတ်သဘောထား အလုံးစုံကို သိမြင်ဖို့ရန်အတွက် ဤခေတ်ကာလများမှာ ဤလူများကို ပြန်လည် ခေါ်ဆောင်ခွင့်ပြုခဲ့သည်။ သူသည် ခေတ်ကာလ တစ်ခုစီတိုင်းမှာ ပြီးမြောက်ရမည့် အမှုများပေါ်မှာ မူတည်ပြီး သူလုပ်ဆောင်သင့်သည့် အလုပ်များကို လုပ်ဆောင်ကာ လူသားများ၏ လိုအပ်ချက်ကို ပံ့ပိုးပေးသည်။ စာတန်က သူတို့ကို ဖျက်ဆီးထားသည့် အခြေအနေ အဆင့်အပေါ်မှာ မူတည်ပြီး လူများ၏ လိုအပ်ချက်များကို သူသည် ဖြည့်ဆည်းသည်။ ဖန်ဆင်းခြင်းများမှာ ဘုရားသခင်၏ သက်သေဖြစ်ဖို့နှင့် ကမ္ဘာပေါ်မှာ ဘုရားသခင်ကို ထင်ရှားစေဖို့အတွက် ခွင့်ပြုခဲ့သည့် အာဒံနှင့် ဧဝကို ဦးစွာ ဖန်ဆင်းခဲ့စဉ်တုန်းက ဤနည်းလမ်းပင် ဖြစ်သည်။ သို့သော်လည်း ဧဝသည် မြွေ၏ သွေးဆောင်ခြင်းကို ခံရပြီး အပြစ်လုပ်ခဲ့သည်။ အာဒံသည်လည်း အတူအပြစ်လုပ်ခဲ့ပြီး အကောင်းအဆိုးကို သိစေသည့်သစ်ပင်၏ အသီးကို ဥယျာဉ်ထဲ၌ သူတို့အတူတူ စားခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် သူတို့အကြားမှာ လုပ်ဆောင်ဖို့အတွက် အလုပ်များ ပိုမိုများပြားလာသည်။ အာဒံနှင့် ဧဝတို့၏ ကိုယ်လုံးတီးဖြစ်မှုကို မြင်ပြီး သူတို့ကိုယ်ခန္ဓာများကို တိရစ္ဆာန်သားရေနှင့် လုပ်ထားသည့် အဝတ်များနှင့် ဖုံးအုပ်စေခဲ့သည်။ ပြီးနောက်မှာ သူအာဒံကိုပြောသည်။ “ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။…သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်…အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။” သူက မိန်းမကို ပြောသည်။ “သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်” ဤအချိန်မှစပြီး ဘုရားသခင်သည် သူတို့ကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး ယခုခေတ် လူသားများ ကမ္ဘာပေါ်မှာ နေထိုင်သကဲ့သို့ ဥယျာဉ်၏ပြင်ပမှာ နေစေခဲ့သည်။ အစအဦးမှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့စဉ်က လူသားကို မြွေ၏ သွေးဆောင်ခြင်းကို ခံစေပြီး လူသားနှင့် မြွေကို ကျိန်ဆိုဖို့ သူမစီစဉ်ခဲ့ချေ။ ဤကဲ့သို့ အစီအစဉ်မျိုးကို သူအမှန်ပင် မရှိခဲ့ပေ။ ဤအရာသည် သူ့ဖန်ဆင်းခြင်းများထဲမှာ သူ့ကို လုပ်ဆောင်ချက် အသစ်များကိုပေးသည့် အရာများ ကြီးထွားလာခြင်း သက်သက်ပင် ဖြစ်သည်။ ယေဟောဝါသည် ကမ္ဘာပေါ်က အာဒံနှင့် ဧဝတို့အတွက် အမှုများကို ဆောင်ရွက်ပြီးသည့်အခါ လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ ဆက်လက် ဖွံ့ဖြိုးတိုးတက်လာသည်။ သို့သော်လည်း “မြေကြီးပေါ်တွင် လူ၏ ဒုစရိုက်အပြစ် ကြီးမားပြီး သူ၏ စိတ်နှလုံးအကြံအစည်အားလုံး အစဉ်မပြတ် ဆိုးညစ်ကြောင်းကို ယေဟောဝါ သိမြင်တော်မူ၏။ ယင်းက မြေကြီးပေါ်မှာ လူကို ဖန်ဆင်းသည်ကို ယေဟောဝါအား နောင်တရစေပြီး သူ၏ စိတ်နှလုံးကို ဝမ်းနည်းကြေကွဲစေသည်။… သို့သော် နောဧသည် ယေဟောဝါ၏ အမြင်တွင် အသရေရှိသောသူ ဖြစ်သည်။” ဤအချိန်မှာ သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် မြွေ၏သွေးဆောင်ခြင်းကို ခံရပြီးသည့်နောက်မှာ အပြစ်အလွန်ကြီးလာသည့်အတွက် ယေဟောဝါမှာ လုပ်ဆောင်စရာအသစ်များ ရှိလာခဲ့သည်။ ဤအခြေအနေများအရ ယေဟောဝါသည် ဤလူများထဲမှ နောဧ၏ မိသားစုကို ရွေးချယ်ပြီး လွတ်မြောက်ခွင့်ပေးကာ ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးဖို့ဖြစ်သည့် သူ၏အလုပ်ကို လုပ်ဆောင်သည်။ လူသားမျိုးနွယ်သည် အကျင့်စရိုက်များ သာ၍ သာ၍ ပျက်ဆီးလာရင်းနှင့် ယနေ့အထိ ဤပုံစံအတိုင်း ဆက်လက်ဖွံ့ဖြိုး တိုးတက်လာပြီး လူသားမျိုးနွယ်၏ တိုးတက်မှုက ထိပ်ဆုံးအထိ ရောက်သည့်အချိန်သည် လူသားမျိုးနွယ်၏ အဆုံးသတ်ခြင်းလည်း ဖြစ်လာပါမယ်။ ပကတိအစအဦးမှ ကမ္ဘာအဆုံးအထိ သူ့လုပ်ဆောင်ချက်၏ အတွင်းက သမ္မာတရားများသည် ဤကဲ့သို့ အမြဲတမ်း ဖြစ်ခဲ့သည်။ သူတို့၏ ပုံစံပေါ်မူတည်ပြီး လူသားကို အမျိုးအစားခွဲခြားပုံနှင့် အတူတူပင်ဖြစ်သည်။ အစအဦးမှာ သူတို့နှင့်သက်ဆိုင်သည့် အမျိုးအစားအတိုင်း လူတစ်ယောက်စီတိုင်းမှာ ကြိုတင်ခွဲခန့်မှတ်သား ထားသည့်အရာနှင့် အလွန်ဝေးကွာနေသည်။ လူသားများသည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းပြီး နောက်မှသာ တဖြည်းဖြည်းချင်း အမျိုးအစားခွဲခြားခြင်း ခံရသည်။ အဆုံးမှာတော့ လုံးဝကယ်တင်ခြင်း မခံရသူများသည် သူတို့၏ ဘိုးဘွားများဆီကို ပြန်ရမည်ဖြစ်သည်။ လောကကြီးကို ဖန်ဆင်းခဲ့စဉ်တုန်းက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မည်သည့်အမှုကိုမျှ ပြင်ဆင်ထားနှင့်ခြင်း မရှိပေ။ လူသားမျိုးနွယ်ကြားမှာ သူ့အလုပ်များကို လက်တွေ့ကျကျ သမ္မာတရားနှင့်အညီ တစ်ဆင့်ချင်း ပြုလုပ်ဖို့အတွက် ဖြစ်လာစေခဲ့သည့်အရာများ ကြီးထွားလာခြင်းသာ ဖြစ်သည်။ ဤအရာသည် မိန်းမကို သွေးဆောင်ဖို့အတွက် မြွေကို ယေဟောဝါ ဘုရားသခင်က ဖန်ဆင်းခြင်း မဟုတ်သည့် ပုံစံမျိုးပင်။ သူသေချာ သတ်မှတ်ထားသည့် အစီအစဉ်မဟုတ်သကဲ့သို့ သူတမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာလည်း မဟုတ်ချေ။ မျှော်လင့်မထားဘဲ ဖြစ်သည့်အရာဟု ပြောနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို ထပ်ပြီး မဖန်ဆင်းဖို့ ပိုင်းဖြတ်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ ဉာဏ်ပညာသည် ဤအခြေခံအချက် အပေါ်မှာပင် လူများအားဖြင့် တွေ့ရှိခြင်းသာဖြစ်သည်။ ယခင်က ငါပြောခဲ့သည့် အချက်ကဲ့သို့ပင် “ငါ၏ အသိပညာသည် စာတန်၏ လှည့်ကွက်များပေါ်မှာသာ အခြေခံလှုပ်ရှားသည်။” အကျင့်ပျက်ဆီးနေသည့် လူသားများသည် မည်ကဲ့သို့ပင် ကြီးထွားလာပါစေ သို့မဟုတ် မြွေက သူတို့ကို မည်ကဲ့သို့ပင် သွေးဆောင်ပါစေ ယေဟောဝါ၌ ဉာဏ်ပညာရှိသည်။ ထို့ကြောင့် သူသည် လောကကြီးကို ဖန်ဆင်းပြီးကတည်းက လုပ်ဆောင်ချက် အသစ်များနှင့် ထိတွေ့မှုရှိနေပြီး ဤအမှုအဆင့် အားလုံးသည် ပြန်လည်လုပ်ဆောင်ရခြင်းမျိုး တစ်ခုမျှမရှိ။ စာတန်သည် သူ၏ လှည့်စားမှု များကို အဆက်မပြတ် လုပ်ဆောင်နေသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို အဆက်မပြတ် ခံနေရပြီး ယေဟောဝါ ဘုရားသခင်သည်လည်း သူ၏ ပညာဉာဏ် ကြီးမားသည့် အလုပ်များကို အစဉ်မပြတ် လုပ်ဆောင်နေသည်။ သူသည် မည်သည့်အခါမျှ မရှုံးပေ။ ပြီးလျှင် သူသည် လောကကြီးကို ဖန်ဆင်းခြင်းမှစပြီး လက်ရှိအချိန်အထိ သူ့အလုပ်ကို မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် သူ၏ရန်သူကို ချေမှုန်းဖို့အတွက် လူသားများကြားမှာ အဆက်မပြတ် လုပ်ဆောင်နေသည်။ ဤတိုက်ပွဲသည် အစအဦးမှ ကမ္ဘာအဆုံးအထိ ဖြစ်ပေါ်နေမည်ဖြစ်သည်။ ဤအလုပ်များ အားလုံးကို လုပ်နေသည့်အချိန်၌ ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားများကို သူ၏ ဘုန်းတန်ခိုးနှင့် ပြည့်စုံသည့် ကယ်တင်ခြင်းကို ရရှိစေဖို့ အခွင့်ပေးခဲ့ရုံတင် မကဘဲ သူ၏ ဉာဏ်ပညာ၊ ဘုန်းတန်ခိုးနှင့် ပြည့်စုံမှုနှင့် အခွင့်အာဏာတို့ကို တွေ့မြင်စေခဲ့သည်။ အဆုံးမှာတော့ သူသည် ဆိုးသွမ်းသူကို အပြစ်ဒဏ်ပေးပြီး ကောင်းသည့်သူကို ချီးမြှောက်ရင်း သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်စေမည်ဖြစ်သည်။ သူသည် ဉာဏ်ပညာကြီးသည့် ဘုရားသခင်ဖြစ်ပြီး သူ၏ ဉာဏ်ပညာများသည် စာတန်၏ လှည့်ကွက်ပေါ်မှာ မူတည်လှုပ်ရှားသည့်အတွက် သူသည် စာတန်နှင့် ဤနေ့အထိ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး တစ်ခါမျှ မရှုံးနိမ့်ခဲ့ပေ။ ကောင်းကင်ဘုံ၌ ရှိသမျှ အရာအားလုံးကို သူ၏အခွင့်အာဏာထံ ဆက်ကပ်စေရုံသာမက ကမ္ဘာမှာရှိသည့် အရာအားလုံးကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်မှာ ငြိမ်သက်စေခဲ့သည်။ ဤတင်မကဘဲ သူသည် လူသားမျိုးနွယ်ကို ကျူးကျော် နှောင့်ယှက်သည့် မကောင်းမှုပြုသူများကို သူ၏ ပြစ်တင်ဆုံးမမှုအောက်၌ ကျဆင်းစေသည်။ ဤလုပ်ဆောင်ချက်၏ အကျိုးရလဒ်အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကောင်းကင်ဘုံ၊ ကမ္ဘာပေါ် သို့မဟုတ် စကြဝဠာတစ်ခုလုံး၌ ရန်သူမရှိဘဲ သဘာဝကို ကျူးကျော်ဝင်ရောက်မည့် အမှောင်စွမ်းအားများ မရှိခဲ့သည့်အတွက် ဘုရားသခင်သည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ်ရှေ့မှာ တစ်ခါမျှ မဖော်ပြခဲ့ပါဘူး။ ကောင်းကင်တမန်မင်းသည် သူ့ကို သစ္စာဖောက်ခဲ့ပြီးနောက်မှာ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး လူသားမျိုးနွယ်ကြောင့်ပင် ဘုရားသခင်သည် ကောင်းကင်တမန်မင်းဖြစ်သည့် စာတန်နှင့် အဆင့်တိုင်းမှာ သာ၍ သာ၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုဖြစ်သည့် နှစ်ထောင်ချီရှည်သည့် စစ်ပွဲရှည်ကြီးကို စတင်ခဲ့ရသည်။ ဤအဆင့်တိုင်းမှာ သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် ဉာဏ်ပညာကို တွေ့မြင်ရသည်။ ဤကဲ့သို့အချိန်မျိုးမှသာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်မှာရှိသည့် အရာအားလုံးသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့်ပြည့်စုံမှုနှင့် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သည်။ ယနေ့အထိ ဤကဲ့သို့ အကြောင်းတရားမျိုးကြောင့်သာ ဘုရားသခင်သည် သူ၏အလုပ်များကို လုပ်ဆောင်နေဆဲပင် ဖြစ်သည်။ ထပ်ဆင့်အနေနှင့် သူ၏လုပ်ငန်းများကို လုပ်ဆောင်နေစဉ်မှာ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံမှုကိုလည်း ဖော်ပြသည်။ ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း ဆိုသည်ကို သိရှိဖို့အတွက်နှင့် ဘုရားသခင်၏ စစ်မှန်မှုကို မည်ကဲ့သို့ ရှင်းပြရမည် ဆိုတာကို သိရှိဖို့အတွက် လုပ်ဆောင်ချက် အဆင့်တိုင်း၏ အတွင်းကျသည့် သမ္မာတရားကို သင်တို့ကို မြင်ခွင့်ပေးသည်။Read More »

Advertisements