နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်း- ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာကျမ်းစာထဲ၌ အမှန်တကယ် ရှိပါသလား

ကျေးဇူးတော်, ဆုတောင်း, ပရောဖက်ပြုခြင်း, သမ္မာကျမ်းစာ, သမ္မာတရား

ရှီရူ တရုတ်ပြည်

“ရှီရူ၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၃ အငယ် ၂၂ မှာ သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်။” လို့ အကြိမ် ပေါင်းများစွာ ပရောဖက်ပြုခဲ့တယ်။ ကျွန်မတို့က သခင်ယေရှု ပြန်ကြွလာဖို့ကို နှစ်ပေါင်းများစွာ တောင့်တခဲ့ကြပြီး၊ အခုတော့ ကိုယ်တော်ဟာ သူ့နှုတ်ကပတ်တော်တွေကို ပြောဖို့နဲ့ အမှုတော် အဆင့်သစ်ကို ပြုဖို့တို့အတွက် ပြန်ကြွလာခဲ့ပြီ …”

ရှီရူက ပြတင်းပေါက်တွင် မတ်တပ်ရပ်ပြီး၊ မျက်မှောင်ကြုတ် ကာ သူမအိမ်နီးချင်း အစ်မဂျိုး၏ စကားများက သူမနားထဲတွင် ထပ်ကာတလဲလဲ ပဲ့တင်ထပ်နေသည်။ သို့သော်လည်း သင်းအုပ် ဆရာများနှင့် အကြီးအကဲများက “ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ အားလုံးဟာ သမ္မာ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပြီး၊ သမ္မာကျမ်းစာပြင်ပမှာ လုံးဝ မရှိဘူး။ သခင့်ကြွလာခြင်းကို ကျွန်တော်တို့ စောင့်ချင်တယ် ဆိုရင်၊ ကျွန်တော်တို့က သမ္မာကျမ်းစာကို ဆုပ်ကိုင်ထားရမယ်” ဟု မကြာခဏ တရားဟောကြသည်ကို သူမ တွေးမိသည်။ ရှီရူက သူမဘာသာ “ သခင်က နောက်ဆုံးသော ကာလမှာ အတိအကျကို ပြန်ကြွလာမယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်အားလုံးက သမ္မာကျမ်းစာထဲမှာ ရှိတယ်ဆိုရင်၊ သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန်ကျရင် နောက်ထပ်နှုတ်ကပတ်တော်တွေကို ပြောတာ၊ ဒါမှမဟုတ် အမှုတော်အသစ်တစ်ခုတစ်လေကိုပြုတာကို ဘယ်လိုလုပ်နိုင်မှာလဲ။” ဟု တွေးမိသည်။ ဤအချက်ကိုတွေးရင်းဖြင့် ရှီရူသည် အလွန်စိတ်ရှုပ်ထွေးခဲ့သည်။ သူမက စားပွဲဆီသို့ ပြန်လျှောက်သွားခဲ့ပြီး၊ ထို့နောက် ဘုရား သခင်ထံ ဆုတောင်းကာ၊ အဖြေများ ရှာဖွေခဲ့သည်။ ထို့နောက် ရှီယူက သမ္မာကျမ်းစာကို ဖွင့်လိုက်ပြီး၊ ထိုအခိုက်အတန့်တွင်ပင် သူမသည် ဗျာဒိတ်ကျမ်း အခန်းကြီး ၂ အငယ် ၇ကို စိတ်ဝင်စား သွားခဲ့သည်။ သူမက တိုးညှင်းသောအသံဖြင့် ဖတ်ရှုလိုက်သည်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” “ ဝိညာဉ်တော်က အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူ သည်ကို” ဟု သူမက တွေးခဲ့သည်။ “ နားရှိသောသူမည်သည်ကား ကြားပါစေ ဟုတ်လား။ ဗျာဒိတ်ကျမ်းကသခင့်ပြန်ကြွလာခြင်းနဲ႔ ပတ်သက်တဲ့ ပရောဖက်ပြုခြင်းကျမ်းတစ်ခုဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာသခင်ပြန်ကြွလာတဲ့အချိန်မှာ ကိုယ်တော်က နှုတ်ကပတ်တော်တွေကိုတကယ်ပဲ ထပ်ပြောနိုင်သလား။ ဒါပေမဲ့လည်း သင်းအုပ်ဆရာတွေ နဲ့ အကြီးအကဲတွေက သခင့်နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ က အားလုံး သမ္မာကျမ်းစာထဲမှာလို့ ပြောကြတယ်။ ဒီကိစ္စရဲ့ သမ္မာတရား အတိအကျက ဘာလဲ” ရှီရူက ဤအကြောင်းကို အချိန်ကြာမြင့်စွာ စဉ်းစားချင့်ချိန်သော်လည်း အတော်အတန် နားမလည်နိုင်သေးပဲ ဖြစ်ခဲ့သည်။Read More »

Advertisements