ဘုရားသခင်၏ စကားတော် | ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်

ဘုရားသခင်၏ စကားတော် | ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်

ယနေ့ ထာဝရဘုရားသခင်သည် သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလိုသူ၊ သူ၏အလုပ်ကိုနာခံလိုက်နာ နိုင်သူ၊ ဘုရားသခင်ပြောသောစကားများကို အမှန်ဖြစ်သည်ဟု ယုံကြည်သူနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့ကျင့်ကြံနိုင်သော လူတစ်စုကို ရွေးနှုတ်လိုသည်။ ထိုသူတို့သည် သူတို့၏စိတ်နှလုံးတွင် စစ်မှန်သောနားလည်မှုရှိသူများ ဖြစ်ကြသည်။ ထိုသူတို့သည် စုံလင်နိုင်သည့် သူများဖြစ်ပြီး ထိုသူတို့သာလျှင် ပြည့်ဝ စုံလင်ခြင်းလမ်းကို မလွဲဧကန် လျှောက်လှမ်းရမည့်သူများ ဖြစ်ပါသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာနားမလည်သူ၊ ဘုရားသခင်၏ စကားတော်များကို မစားသောက်သောသူများ၊ သူ၏စကားများကို အလေးမထားသူနှင့် သူတို့၏စိတ်တွင် ဘုရားသခင်ကို လုံးဝမချစ်ခင်သူများကဲ့သို့သောသူများသည် မစုံလင်နိုင်ပေ။ လူ့ဇာတိခံဘုရားသခင်ကို သံသယရှိသူ၊ သူ့ကိုရေရေရာရာမသိသူ၊ သူ၏စကားကို လုံးဝအလေးအနက်မထားသူနှင့် သူ့ကိုအမြဲလှည့်ဖြားနေသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သော စာတန်၏ လူများ ဖြစ်သောကြောင့် ထိုသူများကို စုံလင်စေရန် လုံးဝမဖြစ်နိုင်ပေ။Read More »

Advertisements

သခင်၏ ပြန်ကြွလာခြင်းသည် ရှင်ပြန်ထမြောက်သော ယေရှု၏ ဝိညာဉ်ခန္ဓာ လူရှေ့တွင် ပေါ်ထွန်းခြင်း ဖြစ်ပါသလား သို့မဟုတ် လူသားအဖြစ် လူ့ဇာတိခံယူ ပြီး လူရှေ့တွင် ပေါ်ထွန်းခြင်းဖြစ်ပါသလား။

ဘုရားသခင်, ယေရှု, ဝိညာဉ်တော်, သခင်ယေရှု, သခင်ကို ချစ်ခြင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)Read More »

နောက်ဆုံးသောကာလတွင် ဘုရားသခင်ဖော်ပြသော သမ္မာတရားများသည် ထာဝရအသက်လမ်း ဖြစ်သည်

ကယ်တင်ခြင်း, ထာဝရအသက်, ယုံကြည်ခြင်း, ယေရှု, သမ္မာတရား

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။” (ဗျာ ၂:၁၁)

“တဖန်၊ ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက် သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ် နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေ တတ်၏။ အရွက်သည်လည်းလူအမျိုးမျိုး တို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။” (ဗျာ ၂၂:၁-၂)Read More »

【Live】Myanmar Movie | သိုးသငယ်၏ ခြေလှမ်းများနောက် သင်လိုက်ပြီးပြီလား

 

သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းမှာ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဘို့ အဦးသီးသော အသီးဖြစ်ကြ၏” လို့ ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။ (ဗျာဒိတ် ၁၄:၄)ဘာကြောင့်လဲဆိုရင် ဒီလိုလူတွေကပဲ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ပြီး၊ ဘုရားသခင်ရဲ့ ထာဝရ ကောင်းချီးမင်္ဂလာတွေကို မွေ့လျော်ခံစားရမှာ ဖြစ်လို့ပါ။ သခင့်အပေါ် စစ်မှန်စွာ ယုံကြည်တဲ့သူတွေအားလုံးဟာ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်လိုက်ပြီး အဦးသီးသော အသီးတွေဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်။ယခု နောက်ဆုံးသောကာလ ရောက်နှင့်ပြီဖြစ်ပါတယ်။ ပြီးတော့ သခင်က သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ပေါ်ထွန်းတဲ့ တကယ့်အခါသမယပဲဖြစ်ပါတယ်။သိုးသငယ်ရဲ့ ခြေလှမ်းတွေကို သင်တို့ ရှာတွေ့ပြီးပြီလား။ ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက်ကို ဘယ်လိုလိုက်ရမယ်ဆိုတာ သိချင်နေပါသလား။ ဒီအစီအစဉ်က မိတ်ဆွေတို့ကို လမ်းပြပါလိမ့်မည်။ ကျေးဇူးပြုပြီး ဂရုတစိုက် ကြည့်ရှုပေးပါ။Read More »

Myanmar Gospel song 2019 | သန့်ရှင်းခံရသူများသာ အနားယူခြင်းသို့ ဝင်ကြလိမ့်မည်

ကယ်သင်ခြင်း, ကျေးဇူးတော်, ထာဝရအသက်, သန့်ရှင်း

Myanmar Gospel song 2019 | သန့်ရှင်းခံရသူများသာ အနားယူခြင်းသို့ ဝင်ကြလိမ့်မည်


အနာဂတ်လူသားမျိုးနွယ်စုသည် အာဒံနဲ့ဧဝမှ ဆင်းသက်ခဲ့သော်လည်း
စာတန်ရဲ့စိုးမိုးမှုအောက်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်
ကယ်တင်ခြင်း၊ သန့်စင်ခြင်းခံရသော လူမျိုးဖြစ်လိမ့်မည်


စီရင်ခြင်းနှင့်အပြစ်ဒဏ်ပေးခြင်းခံရသောသူများဖြစ်ပြီး
သန့်ရှင်းသူများဖြစ်သည်
သူတို့သည် ရှေးလူမျိုးစုနွယ်ဖြစ်သော
အာဒံနှင့်ဧဝတို့နဲ့ ကွာခြားသည်။
သီးခြားလူမျိုးစုသစ်နီးနီးအတိုင်း အလွန်ကွဲပြား
မာရ်နတ် ဖျက်ဆီးခံရသူများထဲမှ ရွေးကောက်ခံရ၍
ဘုရားသခင်၏နောက်ဆုံး စီရင်ခြင်း၌ အခိုင်အမာရပ်တည်ကာ
ဤနောက်ဆုံးကျန်ရှိသောလူအုပ်စုသည်
နောက်ဆုံးတွင် ဘုရားသခင်နဲ့အတူ
အနားယူခြင်းသို့ ဝင်ရောက်နိုင်သည်

Read More »

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်

သခင်ပြန်လာခြင်း၏သတင်းကောင်းတစ်ပုဒ် ပုန်းအောင်းနေသော (App) တစ်ခု-

ခရစ်ယာန်အတော်များများက သခင်ပြန်ကြွလာမည်ကို စိတ်အားထက်သန်စွာ တောင့်တကြပါသည်။ ဘုရားသခင်၌အမှန်တကယ်ယုံကြည်သော သင်သညလည်း သခင်ပြန်လာခြင်း၏ သတင်းကောင်းကို မသိလိုဘူးလား။

ကောင်းကင်နိုင်ငံတော်ကိုဝင်ရောက်ဖို့ရန် အပြစ်များကို ဘယ်လိုဖယ်ရှားပစ်ရမလဲ၊ ပညာရှိသောအပျိုကညာသည် ဘုရားသခင်၏စကားသံကို ဘယ်လိုနားထောင်ပြီး၊ သခင့်ပြန်လာခြင်းကို ဘယ်လိုကြိုဆိုသလဲ.. စသော သခင့်ပြန်လာခြင်း၏ နက်နဲသောအရာများကို နားလည်နိုင်မည့် ခရစ်ယာန်များအတွက် မရှိမဖြစ်လိုအပ်သော (app) တစ်ခုကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် ကျွနု်ပ်တို့ ‘ဒေါင်းလုပ်’ နိုင်ပါသည်။Read More »

Myanmar Christian Song | သင်ဟာဘုရားရဲ့ လက်ရှိအမှုတော်အနောက်ကို လိုက်ပါသလား

Myanmar Christian Song | သင်ဟာဘုရားရဲ့ လက်ရှိအမှုတော်အနောက်ကို လိုက်ပါသလား


သင်ဟာဒီနေ့ရဲ့ အလင်းရောင်အနောက်ကို မလိုက်နိုင်ရင်
သင်ဟာဘုရားနဲ့ အလှမ်းဝေးသွားပြီ
အဲဒီ့နှောင်ကြိုးဟာပြတ်နေပြီး ပုံမှန်ဝိညာဉ်အသက်တာ မရှိတော့
ဘုရားနဲ့ စစ်မှန်တဲ့ရင်းနှီးမှုဆိုတာ
ဒီနေ့ဘုရားရဲ့စကားကို လက်ခံတဲ့အပေါ်မှာ တည်ဆောက်တယ်။
သင့်မှာ ပုံမှန်ဝိညာဉ်အသက်တာနှင့် ဘုရားနှင့် ကျွမ်းဝင်မှုရှိလား။
ဝိညာဉ်တော်ရဲ့ ရေစီးကြောင်းအတိုင်း လိုက်ပါသလား
နိုးကြားမှုမရှိတဲ့ အဖြစ်ကနေ ထွက်လာပြီလား
ဘုရားစကားကို ယုံကြည်သူ
အမှုတော်ကို အခြေပြုပြီး
ဝိညာဉ်တော်ရဲ့ အလင်းရောင်နောက်လိုက်သူတို့ဟာ
ဝိညာဉ်တော်ရဲ့ ရေစီးကြောင်းထဲမှာပါ။

Read More »

ဘုရားသခင်၏ စကားတော် | လူသား၏ ပင်ကို ကိုယ်ပိုင်လက္ခဏာနှင့် ၎င်းတို့၏ တန်ဖိုး- ထိုအရာများမှာ အဘယ်နည်း

ခရစ်ယာန်, ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ, ယုံကြည်ခြင်း, အသက်

သင်တို့သည် ရွှံ့မြေထဲမှ ဖယ်ထုတ်ခြင်းကို ခံခဲ့ရပြီး မည်သို့ပင်ဖြစ်ပါစေ သင်တို့သည် အနည်ထဲမှ ရွေးချယ်ခြင်းကို ခံခဲ့ရသည့် ဘုရားသခင် မုန်းသောသူများနှင့် ညစ်ညမ်းသောသူများ ဖြစ်ကြသည်။ သင်တို့သည် စာတန်က နှင့် သက်ဆိုင်ခဲ့ကြပြီး ၎င်း၏ နင်းခြေခြင်းနှင့် စွန်းထင်းစေခြင်းကို တစ်ချိန်က ခံခဲ့ကြရသည်။ ထို့ကြောင့် သင်တို့သည် ရွှံ့မြေထဲမှ ဖယ်ထုတ်ခြင်းကို ခံခဲ့ရသည့် မသန့်ရှင်းသူများ ဖြစ်ကြပြီး ထိုအစား အချိန်ကြာမြင့်စွာ စာတန်၏ အရူးလုပ်ခြင်းကို ခံခဲ့ရသည့် လူသား မဟုတ်သည့် အရာဝတ္တုများ ဖြစ်ကြသည်ဟု ဆိုရခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အသင့်လျော်ဆုံး သရုပ်ဖော်ချက် ဖြစ်သည်။ သင်တို့ထံမှ ပျော်မွေ့ဖွယ်ရာ တစ်ခုမှ မရရှိနိုင်သည့်အတွက် သင်တို့သည် ငါးနှင့် ပုစွန်များကဲ့သို့ လိုချင်စဖွယ် ဖြစ်သော ဖမ်းမိသည့်အရာများနှင့် တခြားစီဖြစ်၍ ပုပ်သိုးနေသော ရေသေနှင့် ရွှံ့မြေထဲတွင် တွေ့ရသော အညစ်အကြေးများ ဖြစ်ကြောင်းကို သင်တို့ သဘောပေါက်ရမည်။ တဲ့တိုးပြောပါက သင်တို့သည် အနိမ့်ကျဆုံး လူမှုရေး အတန်းစားထဲမှ အဖွဲ့ဝင်များ ဖြစ်သည်၊ ဝက်များနှင့် ခွေးများထက် ပို၍ ဆိုးဝါးသော တိရစ္ဆာန်များ ဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောပါက သင်တို့အား ထိုကဲ့သို့ ဝေါဟာရများဖြင့် ခေါ်ဝေါ်ခြင်းမှာ ပုံကြီးချဲ့ခြင်း သို့မဟုတ် ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ ၎င်းမှာ ပြဿနာကို ရိုးရှင်းလွယ်ကူစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သင်တို့အား ထိုကဲ့သို့ ဝေါဟာရများဖြင့် ခေါ်ဝေါ်ခြင်းမှာ အမှန်အားဖြင့် သင်တို့အား အရိုအသေပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားများ ဖြစ်ကြသော သင်တို့၏ အတွင်းသဘော၊ စကား၊ အပြုအမူနှင့် ရွှံ့မြေထဲမှ သင်တို့၏ ရာထူးဂုဏ်ဒြပ် အပါအဝင် သင်တို့၏ အသက်တာထဲမှ အရာအားလုံးတို့မှာ သင်တို့၏ ကိုယ်ပိုင်လက္ခဏာသည် “သာမန်ထက် ထူးခြားကြောင်း” သက်သေပြရန် လုံလောက်သည်။Read More »

ကျေးဇူးတော်ကာလတွင် သခင်ယေရှုမှ ဖြန့်ခဲ့သော သတင်းစကားမှာ နောင်တတရားအတွက် လမ်းခရီးတစ်ခုသာဖြစ်သည်

ကယ်တင်ရှင်, ယုံကြည်ခြင်း, ယေရှု, ရွေးနှုတ်ခြင်း, သမ္မာကျမ်းစာ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (မ ၄:၁၇)

“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (မ ၂၆:၂၈)

“ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊ ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။” (လု ၂၄:၄၅-၄၇)Read More »

ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိရန် နည်းလမ်း

ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောပါသည်၊ “ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်အမျိုးအစား၌ သင်ရှိနေသည်ဖြစ်စေ၊ အကယ်၍ သင်သည် အသက်ကို မီအောင်လိုက်နိုင်ပါက၊ သင့်အတွင်း၌ ဘုရားသခင် လုပ်ဆောင်သောအမှုကို ခံယူရရှိရန်အတွက် ကြိုးပမ်းနိုင်ကာ၊ သမ္မာတရားကို မီအောင်လိုက်နိုင်ပြီးဘုရားသခင်ပြုသော အမှုအရာများကို သင် နားလည်ကာ သမ္မာတရားနှင့်အညီ သင် ကျင့်ကြံပြုမူနိုင်ပါက၊ ဤအရာမှာ သင်၏စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပြီး သင်သည် ဘုရားသခင်အပေါ် မျှော်လင့်ခြင်း မပျောက်ပြယ်သွားကြောင်း ဤအရာက ပြသပါသည်။ စစ်ဆေးခြင်းအားဖြင့် သမ္မာတရားကို သင်ဆက်လက် မီအောင်လိုက်မှသာ ဘုရားသခင်ကို စစ်မှန်စွာ သင်ချစ်မြတ်နိုးနိုင်ကာ သူ့အပေါ် သံသယစိတ်များ တိုးပွားလာမည် မဟုတ်ဘဲ၊ အကယ်၍ မည်သည့်အမှုကို သူပြုသည်ဖြစ်စေ၊ သူ့ကို ကျေနပ်စေရန် သင်သည် သမ္မာတရားကို လက်တွေ့ ဆက်လက်ကျင့်ကြံကာ သင်သည် သူ၏အလိုတော်ကို အလေးအနက်ထား ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်ပါက၊ ဤအရာမှာ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိကြောင်း ဆိုလိုခြင်း ဖြစ်သည်။” (“စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်”) စစ်မှန်သောယုံကြည်ခြင်းဆိုသည်မှာ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ အနှောင့်အယှက်များနှင့် ကျရှုံးမှုများ တွေ့ကြုံရပါစေ၊ ကျွန်ုပ်တို့၏ ဇာတိပကတိ သို့မဟုတ် ဝိညာဉ်ရေးရာဆင်းရဲဒုက္ခများကြီးမားခြင်းကို ပဓာနမထားဘဲ ကျွန်ုပ်တို့ ရင်ဆိုင်ရမည့် မည်ကဲ့သို့သော ပတ်ဝန်းကျင်တွင်မဆို ဘုရားသခင်ကို ကြည်ညိုခြင်းနှင့် နာခံခြင်း စိတ်နှလုံးကို ထိန်းသိမ်းထားနိုင်ရန် ရည်ညွန်းကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ နားလည်သိရှိနိုင်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သိရှိနိုင်ရပါမည်။ ကိုယ်တော်ချမှတ်ထားသည့် ပတ်ဝန်းကျင်အလယ်တွင် ကိုယ်တော့်ကို ဆက်လက် ဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်သူမျိုးကိုမှသာ စစ်မှန်သော ယုံကြည်ခြင်းရှိသည့်လူဟု သတ်မှတ်နိုင်ပါသည်။

ကယ်တင်ရှင်, ဆုတောင်း, ရိုသေ ကိုင်းရှိုင်းခြင်း, အသင်းတော်, ဧဝံဂေလိ
Read More »