【Live】ဧဝံဂေလိတရားဗီဒီယို – သခင် ပြန်ကြွလာပြီး စာစောင်ကို ဖွင့်လေပြီ

 

ကြည့်ရှုသူများ ခင်ဗျာ မင်္ဂလာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့@တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုကြတဲ့အတွက်@ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမအားလုံးက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားတဲ့@ စာစောင်ငယ်အကြောင်းကို သိကြပါတယ်။ ဒါပေမယ့် စာစောင်က ဘာကို ရည်ညွှန်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆရှိကြပါတယ်။ လူတစ်ချို့က စာစောင်ဟာ သမ္မာကျမ်းစာကို@ရည်ညွှန်းတာဖြစ်တယ်လို့ ယုံကြတယ်။ ဒါပေမဲ့ တချို့ကလည်း ကျမ်းစာထဲမှာ ဒီလိုပြောထားတဲ့အတိုင်း ယုံကြည်ကြတယ်။ “ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။… ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ… အဘယ်သူမျှမတတ်နိုင်။…တယောက်ကိုမျှ ရှာ၍မတွေ့…” (ဗျာဒိတ်ကျမ်း ၅:၁-၃) “ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနစ်ချက်တို့ကို၎င်း ဖွင့်ခြင်းငှါ အောင်မြင်လေပြီ” (ဗျာဒိတ်ကျမ်း ၅:၄-၅) စာစောင်ငယ်ကို တံဆိပ်ခုနှစ်ခုနဲ့ ခတ်ထားတယ်၊ စာစောင်ပါ အကြောင်းအရာကို ဗျာဒိတ်ကျမ်းထဲမှာ@မရေးမှတ်ထားဘူးဆိုတာနဲ့ ပြန်ကြွလာတဲ့ သခင်ကလွဲလို့@ဘယ်သူမှ ဒါကို မဖွင့်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ နေ့တိုင်း ကျမ်းစာကို ကျွန်တော်တို့ ဖတ်မှတော့ အဲဒါက ဘယ်လိုလုပ်ပြီး စာစောင်ငယ် ဖြစ်နိုင်မှာလဲဒီတော့ စာစောင်ငယ်က ဘာကို တကယ်ရည်ညွှန်းတာလဲ အဲဒါက ဘယ်လိုပွင့်မှာလဲ သခင်ယေရှု ပြောခဲ့တာက၊ “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား@အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန် ၁၆:၁၂-၁၃) သခင်က သူနောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ကို သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး@သမ္မာတရားအားလုံးဆီ လမ်းပြမယ်လို့@ပရောဖက်ပြုခဲ့တယ်။ အခုက နောက်ဆုံးသော ကာလရဲ့ အဆုံးသတ်ဖြစ်နေပါပြီသခင် ပြန်ကြွလာနှင့်ပြီးပြီဖြစ်သလို စာစောင်နဲ့ တံဆိပ်ခုနှစ်ခုကို ဖွင့်ပြီးပါပြီ။ ဒီတော့ ဖွင့်ထားပြီးဖြစ်တဲ့ ဒီစာစောင်က နောက်ဆုံးသော ကာလမှာ ပြန်ကြွလာတဲ့ သခင် ဖော်ပြတဲ့ သမ္မာတရားနဲ့ ဘာများပတ်သက်မှုရှိပါသလဲ ဒီအရာအားလုံးအပြင် နောက်ထပ်အကြောင်းအရာတွေကို ထုတ်ဖော်ပြတဲ့ ဒီအစီအစဉ်အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ပါ။

များပြားသောအကြံပြုချက်များ

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

ခရစ်ယာန်ဘာသာ, ဓမ္မသီချင်း, ဘုရားသခင်, အသင်းတော်, ဧဝံဂေလိ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s