【Live】ဧဝံဂေလိတရားဗီဒီယို – သခင် ပြန်ကြွလာပြီး စာစောင်ကို ဖွင့်လေပြီ

 

ကြည့်ရှုသူများ ခင်ဗျာ မင်္ဂလာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့@တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုကြတဲ့အတွက်@ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမအားလုံးက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားတဲ့@ စာစောင်ငယ်အကြောင်းကို သိကြပါတယ်။ ဒါပေမယ့် စာစောင်က ဘာကို ရည်ညွှန်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆရှိကြပါတယ်။ လူတစ်ချို့က စာစောင်ဟာ သမ္မာကျမ်းစာကို@ရည်ညွှန်းတာဖြစ်တယ်လို့ ယုံကြတယ်။ ဒါပေမဲ့ တချို့ကလည်း ကျမ်းစာထဲမှာ ဒီလိုပြောထားတဲ့အတိုင်း ယုံကြည်ကြတယ်။ “ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။… ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ… အဘယ်သူမျှမတတ်နိုင်။…တယောက်ကိုမျှ ရှာ၍မတွေ့…” (ဗျာဒိတ်ကျမ်း ၅:၁-၃) “ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနစ်ချက်တို့ကို၎င်း ဖွင့်ခြင်းငှါ အောင်မြင်လေပြီ” (ဗျာဒိတ်ကျမ်း ၅:၄-၅) စာစောင်ငယ်ကို တံဆိပ်ခုနှစ်ခုနဲ့ ခတ်ထားတယ်၊ စာစောင်ပါ အကြောင်းအရာကို ဗျာဒိတ်ကျမ်းထဲမှာ@မရေးမှတ်ထားဘူးဆိုတာနဲ့ ပြန်ကြွလာတဲ့ သခင်ကလွဲလို့@ဘယ်သူမှ ဒါကို မဖွင့်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ နေ့တိုင်း ကျမ်းစာကို ကျွန်တော်တို့ ဖတ်မှတော့ အဲဒါက ဘယ်လိုလုပ်ပြီး စာစောင်ငယ် ဖြစ်နိုင်မှာလဲဒီတော့ စာစောင်ငယ်က ဘာကို တကယ်ရည်ညွှန်းတာလဲ အဲဒါက ဘယ်လိုပွင့်မှာလဲ သခင်ယေရှု ပြောခဲ့တာက၊ “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား@အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန် ၁၆:၁၂-၁၃) သခင်က သူနောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ကို သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး@သမ္မာတရားအားလုံးဆီ လမ်းပြမယ်လို့@ပရောဖက်ပြုခဲ့တယ်။ အခုက နောက်ဆုံးသော ကာလရဲ့ အဆုံးသတ်ဖြစ်နေပါပြီသခင် ပြန်ကြွလာနှင့်ပြီးပြီဖြစ်သလို စာစောင်နဲ့ တံဆိပ်ခုနှစ်ခုကို ဖွင့်ပြီးပါပြီ။ ဒီတော့ ဖွင့်ထားပြီးဖြစ်တဲ့ ဒီစာစောင်က နောက်ဆုံးသော ကာလမှာ ပြန်ကြွလာတဲ့ သခင် ဖော်ပြတဲ့ သမ္မာတရားနဲ့ ဘာများပတ်သက်မှုရှိပါသလဲ ဒီအရာအားလုံးအပြင် နောက်ထပ်အကြောင်းအရာတွေကို ထုတ်ဖော်ပြတဲ့ ဒီအစီအစဉ်အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ပါ။Read More »