Myanmar Gospel Skit (နွားတင်းကုပ် ထဲတွင် စုရုံးခြင်း)

လတ်တလောတွင် ဘုရားမဲ့ဝါဒီ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ခရစ်ယာန်များအပေါ် ညှဉ်းဆဲခြင်းသည် တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။ ယုံကြည်သူများသည် သူတို့၏ ယုံကြည်မှုအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် ကန့်သတ်ခြင်းများကို အဆက်မပြတ် ကြုံတွေ့နေရကာ၊ ငြိမ်ချမ်းစွာ စုရုံးဖို့ရန် နေရာတစ်နေရာမှပင် ရှာ၍မတွေ့နိုင်ကြပေ။ ရွေးချယ်စရာအခြားမရှိဘဲ၊ လျူရှုမင်းသည် ညီအစ်ကို မောင်နှမများနှင့်အတူ စုရုံးခြင်းကို သူမ၏နွားတင်းကုပ်၌သာ လက်ခံဆောင်ရွက်နိုင်သည်။ သို့သော် ၎င်းတို့စုရုံးနေစဉ်အတွင်း၊ ရွာလူကြီးများသည် တစ်ယောက်နောက်တစ်ယောက် အနီးတဝိုက်တွင် လာရောက် ကြည့်ရှုကြပြီး အကြောင်းပြချက် အမျိုးမျိုးပြကာ ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲများကိုပါ အတွင်းသို့ ခေါ်ဆောင်လာသည်…. လျူရှုမင်းနှင့် သူမ၏ညီအစ်ကို မောင်နှမများ သူတို့၏ စုရုံးခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မည်လား၊ သူတို့ကို ရှာတွေ့သွားမည်လား၊ သူတို့ အဖမ်းခံရမည်လား၊ တရုတ်နိုင်ငံရှိ ခရစ်ယာန်များ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ညှဉ်းဆဲမှုအောက်တွင် သူတို့၏ ယုံကြည်ခြင်းကို မည်ကဲ့သို့ မဆုတ်မနစ်လုပ်ဆောင်ရန် စီမံကြောင်းကို သင့်အား ဤ နွားတင်းကုပ်ထဲတွင် စုရုံးခြင်း ဟာသပြဇာတ်တိုလေးက ထုတ်ဖော်ပြပေးသည်။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ကယ်တင်ခြင်း

ဆုတောင်းရန် သင်ယူခြင်း- ပြဿနာသုံးရပ် ဖြေရှင်းလိုက်ခြင်းက ကျွန်တော်တို့ကို ဆုတောင်းနည်း သင်ကြားပေးသည်