Myanmar movie 2019 | ဘုရားသခင်၏ ကွယ်ကာမှုနှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာ

Myanmar movie 2019 | ဘုရားသခင်၏ ကွယ်ကာမှုနှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာ

မုန်တိုင်းတွေက ဘာမှအချက်မပြဘဲဝင်ရောက်လာပြီး လူသားတွေ အပေါ် ကံဆိုးမှုတွေ ညတွင်းချင်းကျရောက်လာနိုင်တယ်လို့ လူတွေ မကြာခဏပြောလေ့ရှိပါတယ်။ သိပ္ပံပညာ၊ ခေတ်မှီပို့ဆောင် ဆက်သွယ်ရေးတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှုတွေ လျင်မြန်စွာ တိုးတက်များပြားလာတဲ့ဒီနေ့ခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးဆိုးတွေ ဖြစ်ပေါ်မှုက တနေ့ထက် တနေ့ပိုမိုများပြားလာပါတယ်။ သတင်းစာ ပဲလှန်လှန် တီဗီပဲဖွင့်ဖွင့် အများဆုံး တွေ့ရမြင်ရတဲ့ သတင်းတွေက စစ်ပွဲတွေ မြေငလျင်လှုပ်တာတွေ ဆူနာမီတွေ ဟာရီကိန်းမုန်တိုင်းတွေ မီးလောင်တာ ရေကြီးတာတွေ လေယာဉ်ပျက်ကျတာတွေ မိုင်းတွင်းမတော်တဆမှုတွေ လူမှုအသိုင်းအဝိုင်းတွင်း မငြိမ်မသက် ဖြစ်မှုတွေ ပြင်းထန်တဲ့ ပဋိပက္ခတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတာတွေပဲဖြစ်နေပါတယ်။ ကျွန်ုပ်တို့တွေ့ကြုံနေရတာတွေ အားလုံးဟာ သဘာဝကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေနဲ့ လူကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေပဲဖြစ်ပါတယ်။ ဒီကပ်ဘေးဒုက္ခတွေဟာ မကြာခဏဖြစ်ပေါ်နေသလို ပိုပိုပြီးလဲ တိုးပွားများပြားလာပါတယ်။ ဒီဘေးဆိုးကပ်ဆိုးတွေရဲ့ ပြင်းထန်တဲ့ ထိုးနှက်မှုကြောင့် ဘေးဒုက္ခတွေ သွေးချောင်းစီးမှုတွေ ကိုယ်လက်အအင်္ဂါ ချို့တဲ့မှုတွေ နဲ့ သေဆုံးမှုတွေအထိဖြစ်စေပါတယ်။ ကံဆိုးမှုတွေက ကျွန်ုပ်တို့ ဝန်းကျင်မှာ အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး၊ ဘဝရဲ့တိုတောင်းမှု ထိလွယ်ရှလွယ်ရှိမှုတွေကို အလေးထားမိစေပါတယ်။ အနာဂတ်မှာ ဘယ်လိုဘေးဆိုးကပ်ဆိုးတွေနဲ့တွေ့မယ်ဆိုတာ ခန့်မှန်းနိုင်တဲ့ နည်းလမ်းလဲမရှိသေးပါဘူး။ အဲဒီအပြင် ဘယ်လို လုပ်ဆောင်ချက်တွေ လုပ်ဆောင်ထားရမယ် ဆိုတာလဲမသိကြပါဘူး။ လူသားမျိုးနွယ်ဝင်တွေအနေနဲ့ ဒီကပ်ဘေး ဒုက္ခတွေကလွတ်အောင် ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတာလဲမသိကြပါဘူး။ သင်သိချင်တဲ့ အဖြေကို ဒီအစီအစဉ်မှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဘုရားသခင်ရဲ့ အကာအကွယ်ကို လက်ခံရရှိခြင်းဆိုတဲ့ တခုတည်းသော နည်းလမ်းကို ရှာဖွေတွေ့ရှိပြီး၊ ဒါကသာ သင့်ကို ကပ်ဘေးဒုက္ခတွေကနေ ရှင်သန်လွတ်မြောက်စေမှာဖြစ်ပါတယ်။

အကြံပြုစာမျာ: ခရစ်ယာန် တရားဒေသနာ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း