Myanmar Christian Song (လူသားမျိုးနွယ်အပေါ် ဘုရား၏သနားခြင်း)


သနားခြင်းကို အလွန် ချစ်ခင်မြတ်နိုးခြင်းဟု အဓိပ္ပာယ်ဖွင့်နိုင်၊
သနားခြင်းကို မြတ်နိုးခြင်း၊ ကွယ်ကာခြင်းဟုလည်း ဆိုနိုင်၊
သနားခြင်းသည် မနာကျင်စေလို ခြင်းဟု အဓိပ္ပာယ်ရနိုင်၊
သနားခြင်းသည် နူးညံ့သိမ်မွေ့ခြင်းဟု အဓိပ္ပာယ်ရနိုင်၊
ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊
ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊
သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊
သနားခြင်းက သိမ်မွေ့သော မေတ္တာနှင့်ချစ်ခြင်းကို ဖော်ပြနိုင်၊
သနားခြင်းကို မစွန့်လွှတ်လိုခြင်းဟု အနက်ဖွင့်နိုင်၊
သနားခြင်းသည် လူသားအပေါ် ထားရှိသော
ဘုရား၏ကရုဏာနှင့်သည်းခံခြင်းပင်၊
ဒီစကားများ ဘုရားရဲ့စိတ်ထားနှင့်နှလုံးသားကို ဖော်ပြ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် သနားကြင်နာ၊
ဖန်ဆင်းရှင် သူတို့ပေါ် အဆုံးမဲ့ချစ်ခြင်းမျိုး ထားရှိ၊
ဖန်ဆင်းရှင်သာ လူသားအပေါ် ကရုဏာကို ပေးအပ်၊
သူ၏ဖန်ဆင်းသောအရာအားလုံးကို ချစ်ခင်မြတ်နိုးတတ်၊

Read More »

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည်၊ ဗျာဒိတ်ကျမ်းထဲမှ ပရောဖက်ပြုခဲ့သည့်အတိုင်း ဖြူသောပလ္လင်ကြီး၏ တရားစီရင်မှုဖြစ်သည်။

ကောင်းကင်ဘုံ, ခရစ်တော်, ယေရှု, သမ္မာတရား, ဧဝံဂေလိ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄: ၁၇)

“တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။” (ဗျာဒိတ်ကျမ်း ၂၀: ၁၁-၁၅)Read More »