ခရစ်ယာန်သီချင်း | ကိုယ်တော့်နောက် သစ္စာရှိစွာလိုက်ရန်

ခရစ်ယာန်, ဆုတောင်း, ယုံကြည်ခြင်း, အသက်


ယနေ့တိုင် ဘုရားသခင်ကို ယုံကြည်ရင်း
နောက်ဆုံးမှာ ကျွန်ုပ်ဟာ အလင်းတွေ့ရှိ ခဲ့ပြီ။
နှိပ်စက်ခြင်း၊ ဒုက္ခ ပြည့်နှက်တဲ့လမ်းမှာ
ကျွန်ုပ်ခရီးနှင်ခဲ့ပြီ။
ကျွန်ုပ်ထွက်ပြေးမှု ဟာဆက်တိုက် ဒုက္ခဖြစ်ပြီး
ခေါင်းချရန်နေရာမရှိ
အိပ်မရဘဲ ဆုတောင်းခဲ့တဲ့
ညများ ဘယ်လောက်ရှိပြီလဲ
ကမ္ဘာကြီး က ကျွန်ုပ်ကို ပစ်ပယ်ပြီး
အပေါင်းအဖော်များက ရှောင်ဖယ်ကြ ပါတယ်
ခါးသီးမှုနှင့် ချိုမြိန်မှု တို့ ကြား
ကျွန်ုပ် မျက်ရည်များစွာ ကျခဲ့ ရ တာ
လွတ်လပ်မှုဆိုတာ စကားလုံးသက်သက်၊
လူ့အခွင့်အရေးဟာ ဘယ်မှာများရှိသလဲ
ကျွန်ုပ်ဟာ စာတန်ကို အမှန်ပင်မုန်း တာ စာတန်ကို အမှန်ပင်မုန်း
ခရစ်တော်အာဏာ ရယူမည်အချိန်ကို ကျွန်ုပ်မျှော်လင့်မိ
ဤ လောကရဲ့ ဒုစရိုက် မှောင်မိုက် သည် ကျွန်ုပ်ကို
အိုးလူသား၏ဘဝအလင်းကို ရှာဖွေဖို့ရန် တွန်းပို့
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့်အသက် လည်း ဖြစ်
သူ့နောက်သို့ ခရီးဆုံးထိ ကျွန်ုပ်သည်လိုက်၍သွားပါမည် ။


သိုးထိန်းများကို ဘုရားသခင် အပြစ်ပေးတော်မူပြီး
ကြီးမားသော စုံစမ်းခြင်းများကို
ကျွန်ုပ်တို့ ဖြတ်ကျော်ကြသည်
တိမ်မည်းကြီးများဆင်းလာပြီး
ထိတ်လန့်စရာကောင်းလာ သည်
ကျွန်ုပ်ဟာ ကျားတွင်းထဲသို့
ကြိမ်ဖန်များစွာ ကျရောက်ခဲ့ပြီး
သေခြင်းတရားမှ လွှတ်မြောက်ခဲ့
ဘုရား၏ နူတ်ကပတ်တော်ဟာကျွန်ုပ် ကို
နှစ်သိမ့်ကာ နှလုံးသားကို ခွန်အားပေး
နှိပ်စက်နာကျင်မှုများ ခံစားပြီး ဘုရားဟာ
နှစ်သက်ဖွယ် ကောင်းကြောင်းနက်နဲစွာပင်သိ လာ
ဘုရား သည် အရာခပ်သိမ်းကို အုပ်စိုးပေမယ့်
လူတို့ ယုံကြည်မှုဟာ နုံခြာ ပါ တယ်။
လူတွေဟာ စုံစမ်းခြင်း များမှ တစ်ဆင့်
အကျိုးများစွာ ရကြတယ်။
ကျွန်ုပ်သည် စာတန်ကိုထိုးဖောက်မြင်ပြီး
အဆင်းနီတဲ့ နဂါးကြီးကိုပိုမုန်း
ရက်စက်ယုတ်မာသည့် နဂါးနီကြီးဟာ
မရေမတွက်နိုင်တဲ့
ဝိညာဉ်များစွာကို ဖျက်ဆီး၍ ဝါးမျိုခဲ့တာ။
သမ္မာတရားနှင့်အသက်ကို ပိုင်ဆိုင်ရဖို့ တော့ မလွယ်။
ဘုရား အတွက် ကျွန်ုပ်ရဲ့အချစ်ကို
အဆများစွာတိုး၍ ဘုရားရဲ့ စိတ်နှလုံးချမ်းမြေ့ စေရမယ်။


ဘုရားသခင်ရဲ့ အမှုတော်ကို ပြန်လည်အမှတ်ရကာ
ကျွန်ုပ်ကို ဘုရားက ချစ်မြတ်နိုးကြောင်းကို နက်ရှိုင်းစွာ ခံစား
ဘုရားရဲ့ စစ်ကြောစီရင်မှုကို
လက်ခံရင်း ကျွန်ုပ်စိတ်သဘောထားပြောင်းလဲ
သန့်စင်ခြင်းနှင့်ဆုံးမခြင်းကြောင့် ဖြစ်တဲ့ ဒုက္ခဆင်းရဲဟာ
ဘုရားသခင် ရဲ့ အကြောင်းကို ပိုနက်နဲစွာသိစေတယ်။
အနန္တတန်ခိုးရှင် ဘုရားသခင်ကို
ယုံကြည်နိုင်ခြင်းဟာ အမှန် ပင် မွန်မြတ်။
ဟောပြောရင်းနှင့် ဘုရားသခင်အတွက်
သက်သေခံရင်း ကျွန်ုပ်ရဲ့နှလုံးသားဟာ ငြိမ်းချမ်း
သစ္စာရှိရှိ တာဝန်ထမ်းဆောင်ရင်း နဲ့
ဆင်းရဲဒုက္ခများကြား ဝမ်းမြောက်ပျော်ရွှင်မှုရှိ
လူ့ဘဝဟာ တိုတောင်းလှ၊ ဘုရားကို
ချစ်ခင်မြတ်နိုးတာ အကြီးမားဆုံး ကောင်းချီး ပါ
ဘုရားကိုဆက်ကပ်နိုင်တဲ့ ကျွန်ုပ်နှလုံးသားမှာ ရောင့်ရဲခြင်းရှိ။
ကျွန်ုပ်အားကယ်တင်ခဲ့ပြီး
စစ်မှန်သော အသက်ပေးသူဟာ
အနန္တတန်ခိုးရှင် ဘုရားသခင်သာဖြစ် သည်
ကျွန်ုပ်ရဲ့ အမြတ်နိုးဆုံးစိတ်ကူးအိပ်မက် တွေ
လက်တွေ့ ဖြစ်လာခဲ့ပြီး
ကျွန်ုပ် သည် မနက်ဖြန်မှာဆက်လက်၍ ကြိုး စားခရီးဆက်နှင်မည်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

နောက်ထပ် အကြံပြု ဓမ္မသီချင်းများ

Myanmar Gospel song 2019 (ခရစ်တော်ကို လူတို့ဆန့်ကျင်ရခြင်းနှင့် မနာခံရခြင်း၏ အကြောင်းအရင်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s