အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော် မည်သို့ပေါ်ပေါက်လာသနည်း။

ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်, ချီဆောင်ခြင်း, ထာဝရအသက်, အသင်းတော်

ခရစ်ယာန် အသင်းတော်များကဲ့သို့ပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ ဘုရားသခင်၏အမှုသည် ဇာတိပကတိခံယူသည့်အတွက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။ သခင်ယေရှု ရုပ်သွင်နှင့် အမှုတို့ ဇာတိပကတိ ခံယူသည့်အတွက်ကြောင့် ခရစ်ယာန် အသင်းတော်များ ပေါ်ပေါက်လာ၏။ ထို့အပြင် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရုပ်သွင်နှင့် အမှုတို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာခြင်းဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ ရုပ်သွင်နှင့် အမှုတို့ ဇာတိပကတိ ခံယူသဖြင့် ခေတ်ကာလအဆက်ဆက်ရှိ အသင်းတော်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်း အဆင့်တိုင်း၏ အမှုသည် သမ္မာတရားများစွာကို ဖော်ပြကာ၊ ဘုရားသခင်ဖော်ပြသော သမ္မာတရားများကြောင့် များစွာသော လူတို့သည် ဘုရားသခင်ကို လက်ခံ၍ ဘုရားသခင်နောက် လိုက်လာကြရာမှ အသင်းတော်များ ပေါ်ပေါက်လာ၏။ ဘုရားသခင်၏အမှုကို လက်ခံ၍ ဘုရားသခင်နောက်သို့ လိုက်သော သူများကြောင့် အသင်းတော်များ ဖွဲ့စည်းခဲ့သည်ကို ဤသည်မှ တွေ့နိုင်၏။ ဘုရားသခင် ရွေးချယ်သူတို့ ဤသို့အတူတကွ စုရုံးခြင်းကို အသင်းတော်ဟု ခေါ်၏။ လွန်ခဲ့သော အနှစ်နှစ်ထောင်က လူ့ဇာတိခံယူသော သခင်ယေရှု၏ ရုပ်သွင်နှင့် အမှုတို့ကြောင့် ခရစ်ယာန် အသင်းတော်များ ပေါ်ထွက်လာ၏။ သခင်ယေရှု ဟောကြားသည်မှာ “ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။” (မဿဲ ၄:၁၇)။ ထို့နောက် သူသည် ရွေးနုတ်ခြင်းအမှု ဆောင်ရွက်၍ ကျေးဇူးတော်ကာလရှိ လူတို့ လက်တွေ့ကျင့်သုံးကာ ဆောင်ရွက်ရမည့် သမ္မာတရားများကို ထုတ်ဖော်ပြောဆို၏။ ထိုအခါ များစွာသောလူတို့ သခင်ဘုရားကို စတင်ယုံကြည်ကာ နောက်သို့ လိုက်ကြသဖြင့် ထိုအချိန်က အသင်းတော်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက်တွင် နိုင်ငံခပ်သိမ်း၊ နယ်မြေခပ်သိမ်းသို့ သခင်ယေရှု၏ ဧဝံဂေလိတရား ပျံ့နှံ့သွား၍၊ နောက်ဆုံးသောကာလအထိ ကမ္ဘာဆုံးတိုင်အောင် ပျံ့နှံသွားကာ ခရစ်ယာန်အသင်းတော်များ နိုင်ငံတိုင်းတွင် ပေါ်ထွက်လာခဲ့၏။ ၎င်းတို့မှာ ကျေးဇူးတော်ကာလ၏ အသင်းတော်များဖြစ်၏။ နောက်ဆုံးသောကာလ၏ နောက်ဆုံးအဆင့်များတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရုတ်ပြည်မတွင် ပေါ်ထွက်လာကာ အမှုထမ်းဆောင်၏။ Read More »

Advertisements