“တစ်ကြိမ် ကယ်တင်ခံရပါက၊ အမြဲတမ်း ကယ်တင်ခံရသည်” ဆိုသည့် ဖော်ပြချက်အတွက် သမ္မာကျမ်းစာဆိုင်ရာ အထောက်အထား တစ်စုံတစ်ခု ရှိပါသလား

ကောင်းကင်နိုင်ငံတော်, ချီးမွမ်းခြင်း, ဆုတောင်း, ယုံကြည်ခြင်း, သမ္မာကျမ်းစာ

ရန်းစင်း ရှန်ဒေါင်း ပြည်နယ်

နေက အနောက်ဖက်သို့ ဝင်ရောက်သွားပြီး၊ ဝင်သည့် နေ၏ နောက်ဆုံးအလင်းရောင်က ကမ္ဘာလောကအနှံ့ ဖြန့်ကျက်လျက်ရှိစဉ်၊ ကျွန်တော် အစည်းအဝေးတစ်ခုပြီးနောက် အိမ်သို့ လမ်းလျှောက် လာရင်း သင်းအုပ်ဆရာ “ သမ္မာကျမ်းစာမှာ ‘သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။’ (ရောမ ၁၀:၉-၁၁) လို့ ပြောထားတဲ့အတွက် တစ်ခါကယ်တင်ခံရဖူးရင် ကျွန်တော် တို့တွေဟာ အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင်ယေရှုကို ယုံကြည်တာနဲ့အညီ၊ ကျွန်တော်တို့ နှလုံးသားထဲက ယုံကြည်ပြီး၊ ကိုယ်တော့်ကို ကျွန်တော်တို့ နှုတ်တွေနဲ့ အသိအမှတ်ပြုသမျှကာလပတ်လုံး၊ ကျွန်တော်တို့က ကယ်တင်ခံရပြီး၊ ကျွန်တော်တို့ တစ်ကြိမ် ကယ်တင်ခံရရင် အမြဲတမ်း ကယ်တင်ခံရတယ်။ ကျွန်တော်တို့က သခင့် အတွက် အလုပ်ဆက်လုပ်နေပြီး၊ အသုံးခံနေတဲ့အပြင် အဆုံးသတ်အထိ သည်းခံသမျှကာလပတ်လုံး၊ သခင်ပြန်ကြွ လာတဲ့အချိန်မှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ချက်ခြင်း ချီဆောင်ခံရလိမ့်မယ်” ဟု ပြောခဲ့သည်ကို တွေးနေမိသည်။ ကျွန်တော်က သင်းအုပ်ဆရာ၏ စကားများကို အာမင်ဟု ပြောခဲ့ သည်၊” ဟုတ်ပါတယ်၊ ကျွန်တော်တို့ ရွေးနှုတ်ခံရဖို့အတွက် သခင်ယေရှုက ကားတိုင်မှာ သံမှိုစွဲခံခဲ့ရတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က သခင့်နာမတော်ကို ခေါ်၊ သခင့်ဆီမှာ ကျွန်တော်တို့အပြစ်တွေကို ဝန်ခံပြီး၊ နောင်တရရင်၊ ကျွန်တော်တို့ အပြစ်တွေလည်း လွတ်ငြိမ်းမှာဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရလိမ့်မယ်၊ တစ်ခါကယ်တင်ခံရဖူးရင်၊ အမြဲတမ်းကယ်တင်ခံရတယ်၊ ပြီးတော့ နောက်ပိုင်းမှာ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ဧကန်မုချ ချီဆောင်ခံရမယ်” ကျွန်တော်၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များအတွင်း ဤအမြင်ရှုထောင့်သည် မှန်ကန်သည်ဟု ကျွန်တော် အမြဲတမ်း ခိုင်မာစွာ ယုံကြည်ခဲ့သည့်အပြင်၊ တစ်ခါမျှ လုံးဝ သံသယ မဖြစ်ခဲ့ဖူးပါ။Read More »

Advertisements