Myanmar Gospel Skit (သင်းအုပ်ဆရာရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်)

ယန်ရှင်မင်သည် ဂိုဏ်းဂဏတစ်ခုရှိ အမှုတော်ထမ်းဆောင်သူဖြစ်ပြီး သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း သတ်မှတ်ပြီးနောက် သူ၏ ညီအစ်ကို မောင်နှမများအား အနန္တတန်ခိုးရှင်ဘုရားသခင်အား ယုံကြည်ရန် လမ်းညွှန်ပေးသည်။ ဤအခြင်းအရာသည် သူ၏ သင်းအုပ်ဆရာအား စိတ်မကြည်မသာဖြစ်စေခဲ့သည်။ ထို့ကြောင့် သူ၏ သင်းအုပ်ဆရာသည် သူ့အား သွေးဆောင်ရန်အတွက် ရာထူးအဆင့်အတန်း၊ ငွေတို့ကို အသုံးချပြီး ယန်ရှင်မင်းအား စစ်မှန်သည့်လမ်းကို စွန့်လွှတ်ဖို့ ခြိမ်းခြောက်ရန်အတွက် သူ့သား၏ မင်္ဂလာဆောင်ကိုလည်း အသုံးချခဲ့သည်။ သူ့သင်းအုပ်ဆရာ၏ “ကောင်းမွန်သည့်” ရည်ရွယ်ချက်တို့ကို ရင်ဆိုင်ရသည့်အခါ ယန်ရှင်မင်သည် နောက်ဆုံး၌ မည်သို့ဆုံးဖြတ်မည်နည်း။ ကျွနု်ပ်တို့သည် သခင်ကြွလာခြင်းအား ကြိုဆိုရမည့် ဤအရေးကြီးလှသည့် အချိန်တွင် ဤသင်းအုပ်ဆရာသည် ယုံကြည်သူများ စစ်မှန်သည့်လမ်းကို ရှာဖွေခြင်းအား အဘယ်ကြောင့် ပိတ်ပင်သနည်း။ သင်းအုပ်ဆရာ၏ “ကောင်းမွန်သည့်” ရည်ရွယ်ချက် ဇာတ်လမ်းတိုသည် ဤအကြောင်းအရာ၏ သမ္မာတရားကို သင်နားလည်စေရန် ကူညီပေးသည်။Read More »

Advertisements

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ကိုကယ်တင်ခြင်းနှင့် စုံလင်စေခြင်းအတွက် မည်ကဲ့သို့ တဖြည်းဖြည်း နက်နဲလာသနည်း။

ဆုတောင်း, ဘုရားသခင်, ယုံကြည်ခြင်း, ရွေးနှုတ်ခြင်း, သခင်ယေရှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားသည်၊ အဆင့်တစ်ခုစီတွင်၊ လူသားအပေါ် သင့်လျော်သည့် သတ်မှတ်ချက်များကို ချမှတ်ထားခဲ့သည်။ ထို့အပြင် ခေတ်များ ပြီးဆုံးပြီး တိုးတက်လာသည်နှင့်အမျှ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာသည်။ ထို့အတွက်ကြောင့်၊ တစ်ဆင့်ချင်းစီသွားခြင်းဖြင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှုအလုပ်က အထွတ်အထိပ်သို့ ရောက်ရှိလာသည်မှာ လူသားသည် “ လူ့ဇာတိထဲတွင် နှုတ်ကပတ်တော်၏ ပေါ်ထွန်းလာခြင်း” ဆိုသည့်အချက်ကို ရှုမြင်လာသည်အထိဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့် လူသားများအပေါ် သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာကာ၊ လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကလည်း သာ၍ပင် မြင့်မားလာသည်။… ယခင်က၊ လူသားသည် ပညတ်တော်များ၊ ဥပဒေသများနှင့်အညီ လိုက်နာရန်လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံပြီး စိတ်နှိမ့်ချရန်လည်း လိုအပ်ခဲ့သည်။ ယနေ့တွင်၊ လူသားသည် ဘုရားသခင်၏ စီစဉ်မှု အားလုံးကို လိုက်နာရန်လိုအပ်ပြီး၊ ဘုရားသခင်၏ ချစ်မေတ္တာ အထွတ်အထိပ်ကို လယ်ဝယ်ရှိထားရန်နှင့် ဆင်းရဲဒုက္ခအလယ် ရောက်ရှိစဉ်တွင် ဘုရားသခင်ကို ဆက်လက်ချစ်မြတ်နိုးရန် အဆုံးစွန် လိုအပ်သည်။ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးတွင်၊ ဤအဆင့်သုံးဆင့်မှာ ဘုရားသခင်က လူသားအပေါ် ပြဋ္ဌာန်းထားသော တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်စေသည့် သတ်မှတ်ချက်များဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်တစ်ဆင့်စီသည် ယခင်ကထက် ပိုနက်နဲလာပြီး၊ အဆင့်တစ်ဆင့်စီတွင် လူသားအပေါ် သတ်မှတ်ချက်များက ယခင်ကထက်ပို၍ လေးနက်လာသည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးက တဖြည်းဖြည်းနှင့် ပုံစံကျလာသည်။ ယင်းမှာ လူသားအပေါ် သတ်မှတ်ချက်များသည် ခါတိုင်းထက် မြင့်မားနေပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင် အလိုတော်ရှိသော စံညွှန်းများနှင့် သာ၍ နီးစပ်လာသောကြောင့် အတိအကျဖြစ်သည်။ ထို့နောက်တွင်သာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ တစ်ဖြည်းဖြည်း ခွဲခွာလာပြီး၊ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံသော အဆုံးသို့ရောက်သောအခါ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ပြီးဖြစ်လိမ့်မည်။Read More »