ဘုရားသခင်၏ စကားတော် | သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)

ဘုရားသခင်, ယေရှု, သမ္မာကျမ်းစာ, အသင်းတော်, ဧဝံဂေလိ

လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်နိုင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုနိုင်လျှင် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း လက်တွေ့မှာ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်းဝင် မှတ်တမ်းသက်သက်ဖြစ်ပြီး ဘုရားသခင်၏ ယခင်တုန်းက လုပ်ဆောင်မှု၏ အဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်လျက်၊ ဘုရားသခင် လုပ်ဆောင်မှု၏ ရည်မှန်းချက်များကို သင်နားလည်ဖို့ ကမ်းလှမ်းချက် တစ်ခုမျှမပါဟူသည့် သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလ နိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းမှု အချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါသည့် ကမ္ဘာကြီးပေါ်မှ ယေရှု၏ လုပ်ဆောင်ချက်ကို လည်းကောင်း၊ ပေါလု၏ လုပ်ဆောင်ချက်ကို လည်းကောင်း ဖော်ပြထားရာ၊ ၎င်းတို့သည် သမိုင်း မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ ယူဆောင်လာမှုက ၎င်းတို့ကို သမိုင်းလုပ်ပစ်သည်၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်ပြီး လက်တွေ့ကျနေပါစေ၊ ၎င်းတို့သည် သမိုင်းဖြစ်နေတုန်းပင်ဖြစ်ပြီး၊ သမိုင်းဆိုသည်မှာ ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ အကြောင်းမှာ ဘုရားသခင်သည် သမိုင်းဆီ ပြန်မကြည့်၍ပင် ဖြစ်သည်။။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် လုပ်ဆောင်မှုအကြောင်း ဘာမျှမသိဘူးဆိုလျှင်၊ ထို့အပြင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရှာကြံဘူး ဆိုလျှင်၊ သင်သည် ဘုရားသခင်အား ရှာဖွေမှုဆိုသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သမ္မာကျမ်းစာကို သင်ဖတ်ရှုသည်က ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်ကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့ပုံသမိုင်းကို သုတေသနပြုရန်အတွက် ဆိုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်သောကြောင့်၊ ဘုရားသခင်၏ အသိပညာများကို လိုက်စားပြီး အသက်မရှိကြတော့သည့် စကားလုံးများနှင့် အယူဝါဒများကို သို့မဟုတ် သမိုင်းအား နားလည်မှုကို မလိုက်စားသောကြောင့်၊ သင်သည် ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ လမ်းညွှန်ချက်ကို ရှာကြံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်း ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ တစ်ယောက် ဖြစ်သည်၊ သင့်အတွက် အကောင်းဆုံးမှာ ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာကြံရန်ပင်ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့်၊ အများဆုံးအနေနှင့် သင်သည် ဣသရေလ၏ သမိုင်းကို အနည်းငယ် နားလည်လာပြီး အာဗြဟံ၊ ဒါဝိဒ်နှင့် မောရှေတို့၏ ဘဝများကို သိလာလျက်၊ သူတို့က ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံ၊ ယေဟောဝါက သူ့ကို ဆန့်ကျင်ခဲ့ကြသူတို့အား မီးရှို့ပစ်ခဲ့ပုံနှင့် ထိုခေတ်ကာလမှ လူများနှင့် ယေဟောဝါတို့ စကားပြောဆိုခဲ့ပုံကို သိလာလိမ့်မည်။ အတိတ်ကာလတုန်းက ဘုရားသခင်၏ လုပ်ဆောင်မှု အကြောင်းကိုသာ သင်ရှာတွေ့လိမ့်မည်။ သမ္မာကျမ်းစာထဲက မှတ်တမ်းများသည် ဣသရေလ နိုင်ငံတွင် ခေတ်ဦးကာလလူများ ဘုရားသခင်အား မည်သို့ ရိုသေလေးမြတ်ခဲ့ကြပုံနှင့် ယေဟောဝါ၏ လမ်းညွှန်မှုအောက်၌ မည်သို့ နေထိုင်ခဲ့ကြပုံတို့နှင့် သက်ဆိုင်သည်။ ဣသရေလ လူမျိုးများသည် ဘုရားသခင်၏ ရွေးချယ်ခံ လူများ ဖြစ်ခဲ့ကြ၍၊ သင်သည် ဓမ္မဟောင်းကျမ်းထဲတွင် ဣသရေလ လူမျိုးများ အားလုံးက ယေဟောဝါအား သစ္စာရှိခဲ့ကြပုံ၊ ယေဟောဝါကို နာခံခဲ့ကြသူ အားလုံးတို့ကို သူက စောင့်မပေးလျက် ကောင်းချီးမင်္ဂလာ ပေးခဲ့ပုံကို မြင်တွေ့ရမည် ဖြစ်ပြီး၊ ဘုရားသခင်က ဣသရေလ နိုင်ငံတွင် အမှုပြုခဲ့စဉ် သူသည် ဂရုဏာနှင့် မေတ္တာတရားများဖြင့် ပြည့်နေခဲ့ပြီး လောင်သောမီးတောက်များ အားလုံးကို ပိုင်ဆိုင်ခဲ့လျက် ဣသရေလ လူမျိုးအားလုံး၊ အနိမ့်ဆုံးမှအစ စွမ်းပကား အရှိဆုံးအထိ၊ ယေဟောဝါကို ရိုသေလေးမြတ်ခဲ့ကြပုံကိုပါ မြင်ရမည်ဖြစ်သည်၊ ထိုသို့ကြောင့် တစ်နိုင်လုံးကို ဘုရားသခင်က ကောင်းချီးမင်္ဂလာ ပေးခဲ့ခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် ဣသရေလ၏ သမိုင်းက ထိုသို့ရှိသည်။Read More »

Advertisements